Posted by: zawmyohtet123 | January 26, 2011

သူ …ကျွန်မတို့ ချစ်သော….

စာသင်ခန်း ပူအုံအိုက်အတွင်းမှာ  စိတ်မပါ့တပါ ၀င်ထိုက်ကာ   အတန်းရှေ့က ဆရာတစ်ယောက်၏ နှုတ်မှ    ကျွန်မတို့ သေသေချာချာ အဓိပါယ်နားမလည်သော ၊     မျက်စိထဲမြင်ယောင်ကြည့်ရန်ခဲခက်သော  စာတွေကို ရပ်တန့်ခြင်းအလျဉ်းမရှိ      ခရားရေလွတ်တစ်တွတ်တွတ်       အန်ထုတ်လိုက်သည့်စကားလုံးတွေနောက်       ရသမျှ ကို      အပြေးအလွှား     အမောတကော လိုက်ကောက်ယူ     စုဆောင်း    မှတ်သား    သိုမှီး ရင်း     အချိန် တစ်နာမှ နောက်တစ်နာရီ     ကုန်ဆုံးစေကာ      ကျောင်းဆင်းမှ ခေါင်းက အုံခဲခဲကျန်ရစ်ကာ ဘာမှ မသိတော့တာမျိုး ဖြစ်ရ ၊ စိတ်ညစ်ရသည် တို့ကို    တက္ကသိုလ် ပထမနှစ်ကျောင်းသူ ကျွန်မ ကောင်းကောင်းကြီးမြည်းခွင့်ရလေပြီ ။  ကျွန်မတို့ကျောင်းက မိန်းကလေးအများစု တက်ရောက်သည့် သူနာပြုတက္ကသိုလ် ၊မန္တလေး ။

စာတွေက များရ ၊ ရှုပ်ထွေးရသည့်အထဲ      သင်သည့်ဆရာက စာတွေချည်းပြောပြသွားသောအခါ      ကျွန်မ၏ မျက်တောင်တွေသည် စင်းကနဲ ၊      လက်ချာမှ မဆုံးသေးခင်     နဖူးပြင် နှင့် စာရေးခုံ သည် ”ဒုံး ” ခနဲ ။ လူလည်း အိပ်ပျော်တစ်ဝက်မှ ဆတ်ခနဲ လန့်နိုး ။ မိမိအဖြစ်ကို ဘေးမှ ၊ နောက်မှ သူငယ်ချင်းတွေ မြင်တွေ့သွားမှာ ဆိုး သည်ကြောင့်လည်း မသိမသာ စောင်းငဲ့ရင်း  အရှက်ပြေ ပြုံးပြ ရ။  ကိုယ်နေဟန်ထားကို ပြန်ပြင်ရင်း ၊ ခါးကိုမတ် ၊ အောက်ဘက်ကို ပြေလျော့ကျနေသည့် ဆံစ ကို သပ်တင်ကာ အတန်းရှေ့ white board     ကြီးပေါ်မှာ Marker pen  နဲ့ ရေးချထားသည့်  ( ကျွန်မ သတိလွတ်သွား၍ နားမလည်လိုက်တော့သည့် ) စာများ၊   equations များ ၊ formula  များ  ၊  ကျွန်မမရင်းနီးသေးသည့်   latin စကားလုံးများ ကိုမြင်ရ ၊ ထို့ပြင်  မိုက်ကြီးကို ဟန်ပါပါ ခဲထားသောလည်း  အနိမ့်အမြင့် အလျော့အတိုး မရှိသည့် အသံဖြင့် (mono tone ဖြင့်)  စာ  သင်နေသော အသံကိုကြားရပြန်တော့ အရှက် ကို မငဲ့ နိုင် ၊  အကြောက်နှင့် အားနာမှုအလျင်းမရှိတော့ဘဲ မျက်တောင် က တစ်ဖန် ပြန်၍ စင်း ခနဲ…။

ထိုဘာသာရပ်တွေက english လို သင်ရ၍ နားလည်ရန်မလွယ်သဖြင့် ပျင်းစရာကောင်းသွားတာကို ထားအုံး ။   မြန်မာလို သင်ရ ဖတ်ရသည့် မြန်မာစာကိုပင် စိတ်ဝင်စားဖွယ် မသင်ပြတတ်ပါက အင်မတန် ငြီးငွေ့စရာ ကောင်းသွားတတ်သေးသည်မဟုတ်လော ။ ဆရာနှင့် တပည့် အဆက်အဆံ အသွားအပြန်နည်းလှသော စာသင်ကြားနည်း (one way teaching ) ကြောင့် ပို၍ ငြီးငွေ့စရာကောင်းသွားဟန်တူသည် ။ ကျွန်မတစ်ယောက်တည်း ထိုသို့ဖြစ်နေတာလားဆိုတော့လည်းမဟုတ် ။ ကျွန်မ နှင့် အတူထိုင်သည့် အတန်းဖော်တွေလည်း ထို့နည်း လည်းကောင်း ။

ထိုပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့်  စာသင်ကြားမှု ပုံစံကို အလဲထိုးချပစ်သည့် ဆရာကြီးတစ်ယောက်  (ကံကောင်းထောက်မစွာ)  ကျွန်မတို့ ကြုံခဲ့ရလေသည် ။  သူ ကား မြန်မာစာ သင်ကြားပေးသော မြန်မာစာကထိက ဌာနမှူး ဆရာကြီး ဦးစိန်ဝင်း ။

ဆရာကြီးက အသက် 5၀ အရွယ် ၊ လူလုံး လူဖန်ခပ်သေးသေး ပါးပါး  ပု ပု ။ အသားညိုတာထက် မည်းသည့် ဘက်ကို ပိုသန်းသည်ထင်ပါသည်။ မည်းပေမဲ့ချော့ကလက်ဖြစ်ကြောင်း နောင်တွင်တွေ့ရလေသည် ။ ဆရာကြီးသည်  ကထိကဌာနမှူးတစ်ယောက်ဖြစ်သော်လည်း ကထိကကြီးတစ်ယောက်လို ဟိတ်မရှိ ဟန်မရှိ ။ အသက် 50 အရွယ်ဖြစ်သော်လည်း ကျွန်မတို့ ရဲ့ သူငယ်ချင်း ။ ရုပ်ရည်သန့်သန့်ပြန့်ပြန်မဟုတ်သော်လည်း ဆရာ့မျက်နှုာသည် အမြဲကြည်ညိုစရာ ။ မြန်မာစာဌာန နှင့် အခြားသော ဌာန ရှိဆရာ ၊ဆရာမများ အချို့ထက် အသက်အ ရွယ်ကြီး သော ၊ ထို့ပြင် မြန်မာစာဌာနတွင် ရာထူးအကြီးဆုံးဖြစ်သော်လည်း  လက်အောက်ငယ်သား ဆရာများလောက်ပင် ကြောက်စရာ မလို  ၊ လွတ်လပ်ပေါ့ပါး သည့် ဆရာ ။ ရိုးသာသော၊ စေတနာထားသော အရိပ်အယောင်များ မျက်နှာ ညိုမည်းမည်းပေါ်တွင် အထင်းသား ပေါ်လွင်နေသည့် ဆရာ ။ စာသင် အင်မတန်ကောင်းသည့် ဆရာ ။ ငွေကြေးမပြည့်စုံသော်လည်းဆရာကောင်းတစ်ယောက်၏ အရည်အချင်းတွေသူ့မှာ အပြည့်  နှင့် ဆရာ ။

ကျွန်မမှတ်မိပါသေးသည် ။ ပထမဆုံးစာသင်ရက်က  ဆရာက စာသင်ခန်းတွင်းကို ခပ်အေးအေးလူလူပင် ၀င်လာသည် ။ ကျွန်မတို့ကလည်း မြန်မာစာ ဌာနမှူးစာလာသင်မည်  သတင်းကြားကတည်းက အနေကခပ်ကြုံ့ကြုံ့ ဖြစ်ချင်နေပြီ ။ မလှုပ်ရဲ ၊ အသံမထွက်ရဲ ။ သူ့လက်ထဲကိုင်လာတာက ဖတ်လက်စ မြန်မာဝတ္ထုစာအုပ်တစ်အုပ် ၊ ရောက်သည့်နေရာကို လက်ညှိုးရှို ထားသည်။  စာသင်ခန်းတွင်းရောက်လျှင်ရောက်ချင်း stage ပေါ်ရှိ စားပွဲပေါ် တစ်စောင်းလွှဲထိုင်လိုက်သည် ။ ( ထိုင်ရန် ထိုင်ခုံပေးထားပါလျက်နှင့် ) ။  ဘေးတွင် ချပေးထားသည့် မိုက်ကရိုဖုန်းကို ကောက်ကိုင်ကာ မိမိကိုယ်မိမိ  မိတ်ဆတ်ပေးသည် ။ ဆဏတွင်းချင်းမှာပင် ဆရာ ကြိးနှင့် ကျွန်မတို့  ရင်ဘက်ချင်း ဂျပ်ပင်ထိုး မိကြပြီ ။ ခဏလေးမှာပင် ကျွန်မတို့ တင်းနေ ကြပ်နေသည့်စိတ်တွေ က ပြေလျော့ကျကုန်သည် ။ လှုပ်ရဲ လျားရဲ ၊ ဖြစ်လာသည် ။ ဆရာက သူတစ်ယောက်တည်း မပြော ။ ကျွန်မတို့ကျောင်းသူကျောင်းသားတွေကို ပါ အပြန်အလှန်ပြောခွင့်ပေးသည် ။ အချိန်တစ်နာရီပြီးတစ်နာရီ ဆရာမတွေ ပြောတာကိုပဲနားထောင်လာရသည့် ကျွန်မတို့မိန်းကလေးတွေ ၊ စကားမပြောရရင် လေဖြတ်တော့မတတ် ၊  ပေါက်ကွဲထွက်မတတ်ဖြစ်တတ်သည့် ကျွန်မတို့တွေ အဖို့ စိတ်ထွက်ပေါက်ရလေပြီ ။ စာသင်ပထမနေ့က     ဖွင့်ထားလက်စ မြန်မာစာ ပြဌာန်းစာအုပ် ကို မထိလိုက်ရပါခြေ ။ ကျွန်မတို့ ကို စာရွက်ထဲမှာ မိမိအကြောင်း နှင့် အနှစ်သက်ဆုံးစာရေးဆရာ ၊ ဖတ်ခဲ့ဖူးသော စာအုပ်အရေအတွက်၊ ထိုထဲကမှ မိမိအကြိုက်ဆုံးဝတ္ထုအမည် နှင့် ထို ၀တ္ထု၏ အကျဉ်း နှင့် ဘာကြောင့် ကြိုက်နှစ်သက်ရသည်ကိုပါ ရေးခိုင်းသည်  ။  ဆရာ့လက်ချာချိန်သာကျော်လွန်သွားသည် ။ ကျွန်မတို့ပျင်းရိငြီးငွေ့ချိန်မရလိုက် ။ ကျွန်မတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရသော interactive learning  ပုံစံကို  လက်တွေ့  ပြသသွားလေသည် ။

နောက်နေ့တွေ မြန်မာစာသင်ချိန် ဆရာကြီးဝင်ရတိုင်း ( တစ်ခါတစ်ရံ  ဆရာငယ်တွေလာသင်ခိုင်းသည်) stage ပေါ်ရှိ စားပွဲပေါ် တင်ပလ္လင်ခွေပြီးထိုင်ကာ   ”ကိုင်းငါ့တပည့်တို့ စလိုက်ကြရအောင် ”  အစချီကာ သူဖတ်ခဲ့ရသည့် စာတစ်အုပ်ထဲမှ (စာတိုထဲမှ ဖြစ်စေ ၊ ၀တ္ထု ထဲမှဖြစ်စေ)အရေးအသားကောင်းမွန်ပုံ ၊  ဇာတ်ကောင်တွေအကြောင်း ၊ ဇာတ်လမ်းဖွဲ့စည်းပုံ ၊ ဇာတ်ကောင်၏ စရိုက် တွေကို ပါ ထုတ်နှုတ်ပြောပြသွားသည်  ။ ဆရာက အပြောလည်းကောင်း တော့ ကျွန်မတို့ အာရုံက သူ့ပေါ်မှာ ပြုံကျနေသည် ။ အရွှန်းလည်းဖောက်သည် ။ ကျွန်မတို့ ”၀ါးခနဲ” အားရပါးရရယ်ကြရသည် ။ ”ဟေး ”ခနဲ အော်ကြဟစ်ကြသည် ။ ဆရာရဲ့ ၀တ္ထုဇာတ်ကြောင်းလည်းပြီးသွားသည့်အခါ  ……

” ကိုင်း ခုနက  ဆရာ ပြောပြသွားသလိုပဲ မင်းတို့ကိုပေးထားတဲ့ ပြဌာန်းစာအုပ်ထဲက စကားပြေတစ်ပုဒ်လောက်ကို ဖတ်ပြီး ဇာတ်ကောင်တွေ အကြောင်း နဲ့ စရိုက်သဘာဝ ၊ရည်ရွယ်ချက်ကို ကိုယ့်ဘာကိုယ် ဖတ်ပြီး ထုတ်ကြည့်ပါ ။ မင်းတို့အကုန်လုံး မြန်မာတွေချည်းမဟုတ်လား …ဟဲဟဲ”   ။       ဆိုပြီး သူ့လက်ချာကိုသိမ်းလေသည် ။

ဆရာက စာဖတ်နာသည့် စာသမားဖြစ်သည့်အလျောက် ဗဟုသတ အထူးပြည့်စုံသည် ။  ကြုံရင်ကြုံသလို စာရေးဆရာကြီးများ အကြောင်းကို ပြောပြတတ်သည် ။ အားကျအတုယူဖွယ် စရိုက် နှင့် အမှုအကျင့်ကောင်းများကို လက်ညှိုးထိုးထောက်ပြသည် ။ ရယ်စရာ ဘ၀အမောပြေစရာများလည်း ပါသည် ။ ၀မ်းနည်းစရာ လွမ်းဆွတ်ဖွယ်ရာလည်းပါသည် ။  သာဓုဆိုတာက ဘယ်လိုမျိုး ၊ ဆရာကြီး ရွှေဥဒေါင်းကတော့ ဘယ့်နှယ်၊ ငွေတာရီ ၊ ဥိးဖေမောင်တင် ၊ ဒဂုန်တာရာ ၊ ဆရာတင်မိုး ၊ နေ၀င်းမြင့် တို့ အကြောင်း သုတ ရဖွယ် အတုယူဖွယ် ပြောပြတော့ တစ်ထောင့်တစ်ည ပုံပြင်တွေကို နားထောင်နေရသလို ။ ဖတ်သင့် ဖတ်ထိုက် သည့် စာအုပ်များကို လည်း ညွှန်ပြပေးသည် ။ (ထိုစဉ်က စာအုပ်ထဲလိုက်မှတ်သားထားသော်လည်း ခု ချိန်ပြန်ရှာဖတ်မယ်လုပ်တော့ မတွေ့တော့ပြီ)  ။  ဆရာကြီး၏ အဟောအပြော အသင်အပြ လမ်းညွှန်ကောင်းမှုတို့ကြောင့် ကျွန်မသည် ကျောင်းစာကြည့်တိုက်ထဲမှ စာအုပ်အတော်များများ ဖတ်ဖြစ်ခဲ့ ။ အရသာခံတတ်ခဲ့ရသည် ။

ဆရာကြီးသင်ရမည့်အချိန်ဆို လျင် ကျွန်မတို့ အလိုလို ပျော်နေတတ်သည် ။ ဆရာကြိး စာသင်ခန်းအတွင်းဝင်အလာကို မျော် နေတတ်သည် ။ ဘာကြောင့်နည်း ။ ဆရာက တခြားသော ဆရာတွေလိုမဟုတ် ။ တင်းတင်းကြပ်ကြပ် မထား ။ သူ့  သင်ပြနည်းကလည်း သူများတွေလို မဟုတ် ၊ တမူထူးသည် ။  တခြားသောဆရာတွေက စာသင်ချိန်တွင် ကျွန်မတို့ကို ငြိမ်နားထောင်၊ စကားမပြောနဲ့ တားမြစ်သလောက် ဆရာက ကျွန်မတို့ကို စကားပြောခွင့် လွတ်လပ်စွာတွေးတောခွင့် ငြင်းခွင့် ပေးထားသည်။ ဆရာကစကားတစ်ခွန်း ပြော၍ ငြင်းစရာရှိပါက ချက်ချင်းလက်ထောင်ကာ အော်ကြဟစ်ကြလို့ရသည် ။ ဟုတ်သွားပါကလည်း ဟေးခနဲ တညီတညာ အော်ကြသည် က ပျော်စရာ ။ အတန်း၏မည်သည့် နေရာမှ တပည့်ကျောင်းသားမဆို ဆရာကြီးကို လက်ထောင်ကာ လှမ်းမပြောဝံ့သူမရှိ ။ဆရာနှင့်တပည့်အကြား အကြောက်တရား သုည ။ အဆင့်အတန်း ကွာခြားချက်မထား ။အကြောက်တရား မလွှမ်းမိုးသော စာသင်ကြားမှုသည် ဥာဏ်ကွန့်မြူးလေသည်။ အတွေးတွေ ဆန့် ထုတ်နို်င်လေသည် ။ ဆရာ့ကို မကြောက်ကြသော်လည်း ချစ်ကြသည်။ ရိုသေလေးစားကြသည်။

