Posted by: zawmyohtet123 | September 12, 2010
သင်လည်းကြုံတွေ့ရလေအုံးမည်………
တစ်နေ့ကျွန်တော် Gifts ဆိုင်အနီးဖြတ်လျောက်မိစဉ်တုန်းကပေါ့…..
ကလေးမလေးတစ်ယောက် ငယ်သံပါအောင်ငိုသံကြားတာနဲ့လှဲ့ကြည့် မိတယ်။ကလးမလေးက
သူထက်ပင်မက ကြီးမားလှတဲ့ ၀က်ဝံရုပ်ကြီးကို မလွတ်တမ်းပွေ့ဖက်ထားပြီး ပုံပုံကြီးထိုင်ကာ ဗြဲကနဲ ဗြဲကနဲ အော်အော်ငိုတယ်။ မိခင်လုပ်သူက အရုပ်ကိုဆွဲယူနေတယ်။သူ့သမီးကိုဝယ်ပေးရလောက်
အောင် ပိုက်ဆံမရှိပါ ။ ကလေးကတော့ သူ့အရုပ်ကလေးဖြစ်သည့်နယ်….မလွတ်။ သူအရမ်းလိုချင်နေပြီလေ။
နောက်ဆုံးတော့ အရုပ်က သူ့အမေလုပ်သူလက်ထဲ ကားကားကလေး ပါသွားရှာလေပြီ။ အမေက အရုပ်ကို ကောင်တာပေါ်ပြန်တင်ထားပေးခဲ့ပြီး ကလေးကိုပွေ့ချီကာ
ခပ်သွက်သွက်ထွက်သွားလေတော့သည်။ ကလေးကတော့ အဆက်မပြက်ငိုကာ ပါသွားလေသည်။
သြော် ကလေးဟာ သူ့ပစ္စည်းမဟုတ်မှန်း သိသော်လည်း သူလိုချင်တာမရခဲ့ရင် ငိုသကိုး ။ ။
တစ်နေ့ ကျွန်တော့်သူငယ်ချင်း စိုးမောင်တစ်ယောက် ညနေခင်းအပုပ်ချိန်ကြီးမှာ ကျွန်တော့်ဆီ ဆိုင်းမဆင့်ဗုံမဆင့်ကြီးပေါက်ချလာတယ် ။သူ့မျက်နှာက တိမ်းဖုံးခံရတဲ့လလို ညိုမှောင်နေတယ်။
ပြိုတော့မဲ့ မိုးလိုလို ။သူ ကျွန်တော့်ဘေးမှာ ငူငူကြီးလာထိုင်တယ်။ဘာစကားမှလည်းမဆို။
မရမကမေးတော့ မှ….. သကောင့်သားက ငိုသံကြီးနဲ့ သူ့ဖြစ်ကြောင်းရယ်ကုန်စင်ကို နှပ်ကို ရူံ့ကာ ရူံ့ကာ ပြောပြလေတော့တယ်။
သူ့ ဖြစ်ပုံက …သူကကောင်မလေးတစ်ယောက်ကို အရမ်းချစ် ၊ အရမ်းမြတ်နိုး တန်ဖိုးထားတယ်။ သူ ကောင်မလေးနောက်ကို နေ့တိုင်နီးပါး လိုက်တယ်။ လိုက်တယ်။ အစကတော့ ကောင်မလေးက သူ့ကို မျက်နှာပေးသလိုမျိုးရှိတယ်။ သူလည်း ok ပြီထင်ထားတာပေါ့။ တော်တော်အခြေအနေ
တိုးတက်နေပြီဖြစ်ကြောင်း ၊ သူ ခု ဘယ်အခြေကို ရောက်ဆိုက်နေပြီဖြစ်ကြောင်း နေ့တိုင်းနေ့တိုင်း ကျွန်တော့်ဆီ ပေါက်ပေါက်လာကာ ဖောက်သည်ချလေသည်။
ရုတ်တရက်ဗြုန်းဒိုင်းကြီးဆိုသလိုပဲ…ကောင်မလေးက သူ့ကို ပြန်မချစ်နိုင်ကြောင်း၊ သူ့မှာက ချစ်ဦးသူရှိပြီးသားဖြစ်ကြောင်း ပြောပြီး သူ့အချစ်ကို တစ်စစီတစ်စစီ နင်းချွေပြစ်လိုက်ကြောင်း ပြောအပြီးမှာမျက်နှာကြီးကို လက်နဲ့အုပ်ပြီးသကာလဟီးကနဲ ဟီးကနဲငယ်သံပါအောင်အစ်၍အစ်၍
