Posted by: zawmyohtet123 | September 11, 2010

ဘာလဲဟဲ့ ချစ်ခြင်း

ဘာလဲဟဲ့ ချစ်ခြင်း

ချစ်ခြင်းဆိုတဲ့ ပန်းရိုင်းပြာပြာ
ကျုပ်နှလုံးသား ဆာဟာရမြေပေါ်မှာ
ပွင့်လန်းလို့လာခဲ့စဉ်ကပေါ့…..

အထူးအဆန်းသဖွယ်
အရူးအနှမ်း တွယ်တာ
ရေနှစ်သေဆုံး ပျောက်ကွယ်လို့ပုန်းမှာလည်း
ကြောက်လို့ကိုမဆုံးခဲ့ပါ ။ ။

အချစ်ဆိုတာ အများသူငါလိုပဲ
ရေကူးတတ်တယ်ဆိုတာကိုလည်း
မြူဖုံးနေတဲ့ငါ …..မသိခဲ့ရှာဘူး။

”ချစ်တယ်”ဆိုတာ
မုန်းခြင်း ဆုံးရူံးခြင်း
နိုင်ရခြင်း ပိုင်ဆိုင်ရခြင်း
ပျော်ရွင် ၀မ်းသာရခြင်းတွေနဲ့
ဘာမျှ ဘာမှ
ဘာမှ ဘာမျှ မကွာ
စိတ်ခံစား စံစားမူ
အများကြီး အများကြီးထဲက
စိတ်ဖြစ်စဉ်လေးတစ်ခုမျှသာ…ဆိုတာ
လက်ခနဲ ဖြတ်ခနဲ
တွေ့မြင်လိုက်ရတဲ့ အခိုက်မှာ….။ ။


Leave a comment

Categories