ဆရာက တက္ကသိုလ် ရောက်နေသည့် ကျွန်မတို့အရွယ် တွေကို ကလေးလို့ မြင်သည့် အတွက် အကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စ သလို မျိုး ကျီစားသည့်အခါလည်း ရှိသည် ။ ကျွန်မတို့အတန်းတွင် ”မောင်မောရှေ” ဟု ခေါ်သည့် ကျောင်းသားတစ်ယောက်ပါသည် ။ ဆရာကြိးက roll call ခေါ်တိုင်း ထိုနာမည်ကို ” မောင် မော ရှေ ” ဟုခေါ်ရမည့်အစား ” မောင်မောင်ရှေ”   ဟု တမင်လွဲ၍ခေါ်လေ့ရှိသည်။ ဒါကို ကျောင်းသား က မှတ်သားထားဟန်တူသည် ။  welcome ceremonyေ၇ာက်တော့ တစ်ယောက်ချင်း စင်မြင့်ပေါ်တက်၍ မိမိကိုယ်ကိုယ် မိတ်ဆက်ကြရသည်။ ထိုကျောင်းသားအလှည့် ရောက်တော့ ကျွန်တော့်နာမည်က ” မောင်မောရှေ ” ပါ။ ဒါကို တစ်ခ်ျို့ မသိနားမလည်တဲ့ သူတွေက တော့ ”မောင်မောင်ရှေ ” လို့ လွဲမှားစွာ  ခေါ်ကြကြောင်း ပြန်ပြောတော့ ရှေ့ဆုံးအတန်းမှာ အခြားသော ဆရာ ဆရာမများနှင့်အတူ ထိုင်နေသော ဆရာကြီးက မပြုံးဘဲ ၀ါးလုံးကွဲ ခွက်ထိုးခွက်လန် ရယ်လေသည် ။ စိတ်ထင့်ခြင်း စိတ်ဆိုးခြင်း မရှိ၊ မာန်မာန အလျဉ်းမရှိသည့် ဆရာကြီးပေတည်း ။

ဆရာကြီးနှင့် ပတ်သက်၍ ချစ်စရာ ကောင်းပုံ အမှတ်တရ တစ်ခုလည်းရှိသေးသည် ။ တစ်ခါတုန်းက ကျောင်းသူတစ်ယောက်က နေ့ခင်း 2 နာရီလောက် ကြီး  ရှေ့လက်ချာအပြီး နောက်လက်ချာတစ်ခု မလာခင်စပ်ကြား လစ်ထွက်လာသည် ။ နေကလည်း ချစ်ချစ်တောက်ပူနေသည် ။ နေပူရသည့်အထဲ ထီးလည်း ပါမလာ ။ (ပါလာလည်း ထီးထုတ်ဆောင်းလို့မဖြစ်၊ ဆရာတွေတွေ့သွားမှဖြင့် ) ။ ကျောင်းတောင်ဘက်လမ်းကြားအတိုင်း ဆရာတွေ မမြင် မတွေ့ နိုင်အောင်  ခပ်သုတ်သုတ် လေး လစ်ထွက်လာသည့် သုတ်သုတ်ပြာပြာ တပည့် မလေးတစ်ယောက် …။ မတွေ့ချင်ပါဘူးဆိုမှ  ချိန်းထားသလားအောက်မေ့ရလောက်အောင်  တိုက်တိုက်ဆိုင်ဆိုင် ပင်  ဆရာတစ်ယောက် နှင့် ပက်ပင်းဝင်တိုးလေပြီ။ ဟိုးရှေ့ က မီးခိုးလုံး အူနေအောင်ထွက်သည့် ဆိုင်ကယ်ဖြင့် တထုတ်ထုတ် ခုတ်မောင်းလာသည်ကား တခြားမဟုတ် နိုင် ၊ မြန်မာစာကထိကဌာနမှူး ဆရာကြီး ဦးစိန်ဝင်းပင်ဖြစ်ရမည် ။ စိတ်ထဲ ဗလောင်ဗလဲ  သူခိုးလူမိ ကြံရာမရ ဖြစ်နေခိုက် ဆရာကြီးက ဆိုက်ဆိုက်မြိုက်မြိုက်ပင် ။

” ဟဲ့ မိ……(ဆရာကြီးက ကျွန်မတို့အားလုံးကိုသိသည်) ဒါက ဘယ်သွားမှာတုန်း၊ ကျောင်းချိန်ကြီးလေ ။ လက်ချာရှိတယ်မလား ။ ဘယ်လစ်တာတုန်း ”  ဆိုပြီး ပြုံးစိပြုံးစိနှင့် မေးတော့

”  ဟုတ်ဆရာ လက်ချာရှိတယ်။  နောက်တစ်ချိန်ဆက်မတက်ချင်တော့လို့ ဆရာတွေမသိအောင် လစ်ထွက်လာတာ ဟီး ” ဟုသာ ဇတ်ကလေး ပုပြီး မျက်နှာချိုသွေးရတော့သည် ။

” ခုဘယ်ပြန်မှာတုန်း  ”

” အဆောင်ပြန်မှာ ဆရာ”

”ဘယ်နှယ် နေပူကြီးထဲမှာ ထီးလဲမပါ ၊ ညည်းအဆောင်က ဘယ်နားမှာလဲ ”

”ဟိုး လေးပြ ငါးပြလောက် လျှောက်ရင်ရောက်တယ်ဆရာ”

”ကိုင်းကိုင်း ဒါဆိုလည်း ဆရာ့ဆိုင်ကယ်ပေါ်တက် ” ဆိုပြီး နေပူခေါင်ခေါင်ကြီးမှာ ထီးမပါ ဘဲ အဆောင်ကို ပြန်လစ်ပြေးတဲ့ သူ့တပည့် ကို အဆောင်ပေါက်ရောက်သည် အထိ သူ့ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ပေးသည့ှ်ဆရာ ။

ဆရာကြီးသည် သူ့တပည့်တွေနှင့် သည်မျှ လောက် သင့်တင့်သည် ။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသည့်အတိုင်း  ဆရာကြိးဆိုသည့် ဂုဏ်ကို ရှေ့တန်းမတင်သောဆရာကြီး ၊ တပည့်တွေကို သားသမီးသဖွယ် ဂရုစိုက်သောဆရာကြီးကို ကျွန်မအပါအ၀င် ကျောင်းသားတပည့်တိုင်းက ချစ်ခင်ကြသည် ။
” မင်းတို့ အတန်းမှန်မှန်တက်ရမယ်။ roll call  အရေးကြိးတယ်” ဟု တစ်ခါမှ မပြောသော်လည်း  သူ့ လက်ချာသည် အမြဲတန်းလူပြည့်သည် ။

ထို့ပြင် ဆရာကြီးသည် သူ မလုပ်နိုင်သေးသော ၊ နောင်အကောင်အထည်ဖော်မည်ဖြစ်သော အကြောင်းအရာများ ၊ စိတ်ကူးစိတ်သန်းများ ကို ကျွန်မတို့ကို ပြောပြတတ်သည် ။  စာရေးဆရာများကို ဖိတ်ကြား၍ စာပေဟောပြောပွဲများလုပ်ခြင်ကြောင်း ၊  ကျောင်းသားအချင်းချင်း စကားရည်လုပွဲများ၊ နံရံကပ်စာစောင်များထုတ်ဝေရေး ၊ စသည်စသည့် ယခု သူအကြောင်းအမျိုးမျိုးကြောင့်လုပ်ခွင့်မရ၊ မလုပ်နိုင်သေးသော်လည်း တစ်ချိန်ချိန် မှာ အကောင်အထည်ဖော်လိမ့်မည်ဖြစ်ကြောင်းကို မမောနိုင်မပန်းနိုင်ပြောပြရှာသည်။

အကြီးတွေက ပဲ ရှေ့တန်းနေရာမှာ နေရာယူနေကြသည့် ပညာရေးစနစ်အတွင်းမှာ  သူတပည့်တွေကို ခြေချုပ် လက်ချုပ် မဖြစ်စေလို ။ ရှေ့ထွက်စေလိုသည်။ အားလုံး ပါဝင် စေလိုသည် ။ ဒိကျောင်းမှာနေ …သည် ပညာဘဲ ရမယ် မဖြစ်စေလို ပေ ။ အမြင်ကျယ်စေလိုသည်။ သူ့တပည့်များကို ဘက်စုံစေလိုသည့် ဆရာ ။ တက္ကသိုလ်ဝင်းကြီးထဲ ရောက်သည်နှင့် ခြေထောက် ပြတ်သည့် ဘ၀-မျိုးမဖြစ်ရလေအောင် ခြေထောက်ပြန်တပ်ပေးလိုသည့် ဆရာ…ကျွန်မတို့ အားလုံး ချစ်သောဆရာ  …ယခု သူမရှိတော့လေပြီ ။

သေမင်းရယ် သင်း အကောင်းကြိုက်လွန်းလှတယ.် ။

ငါတို့ချစ်တဲ့ဆရာကြီးကို ငါတို့နဲ့ ဝေးရာကို ခေါ်သွားပေမဲ့ ငါတို့ တစ်နေ့မှ မမေ့ ။

ဆရာမရှိတော့တာ ကြာပြီဖြစ်ပေမဲ့ ကျွန်မတို့ရင်ဘက်ထဲမှာ ဆရာဟာ အမြဲရှိနေဆဲပါ။ ဆရာမသေပါ ။

ဆရာ့ခြေကို နင်းနိုင်လိမ့်မယ်လို့ အာမ (ရဲရဲ) မခံဝံ့ ပေမဲ့ ဆရာ့ခြေလှမ်းတွေကိုအတုယူနိုင်သမျှယူပြိး နောင်လာမဲ့ မောင်လေး ညီမလေးတွေကို ကျွန်မတို့ ရခဲ့တဲ့ဘ၀ထက် ပိုမို မြင့်မားတဲ့ ဘ၀-ကို ရစေဖို့ မြှင့်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်ဆရာ….။ ဆရာသည် ကျွန်မတို့ဘ၀တွေ ရဲ့   ဓူဝံကြယ် ပါဆရာ ။

ရဲ ရဲ

Posted by: zawmyohtet123 | January 22, 2011

ငယ်ချစ် နဲ့ ခဏတာ

ဟိုတစ်လောက ကျွန်တော် ကိစ္စတစ်ခုနဲ့ ကွန်ပျူတာအရောင်းဆိုင်ကိုရောက်ြ

ဖစ်တယ်။ ကျွန်တော်နေတဲ့ဘုန်းကြီးကျောင်းက ဦးဇင်းတစ်ပါးရဲ့ အသစ်စက်စက် ကွန်ပျူတာစက်ကလေးက ချူချာလာလို့ ၀ယ်ခဲ့တဲ့ဆိုင်ကိုပြန်ပြတာ ။ စက်ရဲ့ ချို့ယွင်းတဲ့ အပိုင်းကို ပြောပြတယ် ။ ဆိုင်ရှင်ကလည်း အတွင်းထဲဝင်သွားပြဖို့ ပြောတော့ ကျွန်တော်ရယ် ဥိးဇင်းရယ် စက်ကလေးကို မပြီး အတွင်းဘက် မှာ စက်ပြင်နေတဲ့သူတွေဆီ ရောက်သွားကြတယ် ။

သူတို့ အလုပ်လုပ်တဲ့အခန်းက ခပ်ကျဉ်းကျဉ်းလေးရယ် ။ 10 ပေ ပတ်လည် လောက်ရှိမယ် ။ အဲဒီထဲမှာ ကွန်ပျူတာ ကိုယ်စီနဲ့ အလုပ်လုပ်နေကြတဲ့  ကွန်ပျူတာကျွမ်းကျင် ပညာရှင်လို့ပဲ ဆိုကြပါစို့  3 ယောက်ကိုတွေ့တယ် ။ သူတို့ အလုပ်ပေါ်မှာ အာရုံအပြည့် ။ အခန်းတွင်းကလည်း ကွန်ပျူတာ အကောင်းတွေရော အပျက်အစီးတွေရော ၊ ဖွင့်ထားတဲ့ စစ်စတမ်ပုံးတွေရော ၊ ၀ါယာကြိုး အရောင်စုံ က  သပွတ်အူလို ရှုပ်ရှုပ်ထွေးထွေး။ ဖုန်းလိုင်းတွေ ကထွက်လာတဲ့ ၀ါယာကြိုးတွေ…..။ လူခြေချစရာနေရာ အနည်းငယ်သာကျန်တော့သည့် အလွန် ရှုပ်ပွနေသည့် ထိုအခန်းတွင်း ကို ၀င်သွားရတော့……၊ နောက်ပြီး အလုပ်ပေါ်မှာ အာရုံအပြည့် ရောက်နေသည့် ထို ကွန်ပျူတာကျွမ်းကျင်ပညာရှင် လေး၏ မျက်နှာ ၊ မောက်စ်ပေါ်က သူ့လက်ချောင်းလေးများ၏ အလွန်လျင်မြန်ဖျတ်လတ်စွာ ရွေ့ ရှားနေမှု တွေကို တွေ့ရတော့…..၊ ငယ်ချစ်ကိုတွေ့မြင်လိုက်ရ ခံစားလိုက်ရသလို ။ ရင်းနှီးမှု အနည်းငယ်မျှသာကျန်ရစ်တော့သည် လွမ်းဆွတ်တမ်းတ ခြင်း စိတ်ကလေးက ရင်ထဲမှာ အပြေးအလွှား…၊။
ဟိုအရင်က ချစ်ခဲ့ပေမဲ့ အခု အခြေအနေအရ အချစ်သစ်က တစ်ယောက်ဖြစ်လို့နေပြီ လေ ။ ကျွန်တော် အချိန်အတော်ကြာ လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်နေသည့်ခံစားမူမျိုးခံစားရပြီးသည့်နောက်အလိုလိုနေရင်းက မျက်ရည် လည်သလို ။။ဟုတ်တယ် ကျွန်တော် လွမ်းနေတာ..။ သူ့ကို လွမ်းနေတာ ။

ဟိုး လွန်ခဲ့သော 6 နှစ် ခန့် ….

ကျွန်တော်က 10 တန်းအောင်ပြီးလို့ အစ်မ၀မ်းကွဲတစ်ယောက်ရဲ့ မိတ္တူဆိုင်မှာ ၀င်အလုပ်ကူလုပ်ခဲ့တယ် ။ တဖက်ကလည်း ဆိုင်အတွင်းမှာရှိတဲ့ ကွန်ပျူတာစာစီဖို့ရန် ထားထားတဲ့ ကွန်ပျူတာ တစ်လုံး ကို ဟိုစမ်းသည်စမ်း ကိုင်တွယ်စမ်းသပ်ရင်း ကျွန်တော်ကွန်ပျူတာကို အစွဲကြီးစွဲလမ်းခဲ့ဖူးတယ် ။ စားလည်းသည်စိတ်၊ သွားလည်းသည်စိတ် ၊ အိပ်မက်ထဲမှာတောင် သူ့ ကို ထည့် မက်နေခဲ့ရလောက်အောင် …။  ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို စာအုပ်ဆိုင် ကနေ ၀ယ်ဖတ်တယ် ။ ရှိတဲ့ အိမ်က ငှားဖတ်တယ် ။ အဲဒီထဲကအတိုင်း လိုက် လုပ် စမ်းသပ်ကြည့် ။ လုပ်နည်းအသစ်တစ်ခု ခုများတွေ့ခဲ့ရင်  ပျော်မဆုံး မော်မဆုံး ။ ထမင်းစားလို့လည်းကောင်း ။ ကွန်ပျူတာကို တစ်စတစ်စ ပို ခင်တွယ်လာခဲ့တယ် ။
စိတ်ကူးတွေ ယဉ်ခဲ့တယ် ။ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ချင်သည့်စိတ်တွေရင်ထဲမှာ မဆန့်မပြဲ ။ ထိုစဉ်  တီထွင်ပညာရှင်ကြီး အက်ဒီဆင်အကြောင်း ကို ဖတ်ရတော့ အက်ဒီဆင်လို ဖြစ်ချင်ပြန်ခဲ့ …။ အိုင်းစတိုင်းအကြောင်းကို ဖတ်ရတော့ အိုင်းစတိုင်းလို ကြီး ဖြစ်ချင်ပြန်သည် ။ ကျွန်တော့်စိတ်ထဲမှာ တီထွင်မှု ၊ စမ်းသပ်မှု ၊ ဇွဲ ၊ ထပ်ဖန်တလဲ ကြိုးစားမှု၊ အောင်ပွဲခံမှု တွေ ပြည့်နေတဲ့ သိပံသမားဘ၀ကို လိုချင်မိခဲ့ ။

သို့ပေမဲ့ …..

ယခုဖြစ်နေတာက ဆရာဝန် တစ်ယောက် ။သက်မဲ့ကွန်ပျူတာတွေ နဲ့ အလုပ်လုပ်ရသည့်သူမဟုတ်တော့ ၊ လူတွေ …သက်ရှိလူတွေ ၊ တွေးခေါ်တတ် ၊ခံစားချက်တွေအပြည့်ရှိသည့် လူတွေ နဲ့ အလုပ်လုပ်ရသည့် သူဖြစ်လို့နေသည်  ။

စမ်းသပ်ကြည့်မှုတွေ  ၊ အောင်မြင်သွားပါက ဟေးခနဲအော်ကာ လက်မထောင် မှုတွေ မလုပ်သင့်သည့် ဘ၀ ။ကိုယ်ဖြစ်စေချင်သလို ဖန်တီး လို့မရ ။ စက် အတက်နှေးလို့   ဒုန်းဒုန်း ဒိုင်းဒိုင်း ထု ခွဲ ကာ ပေါက်ကွဲ ပြလို့မရ ။

သည်အစား လူနာကို မြင်ရတော့ စိတ်မချမ်းမြေ့မှု ၊ ထပ်တူ မဟုတ်တောင် လိုက်ပါဝမ်းနည်းမှု ၊  အနိဌာရုံ တွေကို သာမြင်တွေ ရသည့်  လူသား တစ်ယောက်၏ဘ၀ ။ စိတ်သည် အမြဲတမ်း မလန်း နိုင်သော ဘ၀ ။
နေ့မအားညမနား စိတ်ပါရင်ပါသလို ကွန်ပျူတာဘေးမှာ ထိုင်ကာ အလုပ်လုပ်ရင်လုပ် ၊ မဟုတ်လည်း နောင် စိတ်ပြန်ပါလာမှ အားမာန်ပြန်ပြည့်ဝ မှ အလုပ်ကို ပြန်လုပ် လို့ရသည့် ကိစ္စလည်းမဟုတ်ပါချေ။

ကွန်ပျူတာတွေနဲ့အလုပ်လုပ်ရတုန်းက တိတ်ဆိတ်ခြင်း ၊ ငြိမ်းအေးခြင်း  တို့ကို ရသလောက် ၊ လူတွေနဲ့အလုပ်လုပ်ရတော့ စကား မပြောလို့မရ ၊ တိတ်ဆိတ်နေ၍လည်းမဖြစ် တော့ ။လူနာတွေ၏ နာကျင်စွာ အော်ညည်းသံ ၊ ဆင်းရဲမွဲတေမှု ရောဂါက နှိပ်စက်တော့ ကျောကော့အောင်ခံရမှုတွေကို မြင်တွ့ရ  ။

ကျွန်တော် က လူတွေတိတ်ဆိတ်သည့် အခန်းကျဉ်းလေးထဲမှာ စက်ပစ္စည်းတွေ အပြည့် ၊ ၀ါယာကြိုးတွေ အပြည့် နဲ့ တစ်ယောက်တည်း နှုတ်ဆိတ်စွာ အလုပ်လုပ် နေရသည့် ဘ၀မျိုးကို သဘောကျသည် ။ ၀မ်းနည်းစရာမရှိ ၊ စိတ်မကောင်းစရာလည်း မပါ သည့် စက်တွေ…စက်တွေ။
ခု …..စိတ်မကောင်းစရာ ၀မ်းနည်းစရာ လူတွေ….လူတွေ ။

ထိုသို့ထိုသို့  အတွေးတွေကို  နှိုင်းယှဉ်တွေးရင်း……

ကဲ ဒကာတော်သွားကြရအောင် ၊ စက်က ပြုပြင်လို့ပြီးသွားပြိ ဆိုတော့ မှ ……ငယ်ချစ်ကို ခဏတွေ့ခဲ့ရပြီးမှ ချက်ချင်းခွဲခွာ နှုတ်ဆတ်ခဲ့ရသလို ခံစားမှုမျိုးဖြင့် ကျွန်တော် သူ့ကို နှုတ်ဆတ်ခဲ့လေတယ် ။

Posted by: zawmyohtet123 | January 13, 2011

ဘိုဖြူ အမှတ်တရ

ဘိုဖြူ ဆိုတာ ကျွန်တော်နေတဲ့ ဘုန်း ကြီးကျောင်း က ကျောင်းခွေးတစ်ကောင်ရဲ့  နာမည်ပါ ။ ဘိုဖြူ ဟာ နာမည်နဲ့လိုက်အောင်ကို ဖြူပါတယ် ။  အပြင်ပန်းသာ ဖြူတာမဟုတ် ၊ အတွင်းစိတ်ကလည်း ဖြူပါတယ် ။ သူဟာ ကျွန်တော့်ထက် ကျောင်းသက်ရင့်တဲ့ ကောင်ကြီးပါ ။ ကျွန်တော်ဒီ ဘုန်းကြီးကျောင်းကို (ကျောင်းမှာတည်းပြီး ကျောင်းတက်ဖို့  ) မရောက်ခင်ကတည်းက သူကရောက်နှင့်နေပြီးသား အိမ်ရှင်။ အသက်ကတော့ အတော်ကြီးပြီဆိုရမယ်။ ခွေးသက်ရင့်နေတဲ့ ခွေးကြီးဖြစ်တယ် ။ 

ဒီကောင်က အရမ်းလိမ္မာတဲ့ကောင် ။ တော်တော်လည်းသိတတ် တယ်။ မလုပ်နဲ့ တားရင် လုံးဝ မလုပ်ဘူး။ ခွေးကြိးက လိမ္မာလွန်းလို့  ကြောက်သွားတာများ  လားမပြောတတ်ဘူး ။ ဟိုဘက်ကျောင်းဘက်က ခွေးတွေနဲ့ ယှဉ်ကိုက်ရပြီဟေ့ဆိုရင် သူခံရတဲ့အလှည့်က ပိုများတယ် ။ တော်တန် ခွေးချင်းကိုက်တယ်လို့လည်း သိပ်မရှိလှဘူး ။ ရိုးရိုးအေးအေးပဲနေတယ် ။ တစ်ချို့ ခွန်းအားကြီးပြီး ထွားလှတဲ့ခွေးထီးတွေနဲ့တွေ့ရင် အမြီးလေးကို ကုတ် ပြီး ပြန်ပြန်ပြေးလာတတ်တဲ့ ခပ်ရိုးရိုး ခွေးကြီးဆိုလည်းဟုတ်တယ် ။

ကျောင်းမှာက သစ်ပင် အုန်းပင်ပေါတော့ ငှက်တွေ ၊ ရှဉ့် လေးတွေ ၊ ကြွက်တွေလည်း ပေါတယ် ။ ဒါပေမဲ့ ရှဥ့် တစ်ကောင်ဖြစ်ဖြစ်၊ ကြွက်တစ်ကောင်ပဲဖြစ်ဖြစ် သူ့ရှေ့က ဖြတ်သွားခဲ့ရင်တောင် ခပ်အေးအေးပဲ ။ လိုက်ကိုက်တယ်လို့ကိုမရှိဘူး ။ မြင်နေရတဲ့ ကျွန်တော်တို့က ကြားတဲ့က စိတ်  မချင့်မရဲဖြစ်နေရလောက်အောင် ပါဏာတိပါတကံ လုံ တဲ့ ခွေးသူတော်ကြီးဆိုလည်း ဟုတ်တယ် ။

ကျောင်းကို ဦးဇင်းတစ်ပါး ယူဆောင်လာတဲ့ ခွေးပေါက် စ 3 ကောင် ရောက်မလာခင်အချိန်ထိ သူဟာ တစ်ကိုတော် အထီးကျန်ခွေး တစ်ကောင်ဆိုလည်း ဟုတ်တယ် ။ ကျောင်းကို ခွေးပေါက်စ စွာတေး 3 ကောင်ရောက်လာတော့လည်း ခွေးလေးတွေကို အနိုင်ကျင့်ဖို့ဝေးစွ ….ခွေးလေးတွေကို သူ့  ညီတွေအလားချစ်လိုက်တာ တုန်လို့ ။ သူ့ဖို့ပေးထားတဲ့ စားခွက်ထဲ က  ထမင်းကို ခွေးလေးတွေက လာ လုယက် စားသောက်ရင် ကိုက်လွတ်ဖို့ဝေးစွ သူက ရှောင်နေပေးတယ် ။ ခွေးလေးတွေ ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေ စားသောက်ဝလို့ ထွက်သွားမှ ရောက်လာပြီး အကျန်တွေကို စားတယ် ။ ခွေးလေးတွေ အရွယ်ရောက်လာတော့ လည်း သူ့ကိုပြန်ရန်လုပ်တာ ခံရတဲ့ အညံ့ခံနင်းပြား ဆိုလည်းဟုတ်တယ် ။

တစ်ခါတော့ သူတို့ချင်းဘာအခန့် မသင့်တယ်မပြောတတ်ဘူး ။ ခွေးလေးတစ်ကောင်နဲ့ ရန်ဖြစ်တယ်။ ခွေးပေါက်စ က ငယ်သလောက် လည်တယ်။ သူ့ကို မကိုက်ရသေးဘူး သခင်ကြားလောက်အောင် စူးစူးဝါးဝါး အော်တယ် ။ တ အိုင်အိုင် နဲ့အော်ပြီး သူ့သခင်ရှိရာကိုပြေးလာတယ်..။ ဦးဇင်းက လည်း ဘိုဖြူကြီး အကြီးလုပ်နေပြီး အငယ်တွေကို မညှာရကောင်းလား ၊ အနိုင်ကျင့်ရကောင်းလားဆိုပြီး(တကယ်လည်းမမြင်မတွေ့ပါဘဲနဲ့  )  တုတ် နဲ့လိုက်ရိုက်ဖို့ တုတ် လိုက်ရှာ တယ် ။ သိတတ်လိုက်တဲ့ ခွေးကြီး  ….သူ့အပြစ်ကို သူ သိနေတဲ့အတိုင်းပဲ  သခင် တုတ် ကိုင်လာတာကို အဝေးက လှမ်းမြင်လိုက်တာနဲ့  တစ်ချိုတည်းကို လစ်ပြေးတော့တာပဲ ။ ဟိုး တောင်ဘက်ခပ်လှမ်းလှမ်းက ကုဋီ (အိမ်သာ)ဆီ ။ ကုဋီနားရောက်တော့ အုတ်ခုံပေါ်မှာ ရပ်ပြီး သည်ဘက်ကို လည်ဆန့်ပြီး လှမ်းကြည့်ရှာတယ် ။  ဒူးတွေကတော့ ဆတ်ဆတ်တုန်နေတယ်။ သူ့မယ်လေ ကြောက်နေရှာတာ ။ မျက်လုံးလေးတွေက အသနားခံတဲ့ အကြည့် နဲ့ ။ နားနှစ်ဖက် ကိုလည်း ကားနေအောင် စွင့်ထားတဲ့သူ့ ပုံ….။  အဲသည် ညနေတစ်နေလုံး သူ့ကိုမတွေ့ရဘူး ။ သခင်စိတ်ဆိုးနေတာသိတဲ့ သူက ရိုက်ခံရမှာကြောက်လွန်လွန်းလို့ ထွက်မလာရဲရှာဘူး လေ …။

ဒီလိုနဲ့  ခွေးလေးတွေ အရွယ်ရောက်လာတယ် ။ ခွေးမလေး တစ်ကောင်က အပျိုပေါက်အရွယ်။ (လူမျက်စိနဲ့ကြည့်ရတာတော့) အတော်လေးလှတဲ့ ခွေးမလေးပေါ့ ။ သူကလည်း ခွေးလည်မလေးပဲ ။ လိမ်လည်းလိမ္မာပါတယ်။ သူက သူ့အစ်ကို ခွေးထီးနှစ်ကောင်ထက် အပျိုဘော်ဝင်တာစောတယ် ။ စိတ်ကစားတတ်နေပြီ။ လကလည်း တော်သလင်းလပေကိုး ….။တစ်ခြားကျောင်းဘက် ခွေးတွေ ပလူးနေကြပြီဆိုရင် မရဲတရဲ ခိုးခိုးကြည့်တတ်နေပြီ။ ကြည့်ကြည့်ပြီးရင်လည်း တို့မင်းသားကြီး ဘိုဖြူနားကို လာလာကပ်တယ်။ ချွဲ တယ် ။ နွဲ့တယ်။ မြှုတယ်။ ကျုပ်တို့ကောင်ကြီးလည်းဘယ်ခံနိုင်မှာလဲလေ..။ခွေးမလေးရဲ့  အချစ်ကွန်ယက်မှာ မိရှာပြီလေ ။ သူ့မယ် ချစ်လိုက်တာကလည်း တုန်နေတာပဲ။စားလည်းသည်စိတ် ၊ သွားလည်းသည်စိတ်။ တစ်နေကုန်၊ တစ်ည လုံး ခွေးမလေး နားမှာပဲ ။

ခွေးမလေးကပဲ ကောင်းကောင်းမဖွံ့  ဖြိုးတတ်သေးလို့လား  ။ မတွေ့  မကြုံ ဘူးသေးတာ ကြောင့်ပဲလား ၊ သူ့ဘ၀ကို သူအနှစ်သက်ဆုံး ခွေးထီးကြီးတစ်ကောင်ဆီမှာပဲ ပုံအပ်ချင်လို့လား ။ ….ဘိုဖြူကြီးကပဲ  အ နေလို့လား မပြောတတ် ။ ဘယ်အခါမှ ခွေးမလေးရဲ့ အချစ်ကို ရတယ်မရှိ ။ တစ်ရက်လည်း မဟုတ် ။ နှစ်ရက်လည်းမဟုတ် ။ ဘိုဖြူကြီးကတော့ ကြိုးစားနေဆဲ ။

ခွေးမလေးခမျာမှာလည်း ဘိုဖြူကြီးအိပ်တဲ့အချိန်ကလွဲလို့  ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်းအနားယူရတယ်လို့မရှိဘူး ။ နောက်က တစ်ကောက်ကောက်လိုက်နေတာခံရ ၊ ။ ဘိုဖြူလို ရွတ်အိုတွခွေးကို ကြာတော့လည်း စိတ်ကုန် ငြီးငွေ့ လာတယ်နဲ့တူပါတယ် …။

တစ်နေ့တော့ ကျွန်တော်တို့ကျောင်း အရှေ့ဘက်ကျောင်းက  သူနဲ့အရွယ်တူ  ခွန်အားကြီးကြီး ၊ ခပ်ထွားထွား ၊ သန်သန်မာမာ  ခွေးပျိုလေး ဆီကို သွားသွားလည်ပါတော့တယ် ။ အဲဒီခွေးကလည်း ဒီဘက်ကခွေးမလေးကို ခဏခဏ လာလာ မြူဆွယ်တယ် ။ ခွေးတွေ ညံလွန်လွန်းလို့  ကျောင်းကဦးဇင်းက မောင်းလွတ် လို့  သည် ဘက် သိပ်မလာရဲတော့ဘူး ။ ဟိုက မလာရဲတော့ သည် က ခွေးမလေးက သွားတယ် ။ ဘိုဖြူုကြီး ခမျာ ရင် ကွဲရပြီ။

ဟိုဘက်ကျောင်းက ခွေးတွေကလည်း ခွေးမလေးကို လာပိုးပြီဆိုရင် ခွေးထီးကြီးအပြင် နောက်လိုက် နှစ်ကောင်လောက်ပါ  ပါ လာတတ်တယ် ။ ခွေးထီးပျိုနဲ့ ခွေးမပျို တို့ က ချစ်တင်းနှောဖို့ ကြိုးစားကြချိန်မှာ ကျန် ခွေးနှစ်ကောင်က စောင့်သဘောမျိုးပေါ့ ။ ဘိုဖြူကြီးခမျာ ဘာမှ မတတ်နိုင်ရှာဘူး ။ ခဲလေသမျှ သဲရေကျတော့မှာ လေ ။

တစ်ညတော့ ကျွန်တော်တို့  အိပ်ပျော်ခါစကြီးမှာ တံခါးကို လက်နဲ့လာလာတွန်းပြီး တဂျူန်းဂျူန်းလှုပ်တဲ့အသံကို ကြားရတယ် ။ ပါးစပ်ကလည်း တအီအီ နဲ့ ။ ခဏနေတော့ အသံတိတ်သွားတယ် ။ ကျွန်တော်လည်း စောင်ခေါင်းမြီးခြုံကာပြန်ကွေးနေလိုက်တယ် ။ ခဏနေတော့ အမောတကောပြန်ပြန်းလာတဲ့ခြေသံကြားရတယ်။ တံခါးကို လက်နဲ့  လာတွန်းပြန်တယ် ..။

ဒါနဲ့  ဘိုဖြုကြီးဘာများဖြစ်နေတာလဲ သိချင်တာနဲ့  တံခါးထဖွင့်ပေးလိုက်တယ်။ အပြင်ကို ကြည့်လိုက်တော့ ဘိုဖြူကြီးက အရှေ့ဘက်လမ်းမြောင်ဘက်(တောင်ဘက်ကို မျက်နှာမူပြီး) ပတတ်ရက်နေတယ် ။ သူ့နောက်က မြေမှုန်တွေဖွားခနဲ့  ဖွားခနဲ့  ဖွားခနဲ  ။ရှေ့လည်း မတိုးရဲရှာဘူး ။ ပြီးတော့လေ ကျွန်တော်ရှိတဲ့နေရာကို ပြန်ပြေးလာပြီး အကူအညီတောင်းတဲ့ အမူအယာနဲ့  တအီအီလုပ်ပြီး မျက်နှာကို မော်ကြည့်တယ် ။ ပြီး အစောက ပြောခဲ့တဲ့ နေရာဆီကို တဟုန်ထိုးပြေးသွားပြန်ပြီး  နောက် ခြေထောက်နှစ်ခြောင်းနဲ့  မြေကြီးကို တဖွားဖွား ရက်ထုတ်တယ.်။ တဝေါင်းဝေါင်း လည်း ထိုးထိုး ဟောင်တယ် ။ ကျွန်တော့ဆီကို လည်း ပြန်ပြေးလာပြီး အကူအညီတောင်းတယ် ။ ဖြစ်ပျက်နေပုံ .. ။ ဗြာများနေပုံ ။

ကျွန်တော်လည်း ဘာများဖြစ်နေတာလဲသိရအောင် သူရှိတဲ့နေရာကို လိုက်သွားကြည့်တယ် ။ လားလား …ခွေးမလေးက သူ့အချစ်တော် ခွေးပျိုလေးနဲ့ ချစ်တင်းနှောဖို့ ကြိုးစားနေတာကိုး။ကျွန်တော်ရောက်တော့ သူ့ မှာ အားရှိသွားတယ်ထင်ပါ့ ။ ရှေ့ ကို သုံးလေးလှမ်းလောက်တိုးကပ်သွားတယ်။  အဲဒီခွေး တွေကို လည်း ထိုးထိုးဟောင်တယ် ။ အစောင့်ခွေးကြီးနှစ်ကောင်က ပြန်မာန်ဖီတယ် ။ ပြန်မာန်ဖီလိုက်တော့ ကျွန်တော့် ဘက်ကို ပြန်ပြေးလာတယ် ။ အော် သူ့ခမျာ ခွေးမလေး ၊ သူ့  အသည်းလေး ဟို တစ်ကောင်ဘက် ပါသွားမှာ ၊ အညွန်ခူးခံလိုက်ရမှာ ဆိုးတာနဲ့ ဗျာပါဒတွေ ဖြစ်နေလိုက်တာ ။ ဂဏာမငြိမ် ဖြစ်နေလိုက်တာ ။

အော် လူမပြောနဲ့  အချစ်နဲ့ ပတ်သက်လာရင် တိရစ္ဆာန်တွေမှာတောင် ……။

ခုတော့ ဘိုဖြူ ကြီး ဆုံးသွားတာ 2 နှစ်လောက်တောင်ရှိသွားပါပြီ ။

သူ့ချစ်သူခွေးမလေးက မွေးတဲ့ခွေးပေါက်လေးတွေကို စောင့်ရှောက်နေတုန်း ဟို ဘက်ကျောင်းကခွေး 2 ကောင်က ခွေးပေါက်လေးတွေကို အန္တရာယ်လာပြုတာနဲ့   အပြန်အလှန်ကိုက်ကြရင်း ဒဏ်ရာအကြီးအကျယ်ရတယ် ။   နားရွက်တစ်ဖက်ပြတ်ကျတယ် ။ ဂုတ်မှာ အကိုက်ခံရတဲ့ အပေါက်ကြီးတစ်ပေါက် ဟောက်ပတ် ။ သည်ဒဏ်ရာနဲ့  ပဲ ပိုးဝင်ပြီး သေခဲ့ရတယ် ။

ကျွန်တော်တို့လည်း သူသေတော့ အတော်ဝမ်းနည်းခဲ့ရတယ် ။ သူ့   ကို ကျောင်းဝန်း ထဲမှာပဲ(ကုဋီ အရှေ့ဘက်) မြေကျင်းတူးပြီး မြှပ်နှံပစ်လိုက်တယ် ။
အင်မတန်လိမ္မာတဲ့ အဲဒီခွေးအိုကြီးက ကျွန်တော်ကို အများကြီး သင်ပြပေးသွားခဲ့တယ် ။ တွေးစရာတွေအများကြီးပေးသွားခဲ့တယ.် ။ သူ့ကြောင့် ခွေးလေးတွေကို ကျွန်တော်ပိုလို့ချစ်တတ်လာခဲ့တယ.် ။ တိုက်ဆိုင်တဲ့အခါ သူ့ကိုအမှတ်ရရင် ကျွန်တော့်ရင်မှာ ဆစ်ခနဲ ။

Posted by: zawmyohtet123 | December 4, 2010

သတိရပါ နော်

သူငယ်ချင်း …..
မင်းတို့   ငါတို့ဆိုတာ
ငယ်ရာက ကြီးကြမှာ ။     ။

မင်း ‘အ ကြီး’   ဖြစ်တဲ့ အခါ….
ငယ်ငယ်တုန်းက စံ နဲ့   ပေတံ ကို တော့
မေ့မပစ် လိုက် နဲ့  ကွာ  ။    ။

သူတို့   တွေရဲ့   လက်တစ်ထွာ ဆိုတာ  မင့် လောက်တော့
ဘယ် ရှိ နိုင် သေး မလဲ ကွာ…..။
ကလေးတွေဆိုတာ မင်းလောက်မှ မကြီးကြသေးတာ ။
ဖိစီးနေပြီးသားစိတ်ကလေးတွေပေါ်
တက် ..မ ဖိ.. လိုက်…  ပါနဲ့    နော်ကွာ ။

ဒါကြောင့် …
သူငယ်ချင်း..
မင်း အကြီးဖြစ်တဲ့အခါ

ငယ်ငယ်တုန်းက စံနဲ့ ပေတံကိုတော့ လွင့်မပစ်ပါနဲ့ ကွာ….။
မင်းတို့  ငါ တို့ဆိုတာ ငယ်ရာက ကြီးကြအုံးမှာ…။

Posted by: zawmyohtet123 | November 23, 2010

ကျွန်တော်နဲ့ အမဲလိုက်ဘဝ

ငယ်ငယ်တုန်းက ကျွန်တော့်စိတ်က လူကြမ်းတစ်ယောက်၏စိတ်မျိုး  ။ လူပုံကလည်းကြမ်းသည် ။ စကားပြောရင်လည်းတစ်တစ်ခွခွနိုင်သည် ( သူများတွေပြောလို့သိရတာ) ။
ပေါင်းကတည်းက ယောင်္ကျားလေးတွေနဲ့သာပေါင်းသည် ။ မိန်းကလေးတွေနဲ့မပေါင်း ။ မခင် ၊ အရောမ၀င် ။ ထုတ်စီးထိုးတမ်း ၊ တွတ်ထိုးတမ်း ကစားမှသာ …ရွာအရှေးပိုင်းက အစ်မလုပ်သူတွေနဲ့ အတူ ၀င်ပါသည် ။

ကျွန်တော့်  အစ်ကို နဲ့   ညီဖြစ်သူတို့နဲ့  မတူ ။ သူတို့က နုသည် ။ လူပုံကလည်း နု သလို …စကားအပြောအဆိုလည်း နုသည် ။  စိတ်လည်းနု ပုံရသည် ။(ကျွန်တော်က အားမရ) ။ အစ်မတွေ နှစ်မတွေနဲ့ သင့်မြတ်သည် ။  ကျွန်တော်နဲ့ ကတော့မသင့်မြတ် ။ သူတို့က စကားပြောရင် ဘောက်စပ်စပ်ပြောတတ်သည့် ကျွန်တော့်ကို မချစ်တာလည်း အဆန်းတော့ မဟုတ် ။ ကျွန်တော်ကလည်း စိတ်မထင်ရင် မထင်သလို ပြုမူပြောဆိုသည် ၊ ဘောင်းဘီ ချွတ် ဖင်ကုန်းပြပြီးပြောင်ရင်လည်းပြောင် ပြတတ်သည်။  ဘယ်သူ့မှ မကြောက်တတ်ခဲ့ ။  အစ်ကို တို့က အစ်မတွေ နှစ်မတွေနဲ့  အတူရှိနေချိန်မှာ ကျုပ်ကတော့ ကျုပ်ကောင်တွေနဲ့   ၊ လက်စွဲတော်လောက်လေးခွ တစ်လက်နဲ့ပေါ့ ဗျာ ။

ညနေကျောင်းဆင်းပြိဆိုတာနဲ့    လောက်လေးခွတစ်လက်နဲ့ ရွာရိုးကိုးပေါက်လျောက်လယ်ပြီး ငှက်ပစ်တယ် ။ ငှက်ရတဲ့ နေ့ တွေရှိသလို ၊ ငှက်တစ်ကောင်မှ မမှန်ပဲ မိုးချုပ်သွားတဲ့နေ့တွေလည်းရှိရဲ့   ။ ထူးခြားချက်တစ်ခုတော့ရှိတယ် ။ ငှက်တွေကို မြင်မြင်ထင်ထင် ပျံရင်းလွှားရင်းအချိန်မှာ ပစ်ပေမဲ့ ငှက်အိပ်တန်းတက်ချိန်မှာတော့ ဓာတ်မိးထိုးပြီး ပစ်ခြင်းတော့ မလုပ် ။( ညဆိုရင် ငှက်က မပျံတော့ ၊ ဓာတ်မိးထိုးထားပြီးပစ်ရင် အသာကလေးရသည် ။) ကျွန်တော်က အပိုင်ရသည့်အလုပ်ဆို သိပ်စိတ်မပါဘူးထင်သည် ။ အိပ်နေသည့် ငှက်ကို စိမ်ပြေနပြေချိန်ရွယ်ပြီး ပစ်ရမှာ ကို စိတ်မပါ ၊ အင်း ကြောက်လည်းကြောက် ၊ သနားလည်း သနားသည် ။

အိမ်က အမြဲအော်ငေါက်သည် ။ သို့သော် မရိုက် ။ အရိုက်ခံရရင်းလည်း ကျန်တဲ့ညီအစ်ကိုတွေလို ချက်ချင်းစိတ်ပြေသည့် လူမျိုးမဟုတ် ။ ရွဲ့သည် ။ပဲ့သည် ။ လုံးဝမခေါ်တော့ ။ ပြန်ချော့မှ ခေါ်သည် ။ ဆိုတော့ ….ရိုက်ခဲသည် ။

တစ်ချို့နေ့တွေဆို အိမ်ဘေးက လူကြီးတွေနဲ့  ( ကျွန်တော့်အရွယ်တွေလည်းပါသည် ) ဖွတ်လိုက် ၊ ပဒတ်လိုက် ၊ ရှဥ့်လိုက် ထွက်သည် ။ ခွေးတွေ တဗြုံ နှင့်  ။ ကျွန်တော်အင်မတန်ပျော်သည့် အချိန်များဖြစ်ခဲ့သည်။ နေဘယ်လောက်ပင် ကျွက်ကျွက်စူနေပါစေ   လိုက်သည် ။ ဘယ်လောက်ဝေးဝေးသွားသွာား အရွယ်နှင့် မလိုက်အောင် လိုက်သည် ။  (အင်းခုမှ စဉ်းစားမိသည် ၊ ကျွန်တော်ကပလီ အသားမျိုး ဖြစ်သွားတာ အဲဒါကြောင့်များလားလို့   ) ။

ပဒတ် ကို လျှောကွင်းလုပ်ပြီး ထောင်ခဲ့သည် ။ နောက်နေ့ပြန်လာကြည့် ချိန် မိနေတာတွေ့ရင် အရမ်းပျော်ရသည် ။ ငုံးလည်းထောင်သည် ။ ခိုလည်း ထောင်သည် ။ (နေကျွက်ကျွက်စူ အောင်ပူသည့် အချိန် ခိုတွေပေါသည့် ယာအရိုင်း မြေပြောင်ပြောင်ပေါ်မှာ ၀မ်းလျားကြီးမှောက်လို့   ခိုမမြင်အောင် ပုန်းလျိုးကွယ်လျိုး တွားသွားခဲ့ဖူးသည်။ ၀မ်းဗိုက်ကို ဆူးခြစ်တော့လည်း  မမှုခဲ့ပါ) ။ ငှက်လည်း ထောင်သည် ။

တစ်ခါက အိမ်မှာ စာကလေးတွေ ကို ထောင်ချောက်လုပ်ပြီး ဖမ်းသည် ။ ဆန်စေ့ကို ကြော့ကွင်းလုပ်ထားသည့် အလည်မှာ ချထားသည် ။ ငှက်လေးတွေက မောင်းပေါ်တင်ထားသည့် ဆန်စေ့ကို တောက်လိုက်မိပါက တဲတဲလေး တင်ထားသည့် မောင်တံက လွတ်၍ ကြိုးကွင်းစွပ်နေမည်ဖြစ်သည် ။ အိမ်မှာ က အဘမွေးထားသည့်  ကြက်တွေရှိသည် ။ (သေးမပေါက်သည့် ကြက်တွေပါ) ။ ကြိးကြိးငယ်ငယ်  အကောင်  သုံးလေးဆယ်လောက်ထိရှိသည်။   ထိုထဲမှ ကြက်မကြိး  တစ်ကောင်က      ကျွန်တော် အပြင်ခဏ ထွက်တုံး အစာလာတောက်သည် ထင့်…….  လျောကွင်းက လည်ပင်း မှာ အစ်၍ ဆန့်ဆန့် ကြီးသေနေတာတွေ့ရသည် ။ကျွန်တော် အတော်တုန်လှုပ်သွားမိသည် ။ ကြက်ပေါက်ကလေးတွေရဲ့   အမေ လည်း ဖြစ် ၊ လုပ်ချင်ရင် လက်မနှေးသည့် (မြေးတူအဘိုးဖြစ်သည့် ) အစ်ဘရဲ့ ကြက်လည်းဖြစ်မို့  ….ဒေါသ အမျက် အစွမ်းမကုန်တကုန် ထွက်နေမည့် အဘ၏မျက်နှာကို ပဲ မျက်စိထဲပြေးမြင် နေမိသည် ။ အဲဒီနေ့က ကြက်မကြိး ကို လူမသိအောင် တွင်းတူးမြေမြှပ်ပစ်ခဲ့ရလေသည် ။ ကြက်ပေါက်ကလေးတွေ မအေမရှိတော့ ယောက်ယက်ခက်နေကြသည် ။ အော်ကြဟစ်ကြသည် ။ တစ်ခြားကြက်ပေါက်မိခင် ကြက်မကြီးကို သူတို့ မိခင်အထင်နှင့်  ပြေးကပ်ကြတော့ ဟို က ထိုးဆိတ်လွတ်သည် ။ ကျွန်တော်ရင်ထဲမကောင်း ။ ( ထို အဖြစ်အပျက်သည် ကျွန်တော့် ရင်ကို ထိမှန်သည် ၊ နောင်မလုပ်ဖို့ရင် သတိပေးသည့် အချက်လည်းဖြစ်သည် )  ကျွန်တော့်ကို အသိတရားဝင်စေသည့်နောက်အဖြစ်အပျက်တစ်ခုကား…….အိမ်ခေါင်မိုးပေါ်မှာ အကျွိကျွိအော်ပြီး ကလေးကို အစာကျွေးနေသည့် မိခင်ငှက်မတစ်ကောင် ။ကျွန်တော် ချိန်ရွယ်ပစ်လိုက်သည့် လောက်စာလုံးက ရင်အုပ်ကို တဲ့ ထိသည် ။ အမွှေးတွေစုတ်ဖွာသွားသည် ။ အိမ်ခေါင်မိုး( ထန်းရွက်မိုး) ပေါ်မှ တလိမ့်ကောက်ကွေးကျလာသည့် ငှက်မကြီးကို မြင်တော့ ..၀မ်းသာရမည့်အစား တုန်လှုပ်ခြင်းဖြစ်ခဲ့လေသည် ။ စိတ်မကောင်းခြင်း သာ ဖြစ်ခဲ့လေသည် ။ ကျွန်တော် တော်တော်နဲ့ စိတ်မကောင်းဖြစ်တာမပြေ ပျောက်ခဲ့ ။ နောင်ကို စာကလေးတွေကို ဘယ်တော့မှ မသတ်တော့ ဟု ဆုံးဖြတ်ချက်ချလိုက်လေသည် …။

စာကလေးတွေကို သာ မသတ်တော့တာ….ကြွက်ကတော့သတ်သည် ။ ပဒတ်လည်း သတ်သေးသည် ။ အိမ်က ပဲစဉ်းငုံ ပုံ ၊ ကောက်ရိုးပုံရှိတော့ ကြွက်ကလည်း ပေါသည် ။ ကြောင်ပင်ခုတ်လို့မနိုင် ။ ဇော်မျိုးထက် သုတ်ရင်တော့ ပြောင်ချေမည် ဟု အတွေးဝင်ခဲ့ဟန်တူသည် ။ အိမ်အနောက်ဘက်က ရွယ်တူ ကောင်လေးတစ်ယောက်နဲ့ ပေါင်းကာ ကြွက်နှိမ်နင်းပွဲစတင်ခဲ့သည် ။ သူကလည်း ကြွက်ထောင်တာ ကြွက်ပစ်တာ အင်မတန်လက်လိုက်သည် ဆိုရမလောက်ပင် ။ ကြွက်ကို ကျောက်ပြားချပ်ကြီး ဖြင့် (ခဲပိမောင်း) ထောင်သည်။ မောင်းတံကို ကြွက်ကြိုက်တတ်သည့် အစာထိုးထားသည် ( အမဲဆူ ခြောက်၊ ခရမ်းချဉ်သီး စသည်) ။ ကြွက်က ငတ်ငတ်နှင့် အစာကို လာစွဲပါက ဂဲ ပိ၍ အနိစ္စရောက်ရသည် ။ တစ်ည ကို  4 ကောင်ထိမိသည် ။ မိတာကလည်း အကြိးကြိးတွေချည်း..။ ရက်အတော်ကြာအောင် နှိမ်နင်းရသည် ။ကြာတော့ အိမ်ကြွက် က 2 ရက်နေမှ 1 ကောင်လောက်သာ မိတော့သည် ။ အိမ်မှာမရှိတော့   ရွာထဲလျောက်သွားကာ အပင်ပေါ်အစာရှာထွက်သည့် ကြွက်ကို ပစ်သည်။  ရလိုက်သည့် ကြွက်တွေ တစ်ကောင်ပြီးတစ်ကောင် ။ အရေခွံခွာ အူထုတ် မီးကင်ပြီး ပွဲတော်အုပ်တည်ခဲ့လေသည် ။

ကြာလာတော့ ရွာထဲမှ ကြွက်ပင်အတော်ပါးခဲ့လေပြီ ။ သုံးလေးလကြာသည်အထိ နာလန်မထူနိုင်ပေ။ (ကြွက်ခြောင်းပစ်တုန်း ဖော်မျိုးထက် ကိုပင် နာမည်ထည့် မခေါ်ရဲလောက်အောင် ပင် ။ ဇော်မျိုးထက်နာမည်ကြားပါက ထူးထူးခြားခြားပင် အပင်ပေါ်က ကြွက်တွေ ၀ရုန်းသုန်းကား ဖြစ်ကုန်သည်ထိ ကြောက်ကြပေသည်။ စကားချပ်)။ ယခု အရွယ်ထိ ရွာပြန်ရောက်တိုင်း အနောက်ဘက်အိမ်က အဒေါ်ကြီးကစနောက်သေးသည် ။ ဖော်မျိုးထက်ရေ နင်မရှိတော့ ကြွက်တွေလည်း မနိုင်ပါဘူး…ရောက်တုန်းရောက်ခိုက်လေး လုပ်သွားပါအုံးလားဟု စနောက်သည် ။

ကျွန်တော် သတ္တ၀ါ တွေကို လုံးဝ မသတ်တော့ပါ ဟု ဆုံးဖြတ်ချက်ချခဲ့သည်ကား ……။ ပဒတ်လိုက်သည့် ထိုနေ့..။ ကျွန်တော် 4 တန်းနှစ်ရောက်နေပြီ ။
ခွေးတွေ လူတွေ တဗြုံနှင့် ….။ ပဒတ်တွေ အများကြိးရသည် ။ ရသည့်ပဒတ်ကို   ထန်းတော က ထန်းလျက်တဲ တစ်ခု မှာ ၀င်ပြီး မီးကင်သည် ။ ကောင်တစ်ယောက်က ကင်နေသည် ။ ကျွန်တော်တို့   က အနီးနားက ထန်းပင်ရိပ်တစ်ခုအောက်မှာ ၀ိုင်းဖွဲ့ စကားပြောနေကြသည် ။ ခဏနေတော့ ပဒတ်ညှော်နံ့  သင်းသင်းလေးက နှာဝကို လာစောင့်သည် ။ ဟေး ကျက်ပြီဟေ့ လို့  မီးကင်နေတဲ့ ကောင်က လှမ်းခေါ်လိုက်တာနဲ့    ချီတာကျားသစ်ပင် နောက်ကောက်ကျမည့် အလျှင်နဲ့   ကစုန်ပေါက်ပြေးတယ် ။ စာလောင်မှု ကြောင့် ရယ် ၊ စားချင်နေသည့် လောဘစိတ်ကြောင့်ရယ်ကြောင့် သူများတွေလို တဲ အ၀င်ပေါက်ကမ၀င် ။ ဒေ၀ဒတ် ကြံကြံမိပါသည် ။ အပေါက်မရှိသည့် တဲဘေးပေါက် က နေ အပေါက်ဖြဲ ကာ ခေါင်းငုံ့   ၀င်မိသည် ။ ခေါ်င်းပေါ်က မိုးကျနေသည့် အသားချွန်ကိုပင်မမြင်နိုင် ( လောဘ ဇော၏ ကြောက်စရာကောင်းပုံ ပြောပါတယ်) ။ အားကုန် တိုးဝင်မိရာ ထို ချွန်မြနေသည့် အတက်နှင့် ဘယ်ဖက် နားရွက် တို့   တိုးခွေ့ မိကြလေရာ ဒုန်းဒုန်းမြည်ဟီးကာ တဲပင် တုန်လှုပ်သွားရလေ၏ ။ ထိုအချိန်ထိ မိမိနားရွက် ပူသွားသည်လောက်သာထင်ခဲ့သည် ။ လက်တစ်ဖက်က ပဒတ်ကင်ကို လှမ်းနေသည် ။ ဖဲ့ယူစားသောက်ပြိးမကြာပါ ။ ဘေးနားက ကောင်လေးက ကိုဇော်မျိုးနားရွက် က သွေးတွေ နဲ့ဆိုလို့     စမ်းကြည်မိသည် ။ ဟုတ်တယ် သွေးတွေ။ နားရွက်ကလည်း ဘတ်လပ်ဘတ်လပ် ပြတ်နေသည် ။ ဟနေသည်။ ပြတ်ကျမသွားတာပဲကံကောင်းလှသည် ။ နားကို အသာလေး လက်နဲကအုပ်ပြီး ရွာဆီကို ပြန်သည် ။ ထို အချိန်ကျွန်တော် စိုးရီမ်သည်ကား ကျွန်တော့်နားရွက်မဟုတ်….အိမ်က မိဘ ။ အဆူမခံရ အငေါက်မခံရရင် ကျွန်တော်ဘာမှ မဖြစ်တော့။

အိမ်ရောက်တော့ အမေကြိးနဲ့ တွေ့ သည် ။ အမေကြိး နားရွက်ပြတ်လာလို့လို့ တစ်တစ်ခွခွပြောမိတော့ အိပ်ယာ မှ အထ အမေကြိးက ရင်ဘက်စည်တီးကာ ငိုလေသည် ။ လာကြပါအုံးဟဲ့ …ကောင်းကြသေးရဲ့လား ၊ ငါ့မြေးဘာဖြစ်သွားလဲမသိဘူး ။ နားရွက်တော့ ဆုံးပြီထင်ပါရဲ့   ဆိုကာ ဟစ်  ဟစ်  ငိုတော့မှ ကျွန်တော် ပိုလို ပင် ၀မ်းနည်းလာသည် ။ ကိုယ့်နားရွက်ကို နှမြောလာရသည် ။ အမေကြိးကလည်း အဲလောက်လည်း မဟုတ်ပါဘူး ဟု မရဲတရဲ သှူု့ကို ဖြေသိမ့်ရင် မိမိကိုယ်အားပေးမိသည် ။ သို့သော် ကြောက်စိတ်က ထိုချိန်က စ၀င်ခဲ့လေပြီ ။ ကျွန်တော ကံကောင်းတာ တစ်ခုတော့ရှိသည် ။ ထို အနာကို မိဘတွေ ညနေရောက်မှသိသည် ။ သိသွားတော့ ပူမိသည်။ ပြောတော့မှာပဲပေါ့ (ပွစိပွစိ) ။ ထင်သလို မပြော။ မငေါက်။ မှတ် …မှတ်…….ကောင်းတယ် ၊ သူများအသက်သက်ချင်အုံး ၊ ငတ်ချင်အုံး ၊ နည်းတောင်နည်းသေး ၊ အဲဒီနေရာက နတ်ကြိးတယ် ၊ နတ်က warning ပေးလိုက်တာ( အဲလေ ဟုတ်ပေါင် သတိပေးလိုက်တာ နေမှာ) (မှတ်ချက် ။ အမေက အင်္ဂလိပ်စာ အေဘီစီထိသာတတ်သည် ) နေမှာ ။ နောက်ထပ်လုပ်အုံးသိလား ဟု အားပေးစကားဆိုသည်။ ကျွန်တော် အတော်ပျော်သွားသည် ။

ရွာက ဆေးဆရာထံ ဆေးထည့် ဆေးထိုး ဆေးစားလုပ် ရသည် အတော်ကြာသွားသည် ။ ကြာတော့ အနာက အနာဖေးတက်ကာ စေ့သွားသည် ။ နားရွက်မှာ အဖု ထစ်လေးတော့ (အနာရွတ်တော့) ကျန်ရစ်ခဲ့လေသည် ။ထိုအတောအတွင်း ကျွန်တော် တောလိုက်သည့် အလုပ်မှ ပင်စင်ယူထားရလေသည် ။ အားနေတော့ မိမိဘာသာမိမိ ဆင်ခြင်မိသည် ။ မိမိလုပ်ခဲ့သည့် အမှုတွေကို ပြန်သုံးသပ်ကြည့်သည် ။ သတ္တ၀ါတွေကို သနားစိတ်ဝင် လာသည် ။ ကိုယ်ချင်းစာ ကြည့်လိုက်လေ၊ ၀င်ခံစားကြည့်လိုက်လေ …မှားမှန်းပိုသိလေလေ။ အပေါင်းအဖော်တစ်ယောက်ပြောသည့် သတ္တ၀ါဆိုတာ လူချွတ်မှကျွတ်တာ ပါကွာ ဆိုသည့် စကားကို အဟုတ်မှတ်ခဲ့သည့် ကျွန်တော် မဟုတ်မှန်းသိခဲ့လေသည် ။ ကျွန်တော်လုံး ၀ ပဒတ်မလိုက် တော့ပါလေ၊ ကြွက်လည်းမသတ်တော့ပါ၊ ငှက်လည်းမသတ်တော့ပါ ။ အဲဒါပေမဲ့ ရွာရောက်လို့    …မိမိကို နတ်က warningပေးသည်ဆိုသည့် နတ်ကြိးသည်ဆိုသည့်နေရာရောက်ရင်တော့ အလိုလို  လျှာထုတ်ပြမိလျက်သားဖြစ်နေတတ်သည် ။ ရှုးကော့ပန်းရင်ပန်းပစ်သည် ။ အရပ်ရှစ်မျက်နှာ ကို လှည့်ကာ လှည့်ကာပေါ့လေ ။ (အဲခုတော့ မလုပ်တော့ပါဘူး  ။ရှက်စရာ ။ စကားချပ်)

ခုများတော့ ကြွက်ကလေးတွေမြင်ရင် ကိုကြောက်နေသည် ။သတ်ဖို့ပင် ကြောက်နေသည် ။ ငှက်ကလေးတွေကိုလည် ချစ်တတ်လာပါပြီ။ အချိန်နှင့် အတွေးအခေါ်က လူကို သင်ကြားပေးလိမ့်မည်ဆိုသည့် အသိကို ရခဲ့သည် ။ သို့ပေမင့် ကိုယ်ချင်းစာစိတ်ကတော့ အခရာပေါ့လေ……။

Posted by: zawmyohtet123 | November 23, 2010

ပညာရှင်ကို ကြိုဆိုကြ

နေ့  ခင်း 1 နာရီ ။

ထုံးစံအတိုင်း သည် အချိန်ဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေက ကျောင်း ကန်တင်းမှာ ၀ိုင်းဖွဲ့နေကြ။ထမင်း အတူစားကြတယ် ။ အလာပ သလာပ အပါအ၀င် ပညာရေး နိုင်ငံရေး လူမှုရေး သိသမျှ ဝေမျှကြသည် ။ ဖောက်သည်ချကြသည် ။

အဲဒီနေ့   ကတော့  နေ့ခင်းကျောင်းချိန် 2 ချိန်ဖြတ်ပြီး တောင်သမန်အင်းစောင်းမှာ ရှိတဲ့ ဒေါက်တာသန်းထွန်းအုတ်ဂှုကို သွားကြည့်ရင်း ဆရာတော်ဦးပညာ ( မောင်ပညာ (အမရပူရ) ) ကို လည်း ဖူးမျှော်ရင်းသွားကြမည်ဟု တိုင်ပင်ကြသည် ။ အစည်းအဝေးကို နှစ်ကြိမ် မထိုင်လိုက်ရ အားလုံးက ညီသည် ။

သို့   နှင့် သူငယ်ချင်းတစ်စု ဆိုင်ကယ်ကိုယ်စီနဲ့   တောင်သမန်ဆိကို ချီတက်ခဲ့ကြပါပြီ ။

ဟိုရောက်တော့ တောင်လေးလုံးကျောင်းဆရာတော် ဥိးပညာ ကို အဆင်သင့်တွေ့တယ် ။ ဆရာတော် က သက်တော် 70 ကျော်လောက်ရှိနေပြီ ။ မျက်မှန်ထူကြီးကြားက သဲကြိးမဲကြီး ချောင်းကြည့်နေသလို မျိုး စာအုပ်တစ်အုပ်ကို ဖတ်နေတယ် ။ ဆရာတော်ကို မည်သူမည်ဝါဖြစ်ကြောင်းလျောက်ထားပြီး ၀တ်ချကြတယ် ။ ပြီး ဆရာတော်နဲ့   ရောက်တက်ရာရာပြောကြ ဆိုကြ ၊ မေးကြမြန်းကြ ။ ဆရာတော်က အသံက ခပ်ယဲ့ယဲ့ ၊ တိုးတိုးတိမ်တိမ် ကြားမှ အားပြုပြောရှာသည် ။ဆရာတော်က အာဝဇွန်းရွှင်သည် ။ ဗဟုသုတလည်း များသည် ။ ဆရာတော့်စကားဆုံးသည်နှင့် ကျွန်တော်တို့တွေ ပွဲ ကျ ရသည် ။ စာရေးဆရာအတော်များများနှင့်လည်း သိသည် ။ ခင်သည်။  ရင်းနှီးသည် ။ လူထုဒေါ်အမာ၏ မွေးနေ့   ပွဲကို နှစ်စဉ်နှစ်တိုင်း သည်မှာ ကျင်းပမြဲဖြစ်သည် ။နိုင်ငံကျော်စာရေးဆရာများ၊ နိုင်ငံရေးသမားများ အတော်များများတက်ရောက်ကြသည် ။ တစ်ချို့က သူ့ကျောင်းမှာ တည်းသည် ။ သို့ကြောင့် ဆရာတော်က စာရေးဆရာတော်တော်များများနှင့် ရင်းနီးသည် ။

စကားစပ်၍ ဆရာတော်က သမိုင်းဆရာကြီး ပါမောက္ခဒေါက်တာသန်းထွန်းအကြောင်း ပြောပြသည် ။ မောင်သန်းထွန်းက သူကို အရမ်းခင်ပုံ ၊ သူ့ကျောင်းမှာ တည်းပုံ ၊ ဆရာတော်ကို ဆိုရင် (သူက အသက်ကြိးပေမင့်) ကလေးတစ်ယောက်လို ဆိုးပုံ ။ အခန်းတွင်းဝင်တာတောင် တံခါးမကမ၀င်ဘဲ ၊ ပြူတင်းပေါက်က ကျော်ခွဝင်ပုံ ၊ အထဲရောက်ရင်လည်း ရေအိုးဖုံးကို တီးကာ  ”ကိုယ်တော် အပြင်မှာ တိုင်းပြည်အခြေအနေဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာ သိရဲ့လား ၊ တစ်ပါးတည်း အပူအပင်မရှိ အေးအေးနေရ ကောင်းလား ”   ဆိုးပြီ စနောက်ပုံ ၊ သူမသေခင်လေးမှာပဲ တပည့်တော်ကတော့ဒီမှာပဲနေချင်တယ်လို့ပြောသွားပုံ ( အေး မင်းနေချင်တဲ့အတိုင်းနေရပါပြီ ပြောပြီး ရယ်သည်) ။ တခြားစာရေးဆရာများ နိုင်ငံရေးသမားဆိုသူများအကြောင်းကိုလည်း စကားစပ်မိသလိုပြောပြသည် ။ ဆရာတော်ပင်ပန်းနေမည်ကို ဆိုး၍သာ အားနာပါးနာ စကားဖြတ်ပြီး ဒေါက်တာသန်းထွန်းအုတ်ဂူ ဆီိသို့ထွက်ခဲ့ကြသည် ။

ကျောင်းတိုက် 2တိုက်အလွန်တွင် လူနေအိမ်  3 အိမ် 4 အိမ်လောက်ရှိသည် ။ ( ကျောင်းကို မှီ၍နေ ကြသူများ ဖြစ်ဟန်တူသည် ) ။ ဒေါက်တာသန်းထွန်းအုတ်ဂူကို အတော်နှင့်မတွေ့သဖြင့် အနီးနားက အဒေါ်ကြိးတစ်ယောက်ကို အကူအညီတောင်းရသည် ။ ထိုအမျိုးသမီးကြိးလမ်းညွှန်ရာသို့   လျှောက်သွား သည် ။

ဟော   တွေ့ပါပြီ ။ မြန်မာ့ကျက်သရေဆောင် ကျောက်ကောင်းတစ်ပွင့် ၊ သမိုင်းပညာရှင်ကြိး ပါမောက္ခဒေါက်တာသန်းထွန်း ၏ အုတ်ဂူ ။ ကမ္မည်းတွင် ဒေါက်တာသန်းထွန်း ၊ ဂုဏ်ထူးများနှင့် တကွ ၊ ကွယ်လွန်အနိစ္စရောက်သည့် အချိန်ကို ဖော်ပြထားသည် ။

အုတ်ဂူနှင့်အပြိုင် ဘေးချင်းကပ်တည်ဆောက်ထားတာကတော့ ၀က်ခြံတစ်ခြံ။ ၀က်မည်းကြိးနှစ်ကောင် တဂီဂီအော်ကား ဗွက်လူးနေကြသည် ။ တောင်ဘက်ခပ်လှမ်းလှမ်းတစ်နေရာမှာ လည်း ၀က်တစ်ကောင်နေသည့် ၀က်ခြံတစ်ခြံ ။ ၀က်ချေးခြောက်တစ်ချို့တောင် အုတ်ဂှု ပန္နက်ပေါ် တင်နေသည် ။  ၀က်ချေးနံ့ က   အော်ဂလီဆန်ချင်စရာ ကောင်းလောက်အောင် နံသည် ။ ဆရာကြိး၏ အုတ်ဂူကမ္မည်းကို နှားခေါင်းတစ်ရှုံ့  ရှုံ့ နှင့် ဖတ်ခဲ့ကြရလေသည် ။ ရင်ထဲတွင်မကောင်း ။

အော် တန်ဖိုးမသိသူ များကြားတွင် ပညာရှင်တစ်ယောက်ရဲ့တန်ဖိုးဟာ ၀က်ချေးလောက်မှတန်ဖိုးမရှိပါလား ။ ( ၀က်ချေး ကိုမှ ကျုံးယူချင် ကျုံးယူလိမ့်မည် ။ ၀က်ကို ရေချိုးသန့်စင်ပေးချင်ပေးလိမ့်မည်) ။

တစ်ဆက်တည်းတွေးမိသည်ကား ။ မြန်မာပြည်လွတ်လပ်ရေးကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်ကိုရင်းပြီးရယူပေးခဲ့ကြသည့် အာဇာနည်များမှာလည်း အမှိုက်ပုံပေါ်ရောက်နေကြပြိ။

ကျွန်တော် နယ်တစ်ခုမှာတွေ့ရသည့် အာဇာနည်ကုန်းမှာ အမှိုက်ကုန်းဖြစ်နေလေပြီ ။ နောက်တစ်ခုကတော့ သည် မန္တလေးမှာ ။ လူမရောက်တာကြာ၍ထင့် အာဇာနည်ဗိဗ္မာန်ကိုမမြင်ရ ။  ထူထပ်စွာပေါက်နေသည့် ခြုံတောနဲ့ သစ်ပင်များကိုသာတွေ့ရသည် ။ ယိုင်နဲ့  နဲ့    ခြံစည်းရိုး  ခတ်ပြီး  သံချေးတက်နေတဲ့  ခပ် ညံ့  ညံ့  သံတံခါးတစ်ခု နဲ့   သော့ခတ်ပိတ်ထားသည် ။ တစ်နေ့  အဲသည်နားက ဖြတ်အသွား သူငယ်ချင်တစ်ယောက်က အဲဒီတောထနေတဲ့ ခြံကြီးက ဘာကြီးတုန်း ၊ဘယ်သူနေတာတုန်း မေးလို့        …..အဲဒါ အာဇာနည်ပုဂ္ဂုလ်ကြိးတွေနေတာ လေ  …..ကျေးဇူးတင်လွန်းလို့    နောင်လာနောက်သားတွေက  ကျေးဇူးဆပ် ထားတာ လို့ ဖြေခဲ့မိ ။

ပညာရှင်ကို လေးစားတန်ဖိုးထားရကောင်းမှန်းမသိသ၍ ပညာရှင်နဲ့ (တနည်း) ပညာနဲ့ဝေးနေရအုံးမည်သာ ။

 

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေနဲ့   ဖွံ့ဖြိုးပြီးနိုင်ငံများကို ကြည့်ပါ ။ ပညာ ရှင်ကို တန်ဖိုးထားကြတယ် ။ ပညာရှင်တွေကို ထိုက်တန်တဲ့နေရာပေးတယ် ။ ပညာရှင်ကို လိုက်ရှာကြတယ်  ။  ပညာရှင်တွေလာအောင် နည်းအမျိုးမျိုးနဲ့ မြူ နေကြတယ် အချိန်မှာ ….သည်မှာတော့ ..။

ပညာရှင်တွေကို မသေခင်မှာလည်း အားပေးအားမြှောက်ပြုရမှာ တန်ဖိုးထားလေးစားရမှဖြစ်သလို ၊ သေသွားပြီးရင်လည်း စံပြပုဂ္ဂုလ်တွေအနေနဲ့   (နောင်လာနောက်သားတွေအတုယူအားကျနိုင်အောင် ) တန်ဖိုးထား လေးစား ဂုဏ်ပြုနေရမှာဖြစ်တယ် ။ သို့ မှသာ ပညာရေးဖြင့် ခေတ်မီဖွံ့  ဖြိုးတိုးတက်သော………..။

ကျွန်တော့်မိဘတွေက လောင်းကစား ( အထူးသဖြင့် ဖဲပေါ့) လုပ်တာကို လုံးဝမကြိုက်။ ကျွန်တော်ကတော့ ဖဲ ရိုက်ရတာကို လုံးဝကြိုက်သည် ။

ကျွန်တော့်အသက် 8 နှစ်၊ ရွာက မူလတန်းကျောင်းမှာ တတိယနှစ်ကိုတက်နေသည့် အရွယ် ။ ဂဏာန်းသခ်ျာကို ပေါင်းလိုက်နှုတ်လိုက်နဲ့   ကျွမ်းကျင်စွာ ကစားတတ်နေပေါ့ ။ ဒီတော့ လက်တွေ့  ဆင်းသည့်သဘော ဖြင့် ဖဲချပ်များဖြင့် ပေါင်းနှုတ် လုပ်ကြည့်သည် …။

နွေရာသီကျောင်းပိတ်ရက်ရောက်ပြီဆိုရင် ကျွန်တော်တို့တွေမှာ ကျောင်းသွားစရာမလိုတော့ တော်တော် အားနေသည် ။ကျက်စရာစာလည်းမရှိ ။  စာကျက်ရန်လည်း မလို ။( စာဆိုတာကျောင်းတက်မှ ကျက်ရသည် ဟု ထိုစဉ်က အစွဲရှိခဲ့လေသည် ။) တစ်ယောက်နဲ့တစ်ယောက် ဘာအပြိုင်အဆိုင်မှလည်းမရှိ ။ ရှေ့ကိုလည်းမျှော်မမြင်တတ် ။ လူကြီးတွေဆိုတာက လည်း စာတတ်အောင်သင်ကြ ၊ စာတတ်မှ ငါတို့လိုမဖြစ်မှာဟဲ့ လောက်သာ ဆိုဆုံးမတတ်သည် ။ စာတတ်ရင်ဘာဖြစ်မယ်တော့သူတို့မသိပါ ။ ကျောင်းအားရက်မှာ စာတွေကို ပြန်ဖတ်ဖို့  ၊ လာမယ့် နှစ်အတွက် စာတွေကို ကြို ဖတ်ကြည့်ထားဖို့ ….အင်္ဂလိပ်စာကို လေ့လာနေဖို့ ဆိုတာ တိုက်တွန်းဖို့ဝေးစွ ။အတွေးထဲမှာတောင် ရှိဟန်မတူ ။  ကျူရှင်ဆိုတာလည်းမရှိ ၊ ရှိမှန်းလည်းမသိခဲ့ ပါ ( ရွာတုန်းကပေါ့) ။ ဒီတော့ နွေရာသီဆိုတာ အအားကြီးအားကြသည့် အချိန် ပါ ။

မနက်ခင်း အိမ်အလုပ် လုပ်စရာရှိတာ ၀ိုင်းကူလုပ်ပေးရသည်။

နေ့လယ်ခင်း အချိန် ထမင်းစားပြီးတာနဲ့      ရွာကလူငယ်လူရွယ်တွေ  ရွာ့အရှေ့ဘက် သရက်တောထဲကို အလျို လျိုသွားကြတယ်။အကြီးဆုံးသရက်ပင်ကြီးရဲ့အောက်က မြေကြီးပေါ်မှာ ကောင်လေးတစ်တွေ ၀ိုင်းအုံပြီး ထိုင်နေကြတာကတော့ တစ်ခြားမဟုတ် …..လူငယ်ဖဲဝိုင်းတည်း ။ 21 ပေါက် ကစားနည်းကို ကစားကြတာပါ ။ လောင်းကြေးကတော့ တစ်ကျပ်တန်မှသည် 5 ကျပ်ထိ ထိုးခွင့်ရှိသည် ။

သရက်ပင်ကြိးရဲ့ အရိပ်အာဝါသကလည်း ကောင်းပါဘိ ။ ရွာ ရဲ့   အဲယားကွန်းလို့တောင် တင်စားရမလို ။

ဖဲဝိုင်းက လူ 6ယောက်ဝိုင်း ဆိုပေမင့် နောက်ကနေ၀ိုင်းအုံကြည့်ကြသည်က ထိုထက် 2 ဆ ဆိုတော့၊  ကြာတော့ အဲယားကွန်းလည်း မခံနိုင် ။ ပူအိုက်လာရသည် ။ ချွေးသံတရဲရဲ ဖြစ်လာသည် ။ သည် ကြားထဲ ဖုန်မှုန့်နံ နဲ့   ရောပြီး ငြီးစိစိ အောက်သက်သက် အနံ့  နံလာသည် ။တစ်ခါတစ်ရံ မည်သူတစ်ဦးတစ်ယောက်ကများ ထသွားရင် သူ့   ၀ိုင်း လူဦးမှာ ဆိုး၍ထင့် နေရာမှာပင် လေလည်လွတ်သည့် အနံ့    ……အို အနံ့ ပေါင်းစုံ ကို ကြံ့ ကြံ့ ခံ အန်တု ကြသည် ။ဘယ်လောက်ပင် ဖုန်နံ့   ချွေးနံ့  နံ စေကာမှု ၊  ဖဲအပေါ်မှာထားရှိကြသည့် ချစ်ချင်းတရားကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ မလွန်ဆန်နိုင်ကြ ။ပေကပ်၍သာထိုင်ကြသည် ။

သည်လို နှင့် သူကစားတာ ထိုင်ကြည့် ….ထိုင်ကြည့် အဆင့်မှသည်….၀င်ထိုင်အဆင့်သို့ တမဟုတ်ချင်း ရောက်သည် ။ နောက် တစ်ရက်နေတော့ ကျွမ်းကျင်အဆင့် ရောက်သည် ။ ကျွမ်း ကျင်အဆင့် ဆိုတာက  ပေါင်းတတ်နှုတ်တတ်ကို ဆိုလိုသည်မဟုတ်…လိမ်တတ်ကောက်တတ် ၊ ဟန် အမှုအရာလုပ်တတ်သည့် အဆင့်ကို ဆိုလိုသည်  ။

ကျွန်တော်က အစွဲ အလမ်းကြီးသည် ။ ဖဲ ကို မှ မဟုတ် ပန်းချီ ကို ရူးတုန်းကလည်း အရူးအမူး၊ ဒါ့အပြင် ကဗျာစပ်ခြင်း ၊ စာရေးခြင်း ၊ စတာတွေ မှာ စွဲမိပြီဆိုက တော်တော်ဖြတ်မရ ။ကျောင်းစာ ရှိသေးတယ်ဆိုတာကို အမှတ်မရတော့ သည်အထိ ။ ကျွန်တော့် အဖေဘက်က အမျိုးတော်သူ ဦးလေးတစ်ယောက်နဲ့ တူသည် ဟု အမေကပြောပြသည် ။ထို သူက ဖဲကို အင်မတန်ဝါသနာထုံသည် ။ နယ်တကာ ရွာတကာလှည့် ရိုက်သည် ။ ဖဲဝိုင်း ထိုင်ရပြီဆိုပါက မနက် ခင်းက စထိုင်ရင် နောက်နေ့ မနက်ထိ ထိုင်နိုင်သည် ။ သေးပေါက်တောင်မထဟု ပြော စမှတ်ရှိသည် ။

ကျွန်တော်တို့လူငယ်တွေ နေ့လည်ရောက်ရင် သရက်ပင်ကြီးအောက် အမြဲရှိကြသည် ။ ပိုက်စံပြတ်လျင် အိမ်က ထန်းလျက်တောင်းထဲက ထန်းလျက်ခဲ (လက်နဲ့ ) နှစ်ကုပ်သုံးစာကုပ်လောက်ကို ခါးပုံစာ ထဲ ထည့် ယူသွားသည် ။ ပြီး ဆိုင်မှာ ၀င် ၍ ထန်းလျက်ရောင်းသည် ။ ရသည့် ပိုက်ဆံအားလုံးကို ဖဲဝိုင်းမှာ ဦးသုံးကြိမ်ချ ကန်တော့ပြီး မှ ပြန်သည် ။ ရှုံးသည့်အခါ ရှိသလို ၊ နိုင်သည့် အခါလည်း ရှိပါသည် ။ ရှုံး သည့် အကြိမ်က ဆယ်လေးတစ်လေး သာသည် ဟုထင်ပါသည် ။ မည်သို့ပင် ရှုံးစေကာမှု …ကျွန်ုပ်ကား ဇနက ဇွဲ မျိုးကို  ပိုင်ထားသူ ဖြစ်သည့်အလျောက် …. ထန်းလျက်တစ်တောင်း လုံး ကုန်သွားလည်း     ခိုးရောင်းသည့်အမှု ကို တော့ လစ်ဟင်း လိမ့်မည်မဟုတ်ချေ ။ ကျွန်ုပ် ဇွဲကောင်းနေသည် ကို အိမ်က မသိမဟုတ် ၊ ပို မဆိုးသေးလို့သာ အသာ လွတ်ထားခြင်းဖြစ်သည် ။

ကြာလာတော့ ဖဲကစားရတာ နေ့ခင်းနဲ့တင် အားမရတော့ ၊ အချိန်မလောက်တော့ ၊ ။ ညဘက်ကို ပါ အချိန်ပိုင်းဝင် ကစားလာသည်။လပြည့် ညနှင့် လထိန်ထိန်သာသည့် ညများ ဆိုရင် ထခုန်မိမတတ်ဝမ်းသာသည် ။ ( ကျွန်တော်ပြန်စဉ်းစားကြည့်မိသည် ။ထိုအပျော်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးထူးချွန်ချွန် အောင်တုန်းက ပျော်သည့် အပျော်အောက်မလျော့သည့် အပျော်မျိုးဖြစ်ခဲ့သည်။ ) လရဲ့ အလင်းရောင် ဟာ ကျွန်တော်တို့လို တောဒေသအတွက် အားကောင်းသည့် မာကျူရီမီး…။

နေ့ခင်းလည်းဖဲ    ညလည်းဖဲ ဆိုတော့ အဖေလုပ်သူက သတိပေးသည်။ ညည ဖဲမကစားနဲ့    အမိန့်ထုတ်သည် ။ မရ ၊ ကစားမြဲ။ ပြောင်ကစားလို့မရတော့ လူမသိအောင်ကစားကြသည် ။

တစ်ညတော့ ရွာ၏အရှေ့ဘက် ယာခင်းပြင်ကြီးထဲတွင် ဖဲဝိုင်းထောင်သည်  ။ လကြီးကလည်း သာလှ ပါဘိတောင်း ။ လူ ငယ် 6 ယောက် ။ယာခင်းထဲတွင် ပဲစဥ်းငုံရိုး တွေကို စုပြီးပုံးထားသည့် အပုံ ကြီး 3 ပုံ 4 ပုံလောက်ရှိသည် ။ ထိုပဲစဉ်းငုံပုံကြိးကိုအကာအကွယ်ယူ၍ 6 ယောက်သား တိုးညင်းစွား ဖဲကစားနေကြသည် ။

ဖဲကလည်း အထူးကစားလို့ကောင်းနေသည် ။ တော်တော်လည်း နိုင်နေသည်။  တစ်နာရီး ပြီး တစ်နာရီ ကုန်သွားသည် ။ လကလည်း တဖြည်းဖြည်း တက်လာသည် ။ အလင်းရောင်က ပိုလို့ကြည်တောက်လာသည် ။ ရွာဗွီဒီယို ရုံကလည်း ဇာတ်ကားကြေငြာနေပြီ ။ လူသိမှာ စိုး၍ အသံကို ကြားရရုံမျှသာ ခပ်အုပ်အုပ် ပြောကြသည်။

တိတ်ဆိတ်သော ည၀ယ် ကြည်လင်တောက်ပနေသည့် လရောင်ဖွေးဖွေးအောက်မှာ တရိပ်ရိပ်လှုပ်ရှားနေသည့် လူ 6ယောက် ကား လရောင်အောက်ဝယ် အဖွေးသား ..။ အားလုံး က ဈာန်ဝင်နေကြသည် ။ အချိန်လင့်လို့လင့်မှန်းပင်မသိလိုက်ကြ ။ ခဏနေတော့ အသံတစ်သံကို ကြားလိုက်မိသလို …ဘာလိုလို ။ အို နားကြားလွဲတာနေမှာပါလေ ဆိုပြီး လက်ထဲက  ဖဲချပ်ကို ဇိမ်နဲ့    တဖြည်းဖြည်းချင်း ပွတ်ရှပ်ကြည့်နေသည် ။ ဖဲက အပွင့်ကြီးသည် ။ ပျော်သွားသည် ။  ကဲ မင်း ထပ်ယူဦးမှာလား …တော်ပြီလား ဟု စကားမှမဆုံးသေး

ဟေ့ကောင်တွေ ….ဘာလုပ်နေတာတုန်း လို့မေးနေတာ ဆိုပြီး ပဲစဉ်းငုံရိုးပုံအကွယ်မှ ဘွားခနဲပေါ်လာသည့် လူရိပ်တစ်ခု ။ အားလုံးငေးကြောင်ကုန်ကြသည် ။ ၀ုန်းခနဲထခုန်ကာ နွားလားတစ်ကောင် ၏ အလျင်နှုန်းဖြင့် ထယ်ရေးနယ်ထားသည့်  ယာ ခင်းထဲမှာ ဥိးတည်ရာ သို့    အားကုန်သုတ်ပြေးသည် ။ ဖင်ခုထိုင်ထားသည့် ဖိနပ်ကို ပင် မယူနိုင် ။ လက်ထဲ ကိုင်းထားသည့် ပိုက်ဆံလေး 10 လောက်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင်စုပ်ကာ ပြေးရသည် ။ ထိုသူက ( မပြောမဆိုတော့မဟုတ်) ပြောပြောဆိုဆို ပင် လက်ထဲမှာ ကိုင်လာသည့်  ပဲစဉ်းငုံရိုး ဖြင့် ရွှမ်းရွှမ်းမြည်အောင် ရိုက်သည် ။ ကျွန်တော့် ဘေးက ကောင်တစ်ယောက်ကျောကုန်းကို ထိသည် ။ အမလေး ကြောက်ပါပြီဗျ ဟု အော်သံ လို လို  ၊ တောင်းပန်သံလို လို အသံခပ်ယဲ့ယဲ့ကို ကြားလိုက်ရလေသည် ..။ လိုက်ရိုက်သည့် ထိုလူကြီးကို လည်း လှည့် မကြည့်နိုင်အား ။

တစ်ဧကသာသာကျယ်သည့် ထယ်ရေးနယ်ထားသည့် လယ်ကွင်းထဲတွင်….ထိုသူအပါအ၀င် 7 ယောက်သား တ၀ုန်းဝုန်း …။ တစ်ယောက် က ဖိနပ်တစ်ဖက် ပြတ်သွားသည် ။ အရေးထဲ ကျွန်တော့် ခါးဝတ်ပုဆိုးက ပြေသွားသည် ။ ၀တ်မနေနိုင် ။ လယ်ပင်းကို စလွယ်သိုင်းကာ သုတ်ချေတင်ရသည် ။ ထိုအချိန်တွင်မှဖနှောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ဆိုသည့် စကားကို အပြည့် အ၀ သည်းချေခိုက် နားလည်သွားတော့သည်။

သည်လိုနဲ့ ချေဦးတည့် ပြေးမိပြေးရာပြေးခဲ့ရာ က ယာခင်း က ဆုံးချေပြီ ။ ရှေ့မှာ က စည်းခတ်ထားသည့် ဆူးခြုံများသည်ရှိတော့သည် ။ခက်ချေပြီ။ ပြန်လှည့်ပြီးလာလမ်းအတိုင်း အနောက်ပေါက်ကပြန်ပြေး မည်ဆိုပါကလည်း လွတ်လမ်းမမြင် ။ ဘယ်သူမှလည်း နောက်ပြန်ပြေးမည့် ပုံမပေါ် ။ အားလုံး ခပ်မိုက်မိုက်တွေချည်းမို့   ။  အားလုံးဆူးရိုးကို ခုန်ကျော်ကြသည် ။ လွှားခနဲ ..လွှားခနဲ ။  တစ်ယောက်သောသူ သာ ပုဆိုးနဲ့   ဆူးခက်တစ်ခုနဲ့  ငြိပြီး လူရော ဆူးခတ်ကြီးရောပါ ၀ရုန်းသုန်းကားဖြစ်သွားတာ တစ်ခုပဲ ရှိသည် ။ အားလုံး အောင်မြင်ကြသည် ။ ထိုလူကြီးမှာ မကျော်နိုင် ။ လာလမ်းအတိုင်း ပြန်လှည့်သွားသည် ။  ကြောက်ဒူးတွေတုန်သည် ။ ရင်တွေလည်း လှပ်လှပ်လှပ်လှပ် တုန်သည် ။ ဒိလိုနဲ့   ရွာထဲလမ်းအတိုင်းပြန်ဝင်ကြသည် ။ ဗွီဒီယိုရုံကို တန်းသွားကြသည် ။ ဟို ရောက်တော့   ရေအရင်သောက်ရသည် ။ ကြောက်စိတ်ကတော့ နည်းနည်းမှ လျော့မသွားခဲ့ ။

ခဏနေမှ ဟေ့ကောင်တွေ ငါတို့ကို လိုက်ရိုက်တာ ဘယ်သူတုန်းဟ..မေးကြည့်မှ ။ ဦးရှင်း လေကွာ ။ ကျွန်တော့် အကြောက်ဒီဂရီ 10 မှ 100 ထိ ဆတိုးတက်ခဲ့ရလေသည် ။ မတက်ခံနိုင်ရိုးလားဗျာ.. .ဥိးရှင်းဆို တာ ကျွန်တော့် အဖေ ။ ခဏနေတော့ ဗွီဒီယို ရုံထဲဝင်ထိုင်ကြသည် ။ ဇာတ်ကားသာဆုံးသွားသည် ဘာပြသွားမှန်း မသိခဲ့ ။ အဖြစ်အပျက်ကို တွေးမိတိုင်းသာ နှစ်လုံးခုန်မြန်တာသာ အဖတ်တင်ခဲ့သည် ။ပြီးအရွယ်နဲ့မလိုက်  မိမိ ကျော်ခွ လာခဲ့ သည့် ဆူးရိုးကို လည်း မျက်စိထဲ က မြင်ယောင်ပြီး ကြက်သီးဖြန်းဖြန်းထလေသည် ။

ဇာတ်ကားပြိးလို့ အိမ်ပြန်ရောက်တော့….အိမ်ပေါ်တက်ပြီး အဘကြီးအမေကြိးတို့ ကြားဝင်အိပ်လိုက်သည် ။ ( ပုံမှန်အားဖြင့် ကျွန်တော်က အဖေအမေတို့နဲ့ အိပ်သည်)။ မျက်လုံးကို စုံမှတ်ပြီးအိပ်ဖို့ကြိုးစားသော်လည်း ….ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သာ မျက်လုံးထဲမြင်ယောင်နေခဲ့သည် ။ နောင်မလုပ်တော့ဖို့ကို လည်းမိမိကိုမိမိ ဂတိတွေ အကြိမ်ကြိမ်ပေးမိခဲ့လေသည် ။အတော်လေးကြာမှ စဉ်းစားရင်း အိပ်မောကြသွားလေသည် ။ အိပ်မက်ထဲ့တွင်တော့ နံနက်ခင်း မိုးမလင်းမီ  သူများတွေမထခင် အချိန်မှာ ယာခင်းထဲတစ်ခေါက်ပြန် သွားပြီး ကျန်နေခဲ့သည့် ပိုက်ဆံတစ်ချို့ကို လိုက်လံရှာဖွေနေခဲ့လေသည်……………….. ။

Posted by: zawmyohtet123 | November 22, 2010

27.10.2010
နှင်းတွေကျတဲ.တစ်နေ.ပါ…ကျောင်

းကအပြန်..မီသရိုကအထွက်…အပြင်လမ်းမပေါ်မှာ…ဖွေးဖွေးဖြူနေတဲ. ကောဇောတစ်ချပ်ဖြန်.ခင်.ထားသလို .
နှင်းမှုန်တွ အဆုပ်လိုက်ပြန်.ကျဲလို.နေတယ်…ကောင်းကင်ကနေ အဖြူရောင်နှင်းဖတ်တွေ ဖွေးဖွေးလှုပ်အောင် ကျနေလိုက်တာ…အရမ်းကြည.်လို.ကောင်းပါတယ်
ကျွန်တော်ကိုယ်ပေါ်မှာ တင်ကျန်ခဲ.တဲ.နှင်းမှုန်လေးတွေကို လက်နဲ.ထိကြည်.တော. …ရေအဖြစ်ပြောင်းလဲသွားတယ်…ကျွန်တော်.ရှိချိန်သတိထားမိသလောက် ဒါဟာမော်စကိုရဲ.ပထမဆုံးနှင်းပါပဲ
လူသွားလမ်းရဲ.ဘေးမှာတော. ဆောင်းတွင်းရဲ.အအေးဒဏ်ကြောင်. သစ်ရွက်တွေ မနေနိုင်တော.တဲ. လူလုပ်သစ်တောငယ်လေးရဲ. ကြမ်းပြင်ဟာ
အဖြူရောင် ကောဇောအတိဖြစ်လို.နေတယ်….ကြည်ပြီးတောက်နေတဲ. နှင်းရဲ.အဖြူရောင်ဟာ…မှောင်ရီပျိုးစ ပတ်ဝန်းကျင်တောင်လင်းထိန်သွားသလိုပဲ..
နှင်းတွေကြောင်. လျှောက်နေကျ လမ်းရဲ. ပတ်ဝန်းကျင်ဟာ  လျှောက်ဖူးတဲ.လမ်းမဟုတ်တော.ဘဲ  မလျှောက်ဖူးတဲ.လမ်းကလေးအ ဖြစ်  အရောင်ပြောင်းလဲသွားတော.တယ်..
နှင်းကို ဒီမှာတော. 2 မျိုးခေါ်ကြတယ်…ပတ်ဝန်းကျင်ကိုမီးခိုးလိုမှုန်နေအောင် ကျတဲ. မြန်မာပြည်လိုနှင်းမျိုးကို (снег…စညပ်(ဂ်) ) လို.ခေါ်တယ်ဗျ
ခုလို မိုးရွာသလိုမျိုး ..၀ါဂွမ်းတွေ လေထဲလွင်.နေသလိုမျိုး အဆုပ်လိုက်ကျတဲ. နှင်းမိုးတွေကိုတော. ( мороз ..မာရို.(ဇ်)) လို.ခေါ်တယ်…ကျောင်းမှာ သင်နေရတဲ. မာရို. သီချင်းလေးကိုသတိရသွားစေတယ်..

31.10.2010
မော်စကိုရဲ.ဆောင်းကာလဟာ အပြောင်းအလဲတွေများပါတယ်…တဖြည်.ဖြည်းအေးစိမ်.လာတဲ. အထိအတွေ.ဟာ အရမ်းကိုသိသာလာတယ်…
အပြင်ထွက်လိုက်တာနဲ. အေးစိမ်.နေတဲ. လေပြည်ညင်းရြ.အထိအတွေ.က ပါးပြင်တ၀ိုက်ကို ထုံကျင်သွားစေတယ်…ဒါမဲ. ဒီရာသီဥတုလေးမှာ လမ်းလျှောက်ရတဲ.ခံစားချက်က အရမ်းလတ်ဆတ်တယ်းး
ကြာကြာလမ်းလျှောက်လိုက်ပြီဆိုတာနဲ. နွေးထွေးလတ်ဆက်တဲ.အထိအတွေ.က အေးစက်စက်အထိအတွေ.နေရာမှာ ချွေးမထွက်ဘဲ လန်းလန်းဆန်းဆန်းရောက်လာတယ်….
မော်စကိုရောက်စ september ညနေခင်းဟာ..အချိန်ကုန်ခဲလှတဲ.ညနေခင်းတွေလေ…ည 8 နာရီထိ နေမ၀င်သေးတဲ. ညနေခင်းတွေမှာ…ကျွန်တော်တို.လမ်းလျှောက်ထွက်ခဲ.ကြတယ်..
ခဏတာမြင်လိုက်ရပြီး တစာင်းဝင်သွားတဲ. နေကိုကြည်.ပြီး  မြန်မာပြည်ကို အလွမ်းပိုတယ်…ခု ညနေခင်းတွေမှာ နေကိုမမြင်လိုက်တဲ. နေ.တွေ ကိုနေ.တိုင်းနီးပါးဖြတ်သန်းနေရပြီ
တစ်ခါစာသင်ခန်းမှာပေါ. စာသင်နေရင်း…နေအလေင်းရောင်က ရုတ်တရက်ပေါ်ထွက်လာတယ်…ပိတ်ထားတဲ.မှန်ပြတင်းပေါက်ကိုဖြတ်ပြီး အလင်းရောင်က တိုက်ရိုက်ဖောက်ဝင်လာတယ်..
ကျွန်တော်.ရှေ.မှာထိုင်နေတဲ. ဆရာမရဲ. မျက်နှာ ပေါ်ကို နေအလင်းရောင်က တိုက်ရိုက်ကျရောက်နေတယ်…မျက်လုံးကိုမှိတ်ပြီးငြိမ်နေတဲ.ဆရာမကိုကြည်.ပြီး..
နေစူးလို.ဖြစ်မှာပဲ ဆိုပြီး ပြတင်းပေါက်လိုက်ကာကို ထပိတ်လိုက်တော.  ဆရာမအလန်.တကြားပြောတယ်…မပိတ်ပါနဲ. နေအလင်းရောင်က အရမ်းတန်ဖိုးရှိတယ်တဲ….
ကျောင်းကအပြန် 4 နာရီပဲရှိသေးတဲ. ညနေခင်းတွေဟာ မှောင်စပြုနေပါပြီ…တစ်ခါတစ်ရံ စာသင်ချိန်ပြီးအပြန်နောက်ကျတဲ.ညနေ 5 နာရီဟာ…မီးတွေထိန်လင်းနေတဲ. ညကိုဖြတ်ပြီးလမ်းလျှောက်ရတဲ.ညတွေဖြစ်လာပါပြီ
အရင်က မြန်မာပြည်နဲ. မော်စကိုအချိန်ကွာခြားချက်ဟာ 23း0 ရှိရာကနေ  အခုဆောင်းတွင်းရောက်လာတော. 33း0 ဖြစ်လာပြီ….မော်စကိုမှာ ဒီဆောင်းတွင်းရောက်တာနဲ.အချိန် တစ်နာရီနောက်ဆုတ်တယ်…
ဒီနေ.မနက်ခင်း..အင်တာနက်ကအချိန်ကိုကြည်.လိုက်တော. တစ်နာရီနောက်ဆုတ်သွားတာတွေ.ရတယ်…ဒါနဲ.လက်ကနာရီကိုလည်း အချိန်တစ်နာရီနောက်ဆုတ်လိုက်ရတော.တယ်..
အင်း…ကျွန်တော်တို.ကျောင်းက ပြန်ရောက်ချိန် ညနေ53း0 ဆိုရင် မြန်မာပြည်မှာ ည 9 နာရီ လူခြေတိတ်စပြုနေပြီလေ…..

ဒီနေ့စနေနေ့ ။
ကျောင်းအားရက်။
ရုပ်ရှင်မကြည့်ဖြစ်တာတော် နှစ်ဝက်ပင်ကျော်ခဲ့ပြီမို့      စိတ်ပြေလက်ပျောက်လည်းဖြစ်   ဥိးနှောက်ဆေး တဲ့အနေနဲ့ (အကြောင်းရှာတာ) ရုပ်ရှင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်…။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကို ဖုန်းဆက်မေးကြည့်တော့ သူတို့လည်း ရုပ်ရှင်ကြည့်ချင်နေတယ်ဆိုတာနဲ့ …သူငယ်ချင်းတွေရှိရာ ကို ထွက်လာခဲ့တယ်။
ပထမဦးဆုံး လက်မှတ်အရင်သွားဝယ်တယ်..။
နေ့ခင်း 12နာရီခွဲပွဲ။ မြန်မာဟာသရုပ်ရှင်ကားကြိးတင်နေချိန်ပေါ့။
ခုမှ နံနက် 9 30 ပဲ ရှိသေးတာမို့ အချိန်အတော် ပိုနေတာနဲ့ 3 ယောက်သား မရောက်တာကြာပြီဖြစ်တဲ့ မန္တလေးတောင် ကို  ဆိုင်ကယ်နဲ့ တက်ဖို့ ခေါင်းငြိတ် ဖြစ်ခဲ့ တယ် ။

မန္တလေးမြို့   ကြီး ရဲ့ တည်ငြိမ်ပြီး အေးချမ်းတဲ့ ဆောင်းမနက်ခင်း ရဲ့ အလှကို    တောင်ပေါ်ကနေ စီးကြည့်ရတော့ အင်မတန်စိတ်ငြိမ်းချမ်း ကြည်နှုးစရာကောင်းလိုက်တာ လေ ..။ စိမ်းစိမ်းစိုစို အပင်တွေ အရောင်အသွေးစုံတဲ့ ပန်းမန်တွေနဲ့ အုပ်ကာထားတဲ့ မန္တတောင်ကြီးရဲ့ အလှအပ …အရပ်လေးမျက်နှာမှာ ၀ိုင်းကာထားတဲ့ လယ်ကွင်းစိမ်းစိမ်းတွေရဲ့ ပသာဒ ၊ ဟို မြောက်ဘက်ကို မျှော်ကြည့်လိုက်ရင်လေ မတ္တရာဘက်ကို သွားတဲ့ တောတန်းစိမ်းညို့ညို့….။ ၊ ကျုံးပတ်လည်ဝိုင်းကာထားတဲ့နန်းတွင်းရဲ့ အလှ ။
ဟိုအနောက်ဘက်မှာ မြွေတစ်ကောင်ကို ကွေ့ကောက်တွန့်လိမ်စီးဆင်းနေတဲ့ ဧရာဝတီရဲ့ အလှ..။ အို စုံလို့ပေါ့ …မြင်တွေ့ခံစားခဲ့ကြ ။

တောင်ပေါ်ကဆင်းတော့ ကုသိုလ်တော်ဘုရားကို ၀င်တယ်။ ဒီလို့နဲ့ 12 နာရီထိုးသွားခဲ့တယ်။
ရုပ်ရှင်ချိန်ကလည်းနီးနေပြီမို့…. 3ယောက်သားဆိုင်ကယ်ကို ခပ်သွက်သွက်လေးစီးလာခဲ့ကြတယ် ။ ဟိုရောက်တော့ အပြင်မှာလူတွေတောင်မတွေ့တော့ဘူး ။
ရုံထဲတောင်ဝင်ကုန်ကြပြီ ။ ကျွန်တော်တို့လည်း ရုံထဲဝင်ပြီး မိမိနေရာကို အသီးသီး ၀င်ထိုင်ခဲ့ကြတယ် ။ကျွန်တော်တို့ က အောက်ထပ် ရုံရဲ့အလယ် တစ်နေရာမှာ…။

ရုံးပိတ်ရက်မို့ထင်ပါတယ်..ပရိတ်သတ်ကတော့ အပြည့်နီးပါးပဲ ။ ရုပ်ရှင် မပြခင် စကားတွေဖောင်နေအောင်ပြောနေကြတယ်။ ရယ်မောသံ နောက်ပြောင်သံ ၊ နေကြာစေ့ ကွာစေ့ နွှာသံ ၀ါးသံတွေ တဖြောက်ဖြောက်ကြားရတယ်။

ကျွန်တော်တို့ထိုင်တဲ့ခုံနောက်က တက္ကသိုလ်ကျောင်းသားကျောင်းသူ သူငယ်ချင်းတစ်စုထင်ပါ့ ….စလိုက်နောက်လိုက်ပြောင်လိုက် ရယ်လိုက် မောလိုက်…တော်တော်ကို အပူအပင်ကင်းမဲ့စွာ ..။ ကျွန်တော်တို့ရှေ့မှာထိုင်တာက သိပ်ကြည်နှုးနေကြသည့် အတွဲ နှစ်တွဲ ..။ ရုံထဲမှာကတော့ အသက်အရွယ်အပိုင်းအခြားမျိုးစုံ လူ တန်းစားမျိုးစုံ လာကြည့်ကြတယ်။

ထုံးစံအတိုင်း ရုပ်ရှင်မပြမီ ရုပ်ရှင်ရုံပိတ်ကားထက်ကနေ သတိပေး ကြေငြာစာများ ၊ မိးသတိပြုပါဆိုတဲ့ စာတန်းပေါ်လာတယ် ။တစ်ဆက်တည်းမှာပဲ နှုတ်ခွန်းဆက်စာတန်းများကိုပြသည်။
ထို့နောက်မှာတော့… ‘မျိုးချစ်စိတ်ရှင်သန်ထက်မြတ်သူတိုင်း မိမိနိုင်ငံတော်အလံကို အလေးပြုကြသည် ဆိုတဲ့ စာတန်းပေါ်လာပြီးသည်နှင့်တပြိုင်နက် နိုင်ငံတော်သီချင်းကို စလွင့်သည် ။ ရုပ်ရှင်ပိတ်ကားထက်မှာ တဖြတ်ဖြတ်လူးလွင့်နေသည့် နိုင်ငံတော်အလံကြီး ….အနီရင်ရောင် အောက်ခံပေါ်မှာ စက်မှုလယ်ယာနိုင်ငံတော်ကိုကိုယ်စားပြုသည့် သင်္ကေတ နှင့် အတူ ၀န်းရံထားသည့် ပြည်နယ်နှင့်တိုင်း 14 ခု ကို ကိုယ်စားပြုသည့် ကြယ်14လုံး ….။ ကျွန်တော်တို့သူငယ်ချင်း 3 ယောက် အပြင် လူတစ်ချို့ထမတ်တပ်ရပ် အလေးပြုကြတာကို တွေ့  ရသည်။

ရှေ့ နားမှာထိုင်သည့်အတွဲက ရေးရေးမှမလှုပ် ..။ နောက်နားက ကျောင်းသားတွေကတော့ ခဏတစ်ဖြုတ် အစပိုင်းလေး ထရပ်သည် ။သီချင်းအလယ် တောင်မရောက် ခင် ပြန်ထိုင်ကြသည်။ ၀တ်ကြေတမ်းကျေ သဘောကို တွေ့ လိုက်ရသည်။ မကောင်းတတ်လို့ ဆိုသည့် သဘောကိုတွေ့လိုက်ရသည်။ ထိုထက်ပိုဆိုးသည်ကား ခပ်လှမ်းလှမ်းတစ်နေရာမှ ပြောသံတစ်ခုကြားလိုက်ရသည်။ ထမနေပါနဲ့ ဘာမှ မဟုတ်ပါဘူး..တဲ့ ။
သီချင်းဆုံးသည် အထိသတိအနေအထားဖြင့် ပိတ်ကားထက်မှ တဖြတ်ဖြတ်လူးလွင့်အောင်ပွဲခံနေသည် နိုင်ငံတော်အလံတော်ကို အလေးပြုနေသည်ကား ကျွန်တော်တို့ရယ် ဘေး တစ်ဖက်တစ်ခက် ခပ်လှမ်းလှမ်း အတန်းမှ လူ 3 လေး ယောက် ရယ် ..။ ဒါပဲ ။ ဒါပဲ ။
သီချင်းဆုံးသည် အထိ မလှုပ်မရှက် ရပ်နေသည့် ကျွန်တော်တို့ ကို အတော် ကြောက်တဲ့ အ အ တွေလို့ထင်နေပုံ ရသည်…။ ခိုးခိုးခစ်ခစ် ရယ်သံကြားရသည်။ သီချင်းဆုံးတော့ ဦးခေါင်း အသာ ဦးညွတ်ပြီး ထိုင်ခုံပေါ်ပြန်ထိုင်မိသည် ။ ရင် လေး မိသည် ။ ၀မ်းနည်းမိသည် ။

နိုင်ငံတော်အလံကို အလေးပြုတာ ရှက်စရာလိုလို …အ တာလိုလို ၊ ကြောက်တာလိုလို ထင်နေသည့် သူများ………။

ကျွန်တော်အတွေးဝင်မိသည် …။ ဆရာမကြီးမတင်ဝင်း ရေနံချောင်းကျောင်းအုပ်ကြိးဘ၀တုန်းက သူ့တပည့်တွေကို ဆိုဆုံးမပုံကို နားထဲပြန်ကြားနေမိသည် ။

state ကျောင်းသားဘ၀ကဆိုရင် ကျောင်းဆင်းကျောင်းတက် နိုင်ငံတော်သီချင်းဆိုကြရသည် ၊ နိုင်ငံတော်အလံကို အလေးပြုကြရပါသည် ။
ညနေကျောင်းဆင်းချိန်ဆို ကျောင်းသားတွေက ဂနာမငြိမ်တော့  ။ အိမ်ပြန်ချင်စိတ်က ကြီးစိုးနေသည် …။ နိုင်ငံတော်သီချင်းကို လည်း လိုက်မဆို ။အလေးလည်းကောင်းကောင်းမပြု ။ တစ်ချို့ က ခြေတစ်ဖက်ကို အခန်းအပြင်ထုတ်ထားသည် ။ တစ်ချို့ကတော့ လွယ်အိတ်ကောက်ယူနေရရင် အချိန် 2 စက္ကမျှပုပ်သွားမည်ကို အထူးစိုးရိမ်သဖြင့် လွယ်အိတ်ကို ကြိုတင်လွယ်ထားကြသည် ။ စာအုပ်ကို ပိုက်ထားသည် ။ထမင်းချိုင့်ကို လက်က စွဲထားသည် ။ ဆရာဆရာမတွေ ဘယ်လိုပြောပြော မရ ၊ ပြောတုန်းခဏသာ ။

တစ်နေ့တော့ ကျောင်းအုပ်ကြီးက assemblyတွင် မိန့် ခွန်း ( သြ၀ါဒစကား) ပြောသည် ။
သားတို့ သမီးတို့ …… ဟိုး အလံတိုင်ထိပ်မှာ တဖျတ်ဖျတ်လွင့်နေတဲ့ နိုင်ငံတော်အလံကိုမြင်ကြရဲ့လား ..လို့မေးလိုက်တယ် ။ မြင်ပါတယ်ဆရာမကြီးပေါ့ ။
အေး..မှတ်ထားတပည့်တို့ နိုင်ငံတော်အလံလွှင့်တင်နိုင်တဲ့ နိုင်ငံတိုင်းဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်..။
တပည့်တို့ ခု လို လွတ်လွတ်လပ်လပ် ကစားနေနိုင် …ကျောင်းတက်နေနိုင် တာဟာ လွတ်လပ်ရေးကို အသက်နဲ့ရင်း သွေးနဲ့ရင်းပြီး ပြန်လည်ရယူပေးခဲ့တဲ့ မင်းတို့ရဲ့ နောင်တော်ကြီးတွေ ဘိုးဘွားတွေကြောင့် ခုလို နေနိုင်တာပဲ။

နိုင်ငံတော်အလံရဲ့ အောက်ခံအနီရောင် ဟာ သူတို့ ရဲ့သွေးတွေပဲ….။ မင်းတို့နောင်လာနောက်သားတွေ အေးအေးချမ်းချမ်းလွတ်လွတ်လပ်လပ် နေနိုင်ဖို့အတွက် သူတို့ရဲ့ သွေးတွေ ချွေးတွေ အသက်တွေကို ရင်းပြီ လွတ်လပ်ရေးကို ပြန်ရယူပေးခဲ့ကြတာ ..အင်မတန်ကျေးဇူးကြီးပါတယ်။
ဒါကြောင့် နိုင်ငံတော်အလံကို မလေးမစားလုပ်သင့်သလား ။ သူတို့ကို ကျေးဇူးကန်းသင့်သလား ….။ ဒါမှမဟုတ်နိုင်ငံတော် အလံကို မြင်တိုင်း သူတို့ ရဲ့ ကျေးဇူးကို အောက်မေ့ အလေးပြုသလား ..။
ကျောင်းသားတွေ အားလုံးငြိမ်ကျသွားသည် ။
ဆရာမကြိး၏ သြ၀ါဒစကား အောင်မြင်သည်ဆိုရမည်….နောက်နေ့တွေတွင် ကျောင်းသားတွေ နိုင်ငံတော်အလံကို လေးလေးစားစား ဂုဏ်ပြုကြတာကိုတွေ့ရသည်။ နိုင်ငံတော်သီချင်းကို လည်း အားမာန်အပြည့်ဖြင့် သီဆိုလာကြရင်း နောင်တော်ကြီးများ၏ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြန်လည်မြင်ယောင် နေကြလေပြီ…..။
ကျွန်တော်အတွေးဆုံးတော့ ဇာတ်ဝင်ခန်းတစ်ခန်းပင် ပြီးသွားလေးပြီ ..။ ပရိတ်သတ်ကတော့ တအုံးအုံးပွဲကျနေလေသည် ။
စိတ်ထဲမှလည်း တိးတိုး ရေရွတ်မိပါသည် ။ ခုလို အေးအေးချမ်းချမ်း စိတ်အပန်းဖြေနိုင်ကြတာ ဟာဘယ်သူကြောင့်လို့ထင်သလဲ ….။ ဇာတ်ကားမပြမီ ပိတ်ကားထက်မှာ တဖျတ်ဖျတ်လွင့်နေတဲ့ နိုင်ငံတော်အလံကြောင့်ပဲ….။ လွတ်လပ်ရေးကို အသက်စွန့် ပြီး ရယူခဲ့ကြတဲ့ နောင်တော်ကြိးတွေရဲ့ သွေးတွေကြောင့်ပဲ…..။ သူတို့စွန့်လို့ ခင်ဗျားတို့ ကျွန်တော်တို့ စားနေကြရတာပါဗျာ…။ မြန်မာတွေဟာ အင်မတန် ကျေးဇူးသိတတ်သူတွေပါ…..။

 

Posted by: zawmyohtet123 | October 17, 2010

Oct 1, 2010
မော်စကို ရောက်တာ တစ်လပြည်.ပါပြီ….သူစိမ်းဆန်နေသေးတဲ့ ရာသီဥတုကိုတော့  အန်တုနေရဆဲပါပဲ။ +၂ လောက် ပဲ ရှိတဲ့   အအေးဒဏ်ကိုတော့ အတော်အတန်ခံနိုင်ရည်ရှိနေကြပါပြီ ။

နောက်ထပ်ဖြစ်လာမယ်. – ၂၀ ထိကို ခံနိုင်ရည်ရှိနေရဦးမယ်။ ဘာမှမ၀တ်သေးခင် thermal wear တစ်စုံ အရင်ကောက်စွတ်မယ်။
ပြီးရင်ဂျင်းဘောင်ဘီထူထူလေးဝတ်ရမယ်။
ဆောင်းတွင်းစီးဖိနပ် ကို  ခြေအိတ် ထူထူခံစီးလိုက်မယ်။
ပြီးရင်..Thermalwear အပေါက..တီရှပ်တစ်ထည်စွတ်လိုက်မယ်။အဲအပေါ်မှာ စွယ်တာထူထူထပ်လိုက်မယ် ။
အဲအပေါ်ကထပ်ပြီး သားရေဂျာကင်ထူထူကို ဇစ်ပြည်.တပ်ပြီးဝတ်ထားမယ်။
ပြီးရင်..သားမွေးခေါင်းစွတ်တစ်လုံးကိုနားရွက်လုံအောင်ထိဖိဆောင်းထားမယ်။
လက်အိပ်စွတ်မယ် ။
လည်ပင်းနေရာနဲ.မျက်နှာကိုတော. မာဖလာကြီးကြီးလေး ပတ်ထားလိုက်ရင်ပြီးပြည့် စုံတဲ့ ဆောင်းဝတ်စုံဖြစ်သွားပြီပေါ့.။
နောက်ဆုံး..တစ်ကိုယ်လုံးမှာမျက်လုံး ၂ လုံးလေးပဲကျန်တော.တယ်။
ဒါကလာမယ်. ဆောင်းကို အန်တုဖို. ကြိုတင်ပြင်ဆင်ထားတာဗျ ။
မော်စကိုမြု.သူ မြို.သား..နယ်ခံလူတွေကတော. အတော်စမတ်ကျအောင်ဝတ်စားတတ်ကြတာက်ုတွေ.ရမယ်။
အကျီ ဘောင်းဘီ..ကိုယ်ထည်နဲ. ကွတ်တိအပိုလိုမရှိ ချပ်ချပ်ရပ်ရပ်ဝတ်တတ်ကြတယ်.။
ဒါမဲ.အခန်းမှာတော. HEATER ရှိတဲ.အတွက်..သာမာန်ဝတ်ထားလို.ရတယ်ဗျ…မအေးဘူး…အပြင်ထွက်လိုက်ရင်တော.တော်တော်လေးအေးတယ် ။
တစ်ရက်တော. ဗီဇာ ကိစ္စလုပ်ဖို. ဘေးကအဆောင်ကိုသွားတာ…ခဏပဲလေဆိုပြီး..မြန်မာကွင်းထိုး ဖိနပ်နဲ.ရိုးရိုးလေးဆင်းလိုက်တာ….ခြေချောင်းတွေ ကျင်ပြီး အေးကိုက်လာလို.
တစ်ဆောင်နဲ.တစ်ဆောင်ကြားပြေးကူးလိုက်ရတယ်…မြင်တဲ.သူတွေက ရယ်ကြတယ်ဗျ..
သူတို.ဆီမှာဖိနပ်စီးရင်..ခြေချောင်းပေါအောင် ဘယ်တော.မှမစီးဘူးဗျ…ရိုင်းတယ်တဲ. (အေးလို.လည်းဖြစ်နိုင်ပါတယ်)…ကွင်းထို.စီးရင်လည်း.ခြေအိပ်ခံစီးရတော.တယ်…..

Oct 5,2010
ကျွန်တော်တို.သွားနေရတဲ. ကျောင်းဟာ အတော်လေးဝေးပေမယ်. နေ.တိုင်းသွားနေ၇တော.လည်း နီးနီးလေးထင်နေပါပြီ။ မီသရို (မြေအောက်၇ထား) စီးချိန်..၄၅ မိနစ်ကတော.
မပြောင်းလဲတဲ.အချိန်ပါပဲ ။ ဘာလို.လဲဆိုတော့  ရထားတစ်စီးနဲ.တစ်စီးဟာ စက္ကန်. ၅၀ ပဲကွာတယ်။ အရှိန်လည်းမြန်..အချိန်မှန်တော..ကျောင်းသွားချိန်ကို ကွက်တိစီစဉ်လို.ရ.တယ်လေ ။
ကျောင်းနောက်ကျတာကိုတော.  မကြိုက်ကြဘူး..နောက်ကျရင်လည်းမ၀င်ရတော.ဘူးဗျ။ ဘာကြောင်.ပဲပျက်ပျက်…စာသင်ချိန်မှာမရှိရင် ပျက်ကွက်မှတ်တယ်.။
နားမလည်တာကို နားလည်အောင်သေချာသင်ပြပေးတယ်။

ကျွန်တော်စဉ်းစားမိတယ်..english လို barrier တစ်ခုသာကျွန်တောတို.မှာရှိမထားရင်……
ရုရှားစာ သင်ရတာ ပိုလွယ်မလား…ပိုခက်မလားလို.ပေါ…….ဘာသာစကားကိုများများတတ်ထားလေ..ပိုကောင်းလေပါပဲ ။
ဒီမှာအနေကြာပြီဖြစ်တဲ.  တရုတ်…မလေး ကျောင်းသားတွေကတော. နယ်ခံ့လို ပြောဆိုတတ်နေပြီ…..ကျွန်တော်တို.ရှေ.ပတ်စဉ်ကစီနီယာတွေလည်း
ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနေကြတာကိုတွေ.၇တယ်။ ဘာသာစကားတစ်ခုဟာ အမြဲတမ်းထိတွေ.နေရင်..သင်ယူတတ်မြောက်ဖို.လွယ်ကူပါတယ် ။
ဒါမဲ. ဟန်ချက်ညီဖို.တော. အရေးကြီးမယ်ထင်တယ်….. writing skill, listening skill, speaking skill, reading skill တွေဟာ…သူ.အကန်.နဲ.သူပဲဗျ..မတူဘူး
listening skill ကောင်းတော. နားလည်ပေမယ်. speaking skilူ မှာ အားနည်းကောင်းအားနည်းနိုင်တယ်..မီးနင်းတွေများများသိထားပေမယ်….ပြောကျင်. ပြောခွင်.မ၇ှိရင်မကြုံရင်
တော. speaking အားနည်းတတ်တယ်…ဒီတော. များများလေ.လာ..များများဖတ်…များများနားထောင်..များများပြောမှ ဟန်ချက်ညီညီတိုးတက်လာနိုင်တာတွေ.ရတယ်

ရုရှားစကာဟာ အတော်လေးခက်တဲ.ထဲမှာတော.ပါတယ်…လွယ်တဲ.အပိုင်းတော.လည်းလွယ်ပြန်ရော..စကားတစ်ခွန်းကို နေရာတော်တော်များများသုံးနိုင်တယ်
ခက်တာတော.လည်း…Exception တွေအတော်များပြန်ရော….မှတ်ထားရတာတွေများတယ်….sentence တစ်ောကာင်းပြောမယ်ဆိုရင်..အချိန်အခါအရ..
ပြောတဲ.ပုံစံအရ…verb form တွေချိန်း..pronoun တွေချိန်း အထီးအမ ခွဲ…နဲ.စပြီးသိခါစ ကျွန်တော်တို.အဖို. နားလည်အောင်ပြောဖို. အတော်စဉ်းစားရတယ်
ကိုယ်ပြောလိုက်တဲ. စကား နားလည်သွာတယ်ဆိုရင် အတော်ပျော်ရတယ်…..ဒါမဲ. သူပြန်ပြောတဲ.စကားတွေကိုတော. သိတာကသိ မသိတာကမသိသေးနဲ…..
နောက်ဆုံး International  language (body language)ကိုသုံးရတဲ.အခါလည်းရှိသေးတယ်…..အင်း အချိန်နဲ.အမျှ ပြောတတ်ဆိုတတ်…နားလည်တတ်လာပြီလို.မှတ်ရတယ်

Older Posts »

Categories