ငိုတော့တာပဲ ။
သြော် ခု ကျုပ်သူငယ်ချင်း အသက် ၂၂ နှစ်ကျော်သည်လည်း သူပိုင်ပစ္စည်းမဟုတ်မှန်းသိပါလျက်နဲ့….သူလိုချင်တာမရတဲ့အခါ ငိုသတဲ့ ။
‘’If you have got nothing, you have nothing to lose’’ ။ ဆိုတဲ့စကား ကိုကျွန်တော်ဘ၀င် သိပ်ကြ မိပါသည် ။ မင်းမှာဘာတစ်ခုမှ မရှိခဲ့တာ….ဘာများဆုံးရူံးစရာ ရှိလဲ တဲ့ ။ ဒီစာသားလေးကို
ကျွန်ခပ်ငယ်ငယ်က Titanic ရုပ်ရှင်ဇာတ်ကား ကြည့်ရင်းက ရခဲ့တဲ့စကားဖြစ်သည်။ထိုစဉ်ကတော့
သိပ်နားမလည်ခဲ့။ ဤစာသား၏ အဓိပါယ်ကို တိုက်ဆိုင်တိုင်း သတိရ ရေရွတ်ခဲ့မိပေါင်းများရာမှ တစ်နေ့သောတစ်ချိန်မှာ ဘ၀င်အခိုက်ကြီးခိုက်အောင် သဘောကြမိချင်း ဖြစ်သည်။
စာတစ်လုံး၊ စာတစ်ကြောင်းသည် ကျွန်ုပ်တို့ဘ၀ပေါင်းများစွာကိုများစွာပြောင်းလဲပစ်နိုင် လေသည်။ဤစာကြောင်းကြောင့် ကျွန်တော့် attitude ၊ တနည်းကျွန်တော့်ဘ၀ကိုများစွာ
အပြောင်းလဲကြီး ဖြစ်စေပါသည်။ တစ်ချို့ဆုံးရူံးမူတွေကို အတော်လေး ခံနိုင်ရည် ရှိခဲ့သည်။
နောင်လာမည်ဖြစ်သော ဆုံးရူံးမူအပေါင်းကိုလည်း ခံနိုင်ရည်ရှိအောင် အနည်းနှင့်အများ အထောက်အကူဖြစ်စေလေသည်။ အဆင်သင့်ဖြစ်နေစေလေသည်။
ကျွန်တော်အတွက်အကျိုးရှိသလို…အများကိုလည်း အကျိုးရှိစေသည်မှာ ကျွန်ုပ်“၏စေတနာဖြစ်တော့သည်။
လောင်းကစားဝိုင်းကို ကျပ်၁၀၀၀ နှင့် ၀င်ထိုင်မိသော သူသည်…အစပိုင်း သူအများကြီးနိုင်နေသည်။ ကျပ်၈၀၀၀ မှတဖြည်းဖြည်းနှင့် ကျပ် ၁၀၀၀၀၀ ထိပင်နိုင်လေသည်။ သို့သော် သူ့လောဘကို မဖြတ်နိုင် ။ ဆက်၍ လောင်းသည်။ တစတစ ပြန်ပါသွားသည်။ အဲဒီရူံးတာလေးကို ကာမိအောင် ဆက်လုပ်ရင်းက…မိမိပါ လာသည် ၁၀၀၀ သာပြန်ရလိုက်သည်။ အဲဒီအခါ…ထိုသူမှာ များစွာသောပူပင်ကြောင့်ကြမှုဖြစ်ရတယ် ။ အရမ်းဝမ်းနည်းနေရတယ်။ ဘာလို့လဲဆို….သူရခဲ့တဲ့ ၁၀၀၀၀၀ ထိသောငွေကို သူပိုင်ငွေဟုမြင်နေ၍ တည်း ။ တောက် ငါ ငွေ ၁၀၀၀၀၀ ရတုန်းက ဖြစ်ပစ်ရမှာ..ခုတော့ ။ အို ငါဘာရူံလည်း ….ငါပါတာက ငွေ ၁၀၀၀ ပဲဟာ…။လို့ဖြေနိုင်သူသည်သာ စိတ်ညစ်ခြင်းမှ လွတ်ပေလိမ့်မည်တည်း ။
အဲ လိုဆင်တူဖြစ်ရပ်မျိုးတွေကျွန်တော်တို့ဘစမှာပြည့်၍နေလေသတည်း ။မိမိရဲ့ဘ၀လက်တွဲဖော်
အဖြစ် ရည်ရွယ်ထားတဲ့ချစ်သူက မိမိကိုခွဲခွာသွားတဲ့အခါ…..
သင်တက်ချင်တဲ့တက္ကသိုလ်တစ်ခုကို သင်မတက်လိုက်ရ တဲ့အခါ…
သင် အလုပ်စာမေးပွဲ (သင်ပိုင်မဟုတ်သေးတဲ့) မအောင်တဲ့အခါ…
လက်ရှိပိုင်ဆိုင်နေတဲ့ပစ္စည်းဥစ္စာ တွေ ဆုံးပါးသွားတဲ့အခါ……..
ဘ၀မှာကိုဖြစ်ချင်တာတွေဖြစ်မလာ ရတဲ့အခါ….
…………………….တဲ့အခါ….တဲ့အခါ …..။
သင်စိုးရိမ်နေသင့်သလား ။ ငိုကြွေးမည်တမ်းနေတာ ဖြစ်သင့်လား ။ ကိုယ်ကိုကို စိတ်အဆင်းရဲကြီး ဆင်းရဲအောင် လုပ်နေသင့်သလား ။ ကိုယ်ဆုံးရုံးခဲ့ရဘူးတဲ့ အရာတစ်ခုကို တိုက်ဆိုင်တိုင်း တွေးတွေး ၀မ်းနည်းနေသင့်သလား။……သလား…..သလား…။
ကျွန်တော်တို့မွေးတုန်းက ဘာများပါလာခဲ့လို့လဲဗျာ………။
မင်းမှာဘာတစ်ခုမှ မရှိခဲ့တာ….ဘာများဆုံးရူံးစရာ ရှိလဲ ဗျာ။
သြော် ကလေးဟာ သူ့ပိုင်ပစ္စည်းမဟုတ်မှန်း သိသော်လည်း သူလိုချင်တာမရခဲ့ရင် ဘာလုပ်သလဲ ….
ငိုတယ် ။
သင်ဆိုရင်ရော…?
Responses
  1. အင်း…ငိုခဲ့ဖူးတယ်။ အတော်ကို အသည်းအသန်ငိုခဲ့ဖူးတယ်။ ၂၀၀၂ လောက်က။ ဘယ်လိုမှပြောင်းလဲခွင့်မရတဲ့ အရာတစ်ခုအတွက် ငိုခဲ့တယ်။ အခုအချိန်မှာတော့…ဘာမှမဟုတ်သလိုပဲ။ အခုတော့ မငိုတတ်တော့ဘူး။
    • ငို ခဲ့ဖူးတယ် လား ။ အတော်ကို အသည်းအသန်ငိုခဲ့တယ် လား ။ အင်း …အမ က လုံးဝ normal ပဲ။ normal မဟုတ်တာက ခုစာကိုရေးတဲ့သူ လေ ။
      တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ် ။
      ဆုံးရှုံးတာဝမ်းနည်းစရာလား ..။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s
Categories
%d bloggers like this: