Posted by: zawmyohtet123 | October 17, 2010

အစ်ကို ဒီမှာ အဆင်ပြေပါတယ်
ကျောင်းသွားရတာဝေးတာတစ်ခုပါပဲ..၄၅ မိနစ်လောက်ရထားစီးရတယ်..၁ နာရီကျော်ကျော်လောက်အချိန်ပေးရတယ် ။

နေ.တိုင်းကျောင်းသွားနေရတော.  လောလောဆယ်ပင်ပန်းတယ်….ဘယ်မှ လျှောက်မလည်ရသေးဘူး။
စီနီယာတွေနဲ့ အဆောင်မတူတော့ ဆက်သွယ်ဖို့  ဖုန်းဝယ်ထား၇တယ် ။

အဲဒီကျောင်းမှာ တစ်နှစ် ရုရှားစာ သင်ရမယ်…русский язык အပြင်..physics, chem,bio,maths, anatomy..terms တွေအကုန်သင်ရတယ်
သူတို.ဆီက ကျောင်းနောက်ကျလို့  မရဘူး …၀ိ၇ိယ ထားနေရတယ်…မသိတာတော. နားလည်သွားအောင် စိတ်ရှည်လက်ရှည်ရှင်းပြကြတယ် ။

ကျွန်တော်တို. english လိုမွတ်နေအောင်ပြောပြတော့  သူတို့ အံ့သြကြတယ်။  စာသင်တာပြောတာက ရုရှားလိုပဲပြောရတယ် ။
လုံးဝနားမလည်နိုင်တော.မှ…english လိုသုံးတယ်…ဒါပေမယ်..eng လိုသူတို. သိပ်သိပုံမရဘူး။
အစားအသောက်ကတော. ကြက်သား…ကြက်ဥပဲ စားတယ်..ဘာလို.လဲဆိုတော. ဈေးပေါလို. ။ ဟားဟား။
အသီးအရွက် ဈေးကြီးတယ် ။  ရေက ဘီယာထက်ဈေးကြီးနေတယ်။   အဆောင်ကရေကိုပဲ ရေစစ်ဘူးနဲ.   စစ်သောက်တယ်   ။  အဆင်ပြေပါတယ် ။
ရာသီဥတုက နေလုံးဝမမြင် ၇တဲ.နေ.တွေ ဘယ်နှစ်ရက်မှန်းမသိတော.ဘူး…မနက်ဆို +14 .ညဆို +6,8 လောက်ရှိတယ်…နောက် – 20…-30 လောက်ထိရောက်ဦးမယ် ။
physiological changes တွေတော. adaptation ရနေါပြီ…..ဒီမှာ ည ၈ နာ၇ီထိနေမ၀င်သေးဘူး …နေအလင်းရောင်နဲ. လမ်းလျှောက်ကြတယ်
၈ နာရီခွဲတော.မှ နေလုံးလုံးဝင်တော.တယ်။ နေ၀င်တော့လဲလေ တစောင်းကြီး  ။

Posted by: zawmyohtet123 | October 17, 2010

My diary at Moscow

2010 , september, 6 (monday)

ဒီနေ.မနက် ၈း၃၀ လောက်ဖြစ်မယ်.။ မနက်စာအတွက် ဘာလုပ်စားရရင်ကောင်းမလဲစဉ်းစား နေတုန်းမှာပဲ…ဒီနေ.ကျောင်းသွားရမယ်လို. တာဝန်ရှိသူ ၂ ယောက်လာခေါ်တယ်။

ပထမဆုံးနေ.မို.ဘယ်လိုသွားရမယ်ဆိုတာ လမ်းပြမယ်ပေါ့…..
ပထမဆုံး moscow မြို.ရဲ. ရှုပ်ရှပ်ခပ်နေတဲ. ရောင်စုံမြေပုံတစ်ခုစီပေးတယ်
သွားရမယ်.နေရာကို အမှတ်အသားပြထားတယ်…language သင်ရမယ်.ကျောင်းက နီးနီးနားနားမဟုတ်……………..
ဘာနဲ့သွားရမလဲဆိုတော့   မြေအောက်ထဲကနေ ရထားနဲ.သွားရမယ်တဲ. …အဲဒီမြေပုံက မြေအောက်ရထားလမ်းကြောင်းတွေကိုပြထားတယ်(metro)2ခါပြောင်းစီးရမယ်
ဝင်ပေါကိထဲရောက်တာနဲ့  မြေအောက်ထဲကို စကိလှေခါး စီးပြီးဆင်းရတယ်….အားလုံးဟာမမြင်ဘူးမတွေ့ဘူးတဲ့    အသစ်အဆန်းတွေပါပဲ။
မြေအောက်ဥမင်ထဲမှာ ….နေ.ခင်းအလားမီးထိန်ထိန်လင်းနေတယ်.   လူတွေလည်းခြေချင်းလိမ်နေတယ်..ရထားစီးဖို. ပထမဆုံး ကဒ်ဝယ်ရတယ်
၁၀ ခေါကိကဒ်အတွက်…R 240 ပေးရတယ်။   ကဒ်ရတာနဲ. ၀င်ပေါက်စက်ရှေ.မှာ ကဒ်ကိုထိလိုက်ရင် စက်ကauto ဖက်ပြီး မီးစိမ်းပြတာနဲ့    ၀င်လို.ရပြီ ။
တစ်ခါဝင်ပြီးတာနဲ.မြေအောက်ထဲမှာ ကြိုက်သလောက်ပတ်စီးနေလို.ရတယ်..မြေပြင်ပေါ်ပြန်တက်ပြီးမှ ပြန်ဝင်မှ နောက်တစ်ခေါက်မှတ်တယ် ။
ရထားတစ်တွဲလုံးမှာ..ဒရိုင်ဘာတစ်ယောက်ပဲရှိတယ်..ကျန်တာpassanger တွေ …ရထားဆိုက်ပြီိဆိုတာနဲ.့   တံခါးတွေ အလိုအလျောက်ပွင်.လာတော့တယ် ။
အလွန်ဆုံး ၁၅ စကန်. လောက်ပဲကြာမယ်ထင်တယ်..တံခါးတွ အလိုအလျောက်ပြန်ပိတ်ပြီး..ရထားစထွက်တော.တယ်……
ကျွန်တော်တို.လည်း.ရထားပေါ်ရောက်နေပါပြီ
မြန်လိုက်တဲ.ရထားအရှိန်ပါပဲ…ဘယ်လိုမောင်းနှင်အားနဲ.များ..မောင်းတယ်မသိ…ရထားစထွက်တာနဲ. နောက်ရောက်မယ်.မှတ်တိုင်ကို ကြေငြာတယ်….(အသံသွင်းစက်နဲ.)
တစ်စီးနဲ့    တစ်စီးကြားမှာ ၁ မိနစ် ခွဲ လောက်ပဲခြားမယ်…အချိန်မှန်.အ၇ှိန်မှန်
Posted by: zawmyohtet123 | September 15, 2010

Death = leveler

ဇော်မိုး  ဆိုတာ ကျွန်တော့် ချစ်သူငယ်ချင်း ၊ တက္ကသိုလ် ပထမနှစ်ကတည်းက လည်ပင်းညှစ်ပေါင်းလာကြတဲ့သူတွေပါ….။ ကဗျာစပ်ဖော်စပ်ဖက်၊ ဆောင်းပါးရေးဖော်ရေးဖက်၊ သူ့အမြင်ကိုယ့်အမြင် ဖလှယ်ဖော်ဖလှယ်ဖက် ။

တစ်နေ့သူ့ကဗျာတွေထဲက တစ်ပုဒ်ကိုဖတ်လိုက်ရတယ်….။ အဲဒီတစ်ပုဒ်ဟာ ကျွန်တော့်ရင်ကို ဒိုင်းဒိုင်းထိမှန်ခဲ့တယ်..။ အဲဒီကဗျာတစ်ပုဒ်ကြောင့်..ကျွန်တော်ရင်တွေခုန်ခဲ့ရတယ်။

ကျွန်တော့် များသောအားဖြင့် ဘယ်မှာပဲ ဘလောခ့်တင်တင် ကူးယူးမျှဝေတာမျိုးမလုပ်ခဲ့ဘူး… လုပ်ရလောက်အောင်လည်း စာကို ကျွန်တော် သိပ်မနှစ်ခြိုက်ခဲ့တာလည်းပါမှာပေါ့ ။

ဒါပေမဲ့ ဒီကဗျာကိုတော့….။

ဒီကဗျာဟာ သူ့ကဗျာ၊ သူ့ အိုင်ဒီယာ ပါ ။ကျွန်တော်က အနည်းငယ် ပြင်ဆင်ဖြည့်စွက်ပြီး ကျွန်တော့်အကြိုက် ပြင်ဆင်ထားခြင်းသာ..။

ကျွန်တော် နှစ်သက်သလို စာဖတ်သူများလည်း နှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင်း…။

(ဇော်မျိုးထက်)

Death = leveler

သေခြင်းတရားပေါ်မှာ

အုတ်မြစ်တည်ထားတဲ့

ဘ၀မှာ…

ရည်မှန်းချက်တွေ

အထပ်ထပ်တည်ဆောက်လာခဲ့လိုက်တာ

မရဏငလျင်လည်း လှုပ်ရော

အရာအားလုံး…(အားလုံး)

တဗုန်းဗုန်းပြိုကျ

မြေမှာခကုန်ကြတာများလေ…

(အို) အတုံး အရုံး..။            ။         ( ဇော်မိုး)

ရာသီကား ကျွက်ကျွက်ဆူအောင်ပူသည့် နွေရာသီ ။ ချွေးပြိုက်ပြိုက်ကျသည် ။ လူတစ်ကိုယ်လုံးလည်း ခေါင်းက ဖြို၍ ရေလောင်းထားသိလို ရွှဲရွှဲနစ်နေလေသည် ။ ဆပ်ပြာခဲရှိရင်ပဲ  ကိုယ့်ချွေးနဲ့ကို ရေပြန်ချိုးလို့ရနိုင်သည့် အဖြစ်မျိုးတည်း ။
အပူဒဏ်ကို တစ်နေကုန်ပြဲနေအောင် ခံခဲ့ရသဖြင့် ညနေပိုင်းအချိန်ရောက်တော့ လူက ခပ်ယဲ့ယဲ့သာကျန်တော့သည်။ လူက လုံးလုံးမလန်း။ အရက်သောက်ထားသည့်ဠင်းတကို ဘာမီတွန်ဆေးပြား အလုံး သုံးလေးဆယ် အခွင့် ခံလိုက်ရသလို ဇာတ်ကျိုးလို့သာနေတော့သည် ။ ခေါင်းကိုက်လာသည်။ အစားအသောက်ကလည်း ပျက်ချင်ချင်ဖြစ်လာသည် ။ မိမိပတ်ဝန်းကျင်က လူတွေကို အကဲခတ်ကြည့်လိုက်တော့လည်း ထို့နည်းလည်းကောင်းပင် ။ ကတ္ထူစက္ကူကို ရေနှုးခံထားရသကဲ့သို့ နွမ်းဖတ်ဖတ် ။

သည်လို အပူချိန်မျိုးကို တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ခံစားနေရသည် ။ အရိပ်ထဲမှာ ပဲနေရလို့သာ တော်တော့သည်။ အရိပ်ဆိုပေမင့် အပြင်ဘက်နဲ့မထူးခြား။  အခန်းတွင် အောင်းရသည့်အတွက် အိုက်ပြုတ်ခြင်း တစ်ခုသာ ပို သည် ။တိုက်သည့်လေကလည်း လေပူ ။လေပန်ကာမပါ ၊   air – con မပါသော်လည်း အရိပ်ထဲမှာ (အဆောက်အဦးထဲမှာ) နေနေရသောကျွန်ုပ်တို့လို သူများတောင် အင်း အင်း အဲအဲ ညည်း နေရလောက်အောင် ပူလောင်နေသေးလျှင် မိမိဝမ်းစာအတွက်အပြင်ထွက်၍ ရုန်းကန်လှုပ်ရှားနေရရှာသော သများအဖို့ကား ပြောဖွယ်ရာမရှိပြီ ။ လူ့ချမ်းသာ ဆိုသူများအတွက်တော့ air -con ၏ ဒီဂရီိကို ညှိ၍ အခန်းတွင်း အောင်းနေ နှပ်နေရုံသာ။ နွေရာသီ၏ အပူချိန်သည် ထိုသူများအတွက် မပါပါချေ ။

ညနေရောက်တော့ စိတ်မကောင်းစရာသတင်းတွေကြားရလေပြီ ။ ဘယ်သူ့အိမ်က ဘယ်သူတော့ ဆုံးပြန်ပေါ့တဲ့ ။ ဘယ်အိမ်က ဘယ် သူ့သားဆိုသူကတော့ နေခင်း ပူပူကြီးကို ဆိုင်ကယ်တစ်စီးနဲ့ မုန့်ထုပ်တွေ  ဆိုင်တွေကို လိုက်ဖြန့်အပြီး အိမ်ပြန်အရောက် မူးတယ်မူးတယ်ဆိုပြီး အိပ်ယာထဲ ၀င် အလှဲ မနိုးတော့သောအိပ်ခြင်းမျိုးနဲ့ အိပ်ပျော်သွားတယ်တဲ့ ။ နေ့ခင်းနေ့လည်ကြီး ၀မ်းစာအတွက် မနားနိုင် ကုန်ထမ်းကုန်ချလုပ်နေတဲ့ ကလေး 5 ယောက်ဖခင် ဦး …..တော့ဖြင့် အပူလွန် ချွေးထွက်လွန်ပြီး ဘ၀တစ်ပါးကို ပြောင်းပြန်ပေါ့ နဲ့ ။ အို အမင်္ဂလာသတင်းတွေကတော့ စုံနေလေတော့သည် ။ ကြာနီကန် သုသာန်နဲ့ တောင်မြင့် မှာတော့ အလောင်းတွေအလောင်းတွေ မီးသဂြိုလ်ခံဖို့ တန်းစီစောင်းဆိုင်းနေကြပေါ့ ။ ဆေးရုံ တွေမှာ လူတွေပြည့် ။ ဆေးခန်းတွေမှာ လည်း နေရာမလပ် ။ ဟိုတယ်တွေမှာ လူပြည့်ကုန်သည်ကြားလိုက်ရသည် ။ အေးတဲ့နေရာလိုက်ရှာကြ ။

ညနေ လမ်းထဲထွက်လိုက်ရင်ကိုပဲ ဟိုနားအိမ်က စုစု စုစု သည်နားအိမ်က စုစု ။ ငိုသံတွေကြားရ။ ကြေးစည်သံတွေ ကြားရ။

နွေနေ၏ပူလောင်ခြင်းကား ခါးသီးလှချေသည် ။ ဆက်တိုက်ဆိုသလို ပူနေလေသည် ။ ချွေးထွက် များတော့ လူက တစ်နေ့တစ်ခြား နှုံး လာသည် ။ ဒါနဲ့ ဓာတ်ဆား ၀ယ်သောက်အုံးမဟဲ့ ဆိုပြီး အနီးအနားက ဆေးဆိုင်ကို သွားဝယ်တယ်။  ကျွန်တော့်လက်ထဲမှာက 500 တန်တစ်ရွက် ။ ဓာတ်ဆားတစ်ထုပ် 150 ဆိုတော့  3 ထုပ်လောက် ကတော့ အသာလေး ရတယ်ပေါ့ ။ တစ်နေ့တစ်ထုပ် ဆို 3 ရက်စာ တောင်ရသေး ဆိုတဲ့ အတွေးနဲ့ သွားတယ် ။ ဆိုင်ရောက်တော့ ဆိုင်ရှင်အန်တီကြီးကို သီးစုံဓာတ်ဆား ၀ယ်ချင်လို့ပါ ဆိုတော့ ဆိုင်ရှင်က သား ဘယ်နှစ်ထုပ်ယူမှာလဲတဲ့ ။ 3 ထုပ်ဗျ ဆိုတော့ သီးစုံဓာတ်ဆား 3 ထုပ် ထုတ်ပေးတယ် ။ ကျွန်တော်ကလည်း ရော့ဆိုပြီး  500 တန်တစ်ရွက်ကမ်းပေးလိုက်တယ် ။ ဆိုင်ရှင် အဒေါ်ကြီး က မျက်လုံးအပြူးသားနဲ့ပြောတယ် …ဖိုးသား သီးစုံဓာတ်ဆားက တစ်ထုပ်ကို 400 ဖြစ်သွားပြီတဲ့ ၊ မနက်ကမှ ဈေးတွေတက်သွားတာ ။ဆိုင်တွေက ပစ္စည်းပျက်သွားလို့တော့ပြောတာပဲ။ အန်တီတို့တောင် တစ်ထုပ်380နှုန်းနဲ့ ၀ယ်ခဲ့ရတယ်။ ခု တစ်ကြိမ် မျက်လုံးပြူးရတာကတော့ ကျွန်တော် ။ သြော် …အဲလိုတောင်ဖြစ်ကုန်ပလား ဟုသာပြောနိုင်ပြီး လက်ထဲက အထုပ် 2 ထုပ်ကို ကောင်တာပေါ်အသာပြန်ချထားခဲ့ရလေတော့သည် ။

အချိန်အတော်ကြာသည်အထိ သီးစုံဓာတ်ဆားဈေး တက်နေခဲ့သည် ။ကျွန်တော်လည်း 3 ရက်နေမှ တစ်ထုပ် လောက်သာ ၀ယ်သောက် ဖြစ်တော့သည် ။ ၀ယ်သောက်နိုင်သူတွေအတွက် ချန်ထားပေးတာပါ ။  အ ဟား ။ တစ်နေ့ 1500 ၊ 2000 အနိုင်နိုင်သာရသည့် ကာယ လုပ်သားများ ၊ ထမင်းပင် နပ်မှန်အောင် မစားနိုင်သည့် လူတန်းစားများ ဘယ်သူများဝယ်သောက်နိုင်ပါမည်လဲ ။ မ၀ယ်နိုင် မသောက်ကြယုံသာ ။ ခေါင်းမူးခေါင်းကိုက်ဖြစ်လည်း ခံယုံသာ ။ အစားအသောက်ပျက် ပြီး အားအင်ချည့်နဲံ့ကုန်လည်း မတတ်နိုင် ။ ချွေးထွက်လွန်ပြီး ဇာတ်ကျိုးကုန်လည်း ဘာတတ်နိုင်မှာလည်း ။  ကြာနီကန် နဲ့ တောင်မြင့် မှာ ဘ၀တစ်ပါးကူးကြမဲ့ ပတ်စင်ဂျာ (passengers )တွေတန်းစိနေတော့ ရော ကြည့်နေယုံသာ ။ ငုံခံယုံသာ ။ စိတ်မကောင်းဖြစ်ယုံက လွဲလို့ဘာများတတ်နိုင်ပါမည်လဲ လေ ။

စိးပွားရေးအကြောင်းကျွန်တော် ဘာမှ နားမလည်သော်လည်း လူပြိန်းတွေးတွေးကြည့်မိပါသည် ။ demand များလျှင်ဈေးတက်သည် ။ ပစ္စည်းပျက်လျှင် ဈေး တက်နိုင်သည် ။ ဒါတော့ သိထားသည် ။ ဆိုကြပါစို့ လူဦးရေအနည်းငယ်100 သာသာ ရှိသည့်  ကျွန်းနိုင်ငံလေးတစ်နိုင်ငံတွင် ဦး က ကြီးက အလှကုန်ပစ္စည်းကိုယ်တိုင် ထုတ်လုပ်ရောင်းချသည် ။ ဦး ခ ခွေးက အ၀တ်အထည် ရောင်းသည် ။  ဦး ဂ ငယ်က ဆေးဝါးပစ္စည်းရောင်းသည် ။ အလှပြင်ပစ္စည်း လူကြိုက်များလာ အသုံးများလာပါက ဈေးကို တင်၍ရောင်းသည် ။ မူလထုတ်လုပ်မှုတန်ဖိုးက 5 ကျပ်တန်သည့်ပစ္စည်းကို 20 ကျပ်မှသည် 30 ထိ တိုး၍ရောင်းသည် ။ ၀ယ်နိုင်သူတွေ ၀ယ်ကြကုန် ။ ဒါ ဖြစ်သင့်ပါသည် ။ သူတို့အမြတ်အတွက်ပဲလေ ။
အ၀တ်အထည်လည်း ထိုနည်းနှင်နှင် ။ မရှိဆင်းရဲသားလည်း မ၀ယ်မနေရအသုံးအဆောင်မဟုတ် ချွေတာဝယ်လို့ရသည့်အတွက် ခံသာသေးသည် ။ ဆေးဝါးပစ္စည်းကတော့ လိုအပ်မှ ၀ယ်သောက်သည့် အတွက် ဈေး အေးသည် ဆိုပါတော့ ။ ရုတ်တရက် အဲဒီ တိုင်းပြည်လေးမှာ  လူတွေနာမကျန်းအကြိးအကျယ် ထဖြစ်သည် ။ ဆေးက ၀ယ်သောက်မှ အဆင်ပြေတော့မည့်အခြေအနေသို့ဆိုက်ကုန်သည့်အခါ  လူတွေက မိမိ ရောဂါပျောက်ကင်းရေး အသက်ရှင်သန်ရေးအတွက် ဘယ်လောက်ပေးရပေးရ၀ယ်ကြတော့မည်းအခြေအနေမျိုးဖြစ်လာသည့်အခါ 5 ကျပ်တန်ပစ္စည်းကို 100 ထိ ထိုးတင်ရောင်းချပြီး အမြတ်ထုတ်လိုက်သင့် ပါသလား ။ ဒါ လူတွေရဲ့အသက်နဲ့ ရင်းပြီးလုပ်ရမှာနော် ။ စီးပွားရေးလုပ်ငန်းမှာ လုပ်သင့်မသင့် ထက် အမြတ်များများရမှာလား မရဘူးလားပဲ အဓိကထား စဉ်းစားကြဟန်တူပါသည် ။ဒါကြောင့်လည်း လူထု ကျန်းမာရေး ထိခိုက်မထိခိုက်စိတ်မ၀င်စား အမြတ်များများရသည့်အတွက် မူးယစ်ဆေးမှောင်ခို ၊ ဆေးလိပ်ကုမ္မဏီ၊ အရက် ကုမ္မဏီတွေ ရှင်သန်ကြိးထွားနေကြတာပေါ့။ သူတို့စိတ်ထဲမှာ အမြတ်ရရေးမရရေး ကြီးပွားရေးမကြီးပွားရေး ၊ တွက်ချေကိုက်မကိုက် သာ….ထင်မိပါသည် ။(ကျွန်တော့်အထင်မျှသာ )။

သူငယ်ချင်းတွေနဲ့ကျောင်းမှာစုံကြတော့ သူတို့ပတ်ဝန်းကျင်ကအဖြစ်အပျက် ကိုယ့်ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ ကို ပြန်ပြောကြသည် ။ သူတို့မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့ရတာတွေပေါ့ ။ သူငယ်ချင်းတစ်ယောက်ကပြောသည်။ ခု ဓာတ်ဆားထုပ်တစ်ထုပ်ကို 400 ပေးဝယ်ရတယ်။ ဒါတောင်တစ်ချို့ဆိုင်တွေမှာ ပစ္စည်းကပြတ်နေတယ် ။ တစ်ချို့ စိးပွားရေးမျက်စိအမြင်ကြိးသူတွေဆိုရင် (သူ့အပြော) ဈေးမတက်ခင်ကတည်းက ကြိုပြီး ဓာတ်ဆားထုပ်တွေရနိုင်သမျှလိုက်စုဝယ်ထားပြီး ခုပစ္စည်းပြတ်၊ ဈေးတက်တော့မှ ပြန်ထုတ်ရောင်းတာ အမြတ်များများရပြီး တစ်ချို့ဆို တိုက်တွေတောင်ဆောက်ကုန်ပေါ့တဲ့ ။ ဟုတ်ရဲ့လားဗျာလို့မယုံကြည်နိုင်ပြန်မေးမိတော့ ဟုတ်ပါသော်ကောခင်ဗျာ၊ ကျုပ်ကိုယ်တိုင် သိတာ ၊ အကြားမဟုတ်ဘူးတဲ့ ။(ကုန်ဝယ်လှောင်သလို  ၀ယ်ပြီးလှောင်ထားတဲ့သူတို့တွေကြောင့်များ ပစ္စည်းပြတ်သွားတာလား လို့တောင် လူပြိန်းတွေးတွေးကြည့်မိခဲ့ ။) သြော် ပွဲလန့်တုန်းဖျာခင်းချင်ကြသူတွေ ကလည်း မနည်းပါလားလို့တွေးမိပြီး စိတ်မကောင်း ခြင်းကြီးစွာနဲ့ ပြုံးပြိးနားထောင် နေမိလိုက်တော့တယ်။

နွေရာသီမှာ ပြတ်တာ သီးစုံဓာတ်ဆားသာမဟုတ်ဘူး ။ သောက်ရေသုံးရေပါပြတ်တာ ။  ပိုက်လိုင်းက ရေ လုံလုံလောက်လောက် မလာတော့ ရေသန့်စက်ရုံတွေ ဘက် ဦးလှည့်ရတော့တယ် ။ ယခင် က ရေဗူးကြိးတစ်ဗူး ( water cooler )ပေါ်မှာတင်တဲ့ ဗူးကြိး ကို 350 ကျပ်ပေးရတယ် ။ ခု ၀ယ်သူများလာ ၊ (သူတို့အဆို ရေပြတ်သွားလို့တဲ့)  တစ်ဗူးကို 450 ကျပ်ထိဖြစ်ကုန်တယ် ။ အားကျမခံဘူးလေ ။ သူတို့တောင်ဈေးတင်သေးတာ ငါတို့လည်း …. ။ ခံရသူက စားသုံးသူ ။ ရေ၀ယ်သူများလာတာတော့ ဟုတ်ပါပြီ ။ ရေပြတ်လပ်သွားတာတော့ဟုတ်ပါပြီ ။ ဈေးကဘာလို့လိုက်တက်ရတာတုန်း ။ ရေပြတ်တော့ ရှိတဲ့ရေပဲရောင်းပေါ့ ။ရေပြတ်တုန်းခဏ ရှိရင်းစွဲဈေးနဲ့ရောင်းတော့ရော အရှုံးပေါ်မတဲ့လား ။

ကျွန်တော်သိတာ ဖတ်ဖူးထားတာကတော့ ရေသန့်တစ်ဗူးဟာ ထုတ်လုပ်မှု ထုပ်ပိုးမှုတန်ဖိုးအနေနဲ့ ဘာမျှမကုန်ကျ ။ ရောင်းသည့် ဈေးနှင့် ထုတ်လုပ်သည့် တန်ဖိုး အဆပေါင်းများစွာ ကွာဟထားသည် ဟု reader digestမှာ ဖတ်လိုက်ရဖူးသည် ။ လူတွေက လည်း ရေသန့်ဆိုအဟုတ်ထင်ပြီး ၀ယ်သောက်ခြင်းအားဖြင့် ထိုသူတွေ ကိုစီးပွားရေးဘုရင်တွေအဖြစ် တင်မြှောက်လိုက်ကြသည် ။ ထို စာထဲကဆိုလျှင် ခတုံးပေါ်ထိပ်ကွက်နေသည့် အဖြစ်သာဖြစ်သည့်အတွက် ၀ယ်ယူအားပေးခြင်းမပြုကြဖို့ ထိတောင် ပြောင်ပြာင်တင်းတင်းဆိုသည် ။ အင်း စင်ကာပူနိုင်ငံလို ပိုက်ခေါင်းရေဟာ သောက်ရေသန့်ဗူးထဲကရေလို (ထိုထက်) ယုံကြည်စိတ်ချရသည့်အတွက် coca cola အချိုရည် အတွက် ထိုရေကို အသုံးပြုရလောက်သည်ထိ အရည်အသွေးကောင်းမွန်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးနိုင်လျှင် ….။ထားတော့ ။

ကမ္ဘာကြီးပူနွေးလာတာ လူတွေပယောဂကြောင့်ဟု သိရသည် ။ လူတွေ တည်ဆောက် ထုတ်လုပ်တဲ့ စက်ရုံတွေက ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ၊ ကား ဆိုင်ကယ်စသည့် အိပ်ဇောက ထွက်သည့် ဓာတ်ငွေ့၊ သစ်တော ခုတ်ထွင် ရှင်းလင်းပစ်ခြင်းတွေကြောင့်  တစ်နှစ်ထက်တစ်နှစ် ပူပူလာရသည် ဟုသိရသည် ။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူတွေ အဓိက လုပ်လို့ အကျိုးဆက်အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် လက်ငင်းအကျိုး ( ပူလောင်သည့် ဒဏ်ကိုဆိုလိုသည် ) ကို ဘယ်သူတွေ က နဖူးတွေ့ဒူးတွေ့ ခံစားနေရပါသနည်း ။ air-con ခန်းထဲက စက်ရုံစီးပွားရေးပိုင်ရှင်များလော ၊ parado ကားရှေ့ခန်းထဲက လူတွေလော ၊နေပူမရှောင်နိုင် မိုးရွာမရှောင်နိုင် မိမိနှင့် မိသားစု အတွက် နေ့စဉ် ရုန်းကန်နေရရှာသော ဆင်းရဲသားလူတန်းစားများလော ။

နောက်ဆုံးတော့ လူတွေရဲ့လောဘကပဲ လူတွေနေတဲ့ လောက ကိုအမြစ်ပြုတ်ဖျက်ဆီးတော့မှာပါလား လို့ တွေးမိရင်း ………။

တစ်နေ့ကျွန်တော် Gifts ဆိုင်အနီးဖြတ်လျောက်မိစဉ်တုန်းကပေါ့…..

ကလေးမလေးတစ်ယောက် ငယ်သံပါအောင်ငိုသံကြားတာနဲ့လှဲ့ကြည့် မိတယ်။ကလးမလေးက
သူထက်ပင်မက ကြီးမားလှတဲ့ ၀က်ဝံရုပ်ကြီးကို မလွတ်တမ်းပွေ့ဖက်ထားပြီး ပုံပုံကြီးထိုင်ကာ ဗြဲကနဲ ဗြဲကနဲ အော်အော်ငိုတယ်။ မိခင်လုပ်သူက အရုပ်ကိုဆွဲယူနေတယ်။သူ့သမီးကိုဝယ်ပေးရလောက်
အောင် ပိုက်ဆံမရှိပါ ။ ကလေးကတော့ သူ့အရုပ်ကလေးဖြစ်သည့်နယ်….မလွတ်။ သူအရမ်းလိုချင်နေပြီလေ။

နောက်ဆုံးတော့ အရုပ်က သူ့အမေလုပ်သူလက်ထဲ ကားကားကလေး ပါသွားရှာလေပြီ။ အမေက အရုပ်ကို ကောင်တာပေါ်ပြန်တင်ထားပေးခဲ့ပြီး ကလေးကိုပွေ့ချီကာ
ခပ်သွက်သွက်ထွက်သွားလေတော့သည်။ ကလေးကတော့ အဆက်မပြက်ငိုကာ ပါသွားလေသည်။

သြော် ကလေးဟာ သူ့ပစ္စည်းမဟုတ်မှန်း သိသော်လည်း သူလိုချင်တာမရခဲ့ရင် ငိုသကိုး ။ ။

တစ်နေ့ ကျွန်တော့်သူငယ်ချင်း စိုးမောင်တစ်ယောက် ညနေခင်းအပုပ်ချိန်ကြီးမှာ ကျွန်တော့်ဆီ ဆိုင်းမဆင့်ဗုံမဆင့်ကြီးပေါက်ချလာတယ် ။သူ့မျက်နှာက တိမ်းဖုံးခံရတဲ့လလို ညိုမှောင်နေတယ်။
ပြိုတော့မဲ့ မိုးလိုလို ။သူ ကျွန်တော့်ဘေးမှာ ငူငူကြီးလာထိုင်တယ်။ဘာစကားမှလည်းမဆို။
မရမကမေးတော့ မှ….. သကောင့်သားက ငိုသံကြီးနဲ့ သူ့ဖြစ်ကြောင်းရယ်ကုန်စင်ကို နှပ်ကို ရူံ့ကာ ရူံ့ကာ ပြောပြလေတော့တယ်။
သူ့ ဖြစ်ပုံက …သူကကောင်မလေးတစ်ယောက်ကို အရမ်းချစ် ၊ အရမ်းမြတ်နိုး တန်ဖိုးထားတယ်။ သူ ကောင်မလေးနောက်ကို နေ့တိုင်နီးပါး လိုက်တယ်။ လိုက်တယ်။ အစကတော့ ကောင်မလေးက သူ့ကို မျက်နှာပေးသလိုမျိုးရှိတယ်။ သူလည်း ok ပြီထင်ထားတာပေါ့။ တော်တော်အခြေအနေ
တိုးတက်နေပြီဖြစ်ကြောင်း ၊ သူ ခု ဘယ်အခြေကို ရောက်ဆိုက်နေပြီဖြစ်ကြောင်း နေ့တိုင်းနေ့တိုင်း ကျွန်တော့်ဆီ ပေါက်ပေါက်လာကာ ဖောက်သည်ချလေသည်။
ရုတ်တရက်ဗြုန်းဒိုင်းကြီးဆိုသလိုပဲ…ကောင်မလေးက သူ့ကို ပြန်မချစ်နိုင်ကြောင်း၊ သူ့မှာက ချစ်ဦးသူရှိပြီးသားဖြစ်ကြောင်း ပြောပြီး သူ့အချစ်ကို တစ်စစီတစ်စစီ နင်းချွေပြစ်လိုက်ကြောင်း ပြောအပြီးမှာမျက်နှာကြီးကို လက်နဲ့အုပ်ပြီးသကာလဟီးကနဲ ဟီးကနဲငယ်သံပါအောင်အစ်၍အစ်၍
ငိုတော့တာပဲ ။

သြော် ခု ကျုပ်သူငယ်ချင်း အသက် ၂၂ နှစ်ကျော်သည်လည်း သူပိုင်ပစ္စည်းမဟုတ်မှန်းသိပါလျက်နဲ့….သူလိုချင်တာမရတဲ့အခါ ငိုသတဲ့ ။

‘’If you have got nothing, you have nothing to lose’’ ။ ဆိုတဲ့စကား ကိုကျွန်တော်ဘ၀င် သိပ်ကြ မိပါသည် ။ မင်းမှာဘာတစ်ခုမှ မရှိခဲ့တာ….ဘာများဆုံးရူံးစရာ ရှိလဲ တဲ့ ။ ဒီစာသားလေးကို
ကျွန်ခပ်ငယ်ငယ်က Titanic ရုပ်ရှင်ဇာတ်ကား ကြည့်ရင်းက ရခဲ့တဲ့စကားဖြစ်သည်။ထိုစဉ်ကတော့
သိပ်နားမလည်ခဲ့။ ဤစာသား၏ အဓိပါယ်ကို တိုက်ဆိုင်တိုင်း သတိရ ရေရွတ်ခဲ့မိပေါင်းများရာမှ တစ်နေ့သောတစ်ချိန်မှာ ဘ၀င်အခိုက်ကြီးခိုက်အောင် သဘောကြမိချင်း ဖြစ်သည်။

စာတစ်လုံး၊ စာတစ်ကြောင်းသည် ကျွန်ုပ်တို့ဘ၀ပေါင်းများစွာကိုများစွာပြောင်းလဲပစ်နိုင် လေသည်။ဤစာကြောင်းကြောင့် ကျွန်တော့် attitude ၊ တနည်းကျွန်တော့်ဘ၀ကိုများစွာ
အပြောင်းလဲကြီး ဖြစ်စေပါသည်။ တစ်ချို့ဆုံးရူံးမူတွေကို အတော်လေး ခံနိုင်ရည် ရှိခဲ့သည်။
နောင်လာမည်ဖြစ်သော ဆုံးရူံးမူအပေါင်းကိုလည်း ခံနိုင်ရည်ရှိအောင် အနည်းနှင့်အများ အထောက်အကူဖြစ်စေလေသည်။ အဆင်သင့်ဖြစ်နေစေလေသည်။

ကျွန်တော်အတွက်အကျိုးရှိသလို…အများကိုလည်း အကျိုးရှိစေသည်မှာ ကျွန်ုပ်“၏စေတနာဖြစ်တော့သည်။

လောင်းကစားဝိုင်းကို ကျပ်၁၀၀၀ နှင့် ၀င်ထိုင်မိသော သူသည်…အစပိုင်း သူအများကြီးနိုင်နေသည်။ ကျပ်၈၀၀၀ မှတဖြည်းဖြည်းနှင့် ကျပ် ၁၀၀၀၀၀ ထိပင်နိုင်လေသည်။ သို့သော် သူ့လောဘကို မဖြတ်နိုင် ။ ဆက်၍ လောင်းသည်။ တစတစ ပြန်ပါသွားသည်။ အဲဒီရူံးတာလေးကို ကာမိအောင် ဆက်လုပ်ရင်းက…မိမိပါ လာသည် ၁၀၀၀ သာပြန်ရလိုက်သည်။ အဲဒီအခါ…ထိုသူမှာ များစွာသောပူပင်ကြောင့်ကြမှုဖြစ်ရတယ် ။ အရမ်းဝမ်းနည်းနေရတယ်။ ဘာလို့လဲဆို….သူရခဲ့တဲ့ ၁၀၀၀၀၀ ထိသောငွေကို သူပိုင်ငွေဟုမြင်နေ၍ တည်း ။ တောက် ငါ ငွေ ၁၀၀၀၀၀ ရတုန်းက ဖြစ်ပစ်ရမှာ..ခုတော့ ။ အို ငါဘာရူံလည်း ….ငါပါတာက ငွေ ၁၀၀၀ ပဲဟာ…။လို့ဖြေနိုင်သူသည်သာ စိတ်ညစ်ခြင်းမှ လွတ်ပေလိမ့်မည်တည်း ။

အဲ လိုဆင်တူဖြစ်ရပ်မျိုးတွေကျွန်တော်တို့ဘစမှာပြည့်၍နေလေသတည်း ။မိမိရဲ့ဘ၀လက်တွဲဖော်
အဖြစ် ရည်ရွယ်ထားတဲ့ချစ်သူက မိမိကိုခွဲခွာသွားတဲ့အခါ…..
သင်တက်ချင်တဲ့တက္ကသိုလ်တစ်ခုကို သင်မတက်လိုက်ရ တဲ့အခါ…
သင် အလုပ်စာမေးပွဲ (သင်ပိုင်မဟုတ်သေးတဲ့) မအောင်တဲ့အခါ…
လက်ရှိပိုင်ဆိုင်နေတဲ့ပစ္စည်းဥစ္စာ တွေ ဆုံးပါးသွားတဲ့အခါ……..
ဘ၀မှာကိုဖြစ်ချင်တာတွေဖြစ်မလာ ရတဲ့အခါ….
…………………….တဲ့အခါ….တဲ့အခါ …..။

သင်စိုးရိမ်နေသင့်သလား ။ ငိုကြွေးမည်တမ်းနေတာ ဖြစ်သင့်လား ။ ကိုယ်ကိုကို စိတ်အဆင်းရဲကြီး ဆင်းရဲအောင် လုပ်နေသင့်သလား ။ ကိုယ်ဆုံးရုံးခဲ့ရဘူးတဲ့ အရာတစ်ခုကို တိုက်ဆိုင်တိုင်း တွေးတွေး ၀မ်းနည်းနေသင့်သလား။……သလား…..သလား…။

ကျွန်တော်တို့မွေးတုန်းက ဘာများပါလာခဲ့လို့လဲဗျာ………။

မင်းမှာဘာတစ်ခုမှ မရှိခဲ့တာ….ဘာများဆုံးရူံးစရာ ရှိလဲ ဗျာ။

သြော် ကလေးဟာ သူ့ပိုင်ပစ္စည်းမဟုတ်မှန်း သိသော်လည်း သူလိုချင်တာမရခဲ့ရင် ဘာလုပ်သလဲ ….
ငိုတယ် ။

သင်ဆိုရင်ရော…?

Posted by: zawmyohtet123 | September 12, 2010

သူလိုလူတွေအများကြီး….

ငတိုးနဲ့ ကျွန်တော်က အဆောင်တူ။ အခန်းတူ။အခန်းကကျဉ်းသည်။

အခန်းထဲမှာ တစ်ယောက်အိပ် ကုတင်နှစ်လုံးရှိသည်။ ကုတင်နှစ်လုံးကြားမှာက လူသွားလမ်း ကျဉ်းကျဉ်းလေး …။ အခန်းကကျဉ်းရသည့် အထဲ သူ့ဖက်ကပါလာ သည့်သေတ္တာကနှစ်လုံး ကျုပ်ဘက်ကပါလာသည်ကနှစ်လုံးမို့(သေတ္တာ သေတ္တာ) ကုတင်အောက်မှာမဆန့်မပြဲထိုးထဲ့

ထားရသည် ။ သေတ္တာစွန်းတွေကတော့ထွက်နေသည်။

တစ်နေ့ကျွန်တော်စာဖတ်နေခိုက် ငတိုး သုတ်သုတ်နှင့် အခန်းတွင်သို့ စုန်ပစ်ဝင်လာသည်။ ဘာအရေးကြီးနေသည် မသိ။ သူ့ကုတင်ဖျာအောက်က စာရွက်ကို ကပြာကယာ ဆွဲယူသည်။ ပြီးတော့ ကတိုက်ကရိုက်ပြန် အထွက်….

သူ့ညို့သူကြီးငေါငေါနဲ့ ထွက်နေသည့်သေတ္တာစွန်းနှင့် အကြင်လင်မယားအဖြစ် ပေါင်းသင်းလေတော့သည် ။ သူတို့လက်ထပ်ပွဲက ရိုးရိုး ပွဲမဟုတ်…..အုန်းအုန်း ဒုန်းဒုန်း မြည်သည့် လက်ထပ်ပွဲ ပေတည်း။

ငတိုးနေရာမှာ ပုန်ပုန်လဲလေသတည်း။ သူ့ ပုဆိုးစကို ဆွဲလှန်လို့မကြည့်သည်။

မျက်နှာက ခရမ်းသီး မီးဖုတ်နှယ် ရှုံ့တွနေ လေပြီ။ မျက်ရည်များပင်ဝဲလာဟန်ရှိသည် ။အတော်နဲ့အသံမထွက်နိုင်။

အသံထွက်နိုင်တော့…ထွက်လာတဲ့ အသံတော်တရားက တောက်..ဒီသောက်သေတ္တာကလည်း တစ်မျိုး။ လွတ်အောင်နေပါတော့လား။ အားကျွတ်ကျွတ်။ အားကျွတ်ကျွတ် ။ ဒါလောက်မှ ဖြစ်လှတဲ့ သေတ္တာ….ကိုင်းဟာကိုင်းဟာဆိုတဲ့ပြီး ပုဆိုးကိုဆွဲ မြှောက် ဖနှောင့်နဲ့ လည်မျိုကိုတက်ဆောင့်လေသတည်း (အဲဟုတ်ပေါင်) ဖနှောင့်နဲ့ သေတ္တာကို တက်၍ပေါက်လေတော့သည်။ပြီးလျှင်သေတ္တာကို ပေစောင်းစောင်းကြည့်နေသေးသည်။ ပြန်မလုပ်မှန်းသေချာသည် ရှိမှ…နောက်ပေါက်ဖြင့် တစ်ချက်စောင့်ကာ အောင့်အောင့်နှင့် အခန်းတွင်းမှထွက်တော်မူလေသတည်း။

ဤကားလူသားစင်စစ် ငတိုး၏ အပြူအမူများပေတည်း။ ။

တစ်ခါတစ်ခါ လူလောက်အသိဥာဏ်ရှိတာလည်းလူပဲ

လူလောက်အသိဥာဏ် နည်းသွာတာလည်းလူပဲ ဖြစ်သည်။

ဘယ်တိရိစ္ဆာန်မှ သူမမြင်လို့ တိုက်မိတဲ့ကျောက်တုံးကို နောက်ပြန်လှည့်လာတဲ့ပြီး ရန်ရှာလိမ့်မည်မဟုတ်ပေ။ လူ သာ ။

လူသည် သူကိုသူအမှန်ဟုသာမြင်လေ့ရှိသည်။ ဤမျှသိသာထင်ရှားလှသည့် အမှားကိုပင် မိမိအမှားဟူ၍ မမြင်။ သူ့ဘာသာနေသည့်သေတ္တာ၏ အမှားသာတည်း။

ဤမျှသိသာထင်ရှားလှသည့် အမှားကိုပင် မိမိအမှားဟူ၍ မမြင်နိုင်လျှင် ဤမျှလောက်မသိသာသည့်ကိစ္စများ သာ ဆိုလျှင် သာ၍ပင် အမှားမြင်အမှန်ပြင်နိုင်ရန် ခံယဉ်းပေလိမ့်မည်ဖြစ်ကြောင်း လူ့သဘောကိုသိစေခြင်းအလို့ငှာ မီးမောင်းထိုး၍

ပြလိုက်ရခြင်းသာတည်း။ ။

ငတိုးနဲ့ ကျွန်တော်က အဆောင်တူ။ အခန်းတူ။အခန်းကကျဉ်းသည်။

အခန်းထဲမှာ တစ်ယောက်အိပ် ကုတင်နှစ်လုံးရှိသည်။ ကုတင်နှစ်လုံးကြားမှာက လူသွားလမ်း ကျဉ်းကျဉ်းလေး …။ အခန်းကကျဉ်းရသည့် အထဲ သူ့ဖက်ကပါလာ သည့်သေတ္တာကနှစ်လုံး ကျုပ်ဘက်ကပါလာသည်ကနှစ်လုံးမို့(သေတ္တာ သေတ္တာ) ကုတင်အောက်မှာမဆန့်မပြဲထိုးထဲ့

ထားရသည် ။ သေတ္တာစွန်းတွေကတော့ထွက်နေသည်။

တစ်နေ့ကျွန်တော်စာဖတ်နေခိုက် ငတိုး သုတ်သုတ်နှင့် အခန်းတွင်သို့ စုန်ပစ်ဝင်လာသည်။ ဘာအရေးကြီးနေသည် မသိ။ သူ့ကုတင်ဖျာအောက်က စာရွက်ကို ကပြာကယာ ဆွဲယူသည်။ ပြီးတော့ ကတိုက်ကရိုက်ပြန် အထွက်….

သူ့ညို့သူကြီးငေါငေါနဲ့ ထွက်နေသည့်သေတ္တာစွန်းနှင့် အကြင်လင်မယားအဖြစ် ပေါင်းသင်းလေတော့သည် ။ သူတို့လက်ထပ်ပွဲက ရိုးရိုး ပွဲမဟုတ်…..အုန်းအုန်း ဒုန်းဒုန်း မြည်သည့် လက်ထပ်ပွဲ ပေတည်း။

ငတိုးနေရာမှာ ပုန်ပုန်လဲလေသတည်း။ သူ့ ပုဆိုးစကို ဆွဲလှန်လို့မကြည့်သည်။

မျက်နှာက ခရမ်းသီး မီးဖုတ်နှယ် ရှုံ့တွနေ လေပြီ။ မျက်ရည်များပင်ဝဲလာဟန်ရှိသည် ။အတော်နဲ့အသံမထွက်နိုင်။

အသံထွက်နိုင်တော့…ထွက်လာတဲ့ အသံတော်တရားက တောက်..ဒီသောက်သေတ္တာကလည်း တစ်မျိုး။ လွတ်အောင်နေပါတော့လား။ အားကျွတ်ကျွတ်။ အားကျွတ်ကျွတ် ။ ဒါလောက်မှ ဖြစ်လှတဲ့ သေတ္တာ….ကိုင်းဟာကိုင်းဟာဆိုတဲ့ပြီး ပုဆိုးကိုဆွဲ မြှောက် ဖနှောင့်နဲ့ လည်မျိုကိုတက်ဆောင့်လေသတည်း (အဲဟုတ်ပေါင်) ဖနှောင့်နဲ့ သေတ္တာကို တက်၍ပေါက်လေတော့သည်။ပြီးလျှင်သေတ္တာကို ပေစောင်းစောင်းကြည့်နေသေးသည်။ ပြန်မလုပ်မှန်းသေချာသည် ရှိမှ…နောက်ပေါက်ဖြင့် တစ်ချက်စောင့်ကာ အောင့်အောင့်နှင့် အခန်းတွင်းမှထွက်တော်မူလေသတည်း။

ဤကားလူသားစင်စစ် ငတိုး၏ အပြူအမူများပေတည်း။ ။

တစ်ခါတစ်ခါ လူလောက်အသိဥာဏ်ရှိတာလည်းလူပဲ

လူလောက်အသိဥာဏ် နည်းသွာတာလည်းလူပဲ ဖြစ်သည်။

ဘယ်တိရိစ္ဆာန်မှ သူမမြင်လို့ တိုက်မိတဲ့ကျောက်တုံးကို နောက်ပြန်လှည့်လာတဲ့ပြီး ရန်ရှာလိမ့်မည်မဟုတ်ပေ။ လူ သာ ။

လူသည် သူကိုသူအမှန်ဟုသာမြင်လေ့ရှိသည်။ ဤမျှသိသာထင်ရှားလှသည့် အမှားကိုပင် မိမိအမှားဟူ၍ မမြင်။ သူ့ဘာသာနေသည့်သေတ္တာ၏ အမှားသာတည်း။

ဤမျှသိသာထင်ရှားလှသည့် အမှားကိုပင် မိမိအမှားဟူ၍ မမြင်နိုင်လျှင် ဤမျှလောက်မသိသာသည့်ကိစ္စများ သာ ဆိုလျှင် သာ၍ပင် အမှားမြင်အမှန်ပြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်ဖြစ်ကြောင်း လူ့သဘောကိုသိစေခြင်းအလို့ငှာ မီးမောင်းထိုး၍

ပြလိုက်ရခြင်းသာတည်း။ ။

// Share Blogs <br>

Posted by: zawmyohtet123 | September 12, 2010

လှလိုက်ပုံများနှယ်…

လှလိုက်ပုံများနှယ်…


အို….ဟို အပျို….

လှလိုက်တာ ကိုစက်စက်ကယ် ယို

နှပ်နှပ်တွေလည်း ယို

အက်အက်တွေလည်း ယို

ပုပ်လှောင်ဟောင်စပ် ….၊

နှပ်တံတွေး …စွပ် (sweat) ကလေးတွေလည်း စို

သားအိမ်ကလည်း

သူအပျို တစ်ကိုယ်တည်းမို့

ဝမ်းနည်း လို့…

လစဉ်လတိုင်း ငို

လစဉ်လတိုင်း ကို။ ။


နေ့စဉ်ရက်ဆက် ယို

နေ့စဉ်ရက်ဆက် ကို ….ယို

စက္ကန့်မလပ်ပြိုနေတဲ့

အို…အပြို

ဟို ဟို အပျို…

လှလိုက်တာကို

စက်စက်ကို ယို ။ ။

Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ (6)

သို့

လှဝိုင်းရေ

ဒီတစ်ပတ်တော့ သမီးရည်းစား ချစ်သူတွေကြား ဖြစ်တတ်တာလေးတွေကို ပြောပြမယ်။

တစ်နေ့ငါ့သူငယ်ချင်းတစ်ယောက်သူ့မကြေနပ်ချက်တစ်ခုကို ငါ့ဆီရင်ဖွင့်တယ်။
“ ကို ဇော်မျိုး ပဲစဉ်းစားကြည့်ဗျာ။ သူကပဲ ကျုပ်မာနကို ထိတဲ့စကားကို အရင်ပြောသေးတယ်။ ကျုပ်က အဲ့လိုမပြောနဲ့ မကြိုက်ဘူး လို့အော်မိတော့ သူ့ကို အဲ့လိုကြီး အော်ပြောရမလားဆိုပြီး စိတ်ကောက်တယ်ဗျာ။ အဲလိုအော်ပြောတာကို ညီမ မကြိုက်ဘူး။ သိပ်မုန်းတယ် ဆိုပြီး ကောက်ခါငင်ခါ စိတ်ဆိုးသွား
တယ်ဗျာ။   တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ဆိုတော့..ကျုပ်ပြန်မချော့ချင် တော့ဘူးဗျာ။ အဲ့လိုလေသံလေးပြောင်းသွားတာနဲ့  သူစိတ်ကောက်သွားလို့
ပြန်ချော့ခဲ့ရပေါင်းများပြီ။ ကျွန်တော် တော်တော်သတိထားပြီး ထိန်းပြောပါတယ်။ တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်သွားတဲ့အခါ့ အော်မိတာတော့ရှိတာပေါ့။ သူကလဲ အအော်ခံရအောင်လုပ်သေးတယ်။ ကြာတော့လဲ စိတ်ညစ်တယ်ဗျာ။ ဒီလောက်လေးတော့ နားလည်ခွင့်လွတ်သင့်တာပေါ့ဗျာ။ ကြာတော့ သူနဲ့ စကားပြောရတာတောင် မလွပ်မလပ်နဲ့ စကားပြောရမှာတောင် ကြောက်လာတယ်။  သူဆိုတာ အင်မတန်လေအေးအေးလေးနဲ့  ပြောတတ်တဲ့သူပါ။
သူဒေါသထွက်တာ အော်တာ ကျုပ်တို့ မကြားရသလောက်ပဲ။

နောက်တစ်ယောက်ရဲ့ အဖြစ်ကတော့ – သံသယများလွန်းခြင်းပါပဲ။ သူ့ကောင်မလေးက သူ့ကိုတခြားမိန်းကလေးတွေနဲ့ စကားပြောတာကို မကြိုက် တာ။ သူ့ သူငယ်ချင်းအရင်းခေါက်ခေါက် ပြောမနာ ဆိုမနာ မိန်းကလေးတွေကိုတောင် အကြာကြီးစကားပြောရင် သိပ်မကြိုက်ချင်တော့ဘူး ဆိုပဲ။ ထူးပါ့။ သူနဲ့ရည်းစားမဖြစ်ခင်တုံးကထဲက ဒီလိုပဲ ဖက်လှဲတကင်း ပြောခဲ့ဆိုခဲ့ကြတာကို သူလဲ အမြင်ပဲဟာကြီးကို။ အဲ ဒါ ချစ်လွန်းတာမဟုတ်ဘူး ဟ။ မရင့်ကျက်သေး တာ ။(အင်း ….. ချစ်နေကြတုံးမှာတော့ ဒါ ငါ့ကို သိပ်ချစ်လို့ သ၀န်တိုတာနေမှာပါဆိုပြီး ကျေနပ်ချင်စရာကြီးနော် လှဝိုင်း။) အိမ်ထောက်ကျမှ သိလိမ့်မယ် ။
ကိုယ့်ချစ်သူကို ကိုယ့်မျက်စိရှေ့ကပျောက်သွားမှာ အခြားကောင်လေး / ကောင်မလေးတွေနဲ့ စကားပြောတာကို မကြိုက်တာ ၊ ဖက်လှဲတကင်းနေတာ မကြိုက်တာ ၊ အကူအညီပေးတာချင်း တူတူတောင် ကိုယ့်ရည်းစားရဲ့ သူငယ်ချင်းက မိန်းကလေးဖြစ်နေရင် သိပ်မကြည်တော့တာမျိုး ၊ သူငယ်ချင်းတွေနဲ့ ဘယ်ကိုအလည်သွားကြမဟဲ့ ဆိုရင်တောင် သိပ်ခွင့်မပြုချင်တော့တာမျိုးပေါို့။ အချိန်တော်တော်များကို သူ့အတွက်ပဲပေးစေချင်တော့တာ ။…. အို စုံပလုံကိုစိလို့ ..။

အဆိပ်ပိုတက်လာရင်တော့ မျက်စိအောက်ကပျောက်သွားမှာ ကြောက်တာ ၊ အခြားကောင်မလေးတွေနဲ့ မျက်နှာချင်းဆိုင်တာကိုပဲ အမြင်မကြည်တော့တာတွေ ဖြစ်လာတော့မယ်။ ချစ်သူရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ကိုပါ စိုးမိုးချင်လာမယ်။ စကားအပြောအဆို အသုံးအနှုန်းကအစ နုလာမယ်။ နင်နဲ့ငါနဲ့ အဆင့်မှသည် ကို ၊ မောင် ၊ ညလေး ခရေးရေး ဆိုပြီး စုံလို့ စုံလို့။
အင်း တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်သွားလို့ နင် ၊ ငါ သုံးရင်ကိုပဲ စိတ်ကောက်ရတာနဲ့ ….ရန်ဖြစ်ကြရတာနဲ့ ။

နင်စဉ်းစားကြည့်စမ်း လှဝိုင်း။ (တကယ်က ငါစဉ်းစားပြမှာပါ )။ ငါတို့လေ ချစ်သူဆိုတဲ့ဟာတွေနဲ  မတွေ့ခင်က ငါတို့ရဲ့ Space (ကိုယ်ပိုင်လွပ်လပ်နယ်) ဟာ အင်မတန် ကျယ်တယ်နော်  ……………..။
ငါတို့သွားချင်တဲ့အချိန်သွား ၊ ငါတို့ကစားချင်တဲ့ အချိန် ကစား (ခြင်းလုံး ၊ ဘောလုံးတို့ပြောတာ) သူငယ်ချင်းတွေနဲ့ ဘယ်လည်လည် ၊ ဘယ်အချိန်မှ ပြန်လာလာ ၊ ငါတို့ကူညီချင်တဲ့လူကို ကူညီပေးလို့ရတယ် (ယောင်္ကျားမိန်းမမရွေး)၊ ညီအကို မောင်နှမအချစ်နဲ့ (ဖြူစင်ချစ်နဲ့) ချစ်မိခင်မိသွားရင်တောင် ချစ်တယ်တိုတာကို လွပ်လွပ်လပ်လပ် ပြောခွင့်ရှိတာ ၊ စကားကိုလဲ ငါတို့ကြိုက်သလို ပြောဆိုလို့ရတာ ဆိုတော့ သိပ်လွပ်လပ်တယ်။
သူတို့နဲ့တွေ့ပြီးချိန်မှာတော့ ငါတို့ Space တွေဟာ တဖြည်ဖြည်းနဲ့ ကျဉ်းမှန်းမသိ ကျဉ်းလာတယ်နော်။

အချိန်တော်တော်များများကို သူ့ကိုပေးမှ ကြေနပ်တော့တာ ။(ကိုယ်က သူငယ်ချင်းတွေသွားကြတဲ့  နေရာတစ်ခုကို သွားချင်တာတောင် …လိုက်မသွားနိုင်တော့ )။ စကားကို လည်း နု နေမှ အဆင်ပြေနိုင်ကြတော့တာမျိုးဖြစ်လာတယ် ။ အပြောအဆို အနေ အထိုင် ကျုံ့လာရတာကို ဆိုလိုတာ။

တစ်ချို့များဆိုရင် နှစ်ယောက်တည်း ကမ္ဘာတည်ဆောက်ချင်ကြတယ်။ သီချင်းတောင်ရှိသေး (နှစ်ယောက်ထဲကမ္ဘာ … ကြည်ကြည်နူးနူးဘ၀မှာ) ငါတော်တော်ေ..ာက်မြင်ကပ်တာ။ မ … မချစ်လို့တော့ သေနိုင်တယ် … အပိုတွေမဆိုဘူး ယုံတော့ကွယ် … မ… မှမချစ်ရင် ဘ၀ပျက်သွားနိုင်တယ်…. ဆိုတဲ့ သီချင်းမျိုးဆို ငါသိပ်ေ…ာက်မြင်ကပ်တာ။ အပိုတွေ။ ချစ်သူကပြန်မချစ်လို့ သေတဲ့မသာ နင်မြင်ဖူးလားပြော။ ပြောရင်လဲ အောင်မင်းလွန်ရာကျအုံးမယ်။ (အော် ….. စာဖွဲ့တာပါ စာအရပေါ့ကွာလို့ လာမပြောနဲ့)
အိမ်း … အရှိန်ပါပြီး ငါ့စကားတွေ ဘယ်ရောက်သွားပါလိမ့်။ နှစ်ယောက်တည်းကမ္ဘာကိုပဲ ဘ၀င်ကြနေတဲ့ လူတွေအများကြီးနော်။ ကောင်လေးကလဲ သူ့အချိန် သူ့အတွေး  သူ့ကောင်မလေးအတွက်ပဲ။ ကောင်မလေးလဲ ထို့အတူပဲ။ အင်း သိပ်ပျော်နေကြတော့။
ငါကတော့ သိပ်မမှန်ဘူးလို့ မြင်တယ်။ နီးကပ်လွန်းရင် မွန်းကျပ်သဟ လှဝိုင်းရ။ သူတို့နှစ်ယောက်ထဲနဲ့ သီးခြားရပ်တည်လို့မှ မရတာ။
အရင်ကလိုပဲ သိပ်ကောင်းလွန်းတဲ့ မိတ်ဆွေတွေနဲ့ ခင်ရအုံးမယ်။ ကူညီပေးရအုံးမယ်။ ပတ်ဝန်းကျင်က လူတွေအတွက် စဉ်းစားပေးရအုံးမယ်။ ငါတို့စိတ်ကို ငါတို့ပျော်တဲ့နေရာမှာ ခဏလွှတ်ထားသင့် လွှတ်ထားရမယ်။

We should allow space for them .

နှစ်ယောက်လုံးကကျေနပ်ရင်တော့ ဘာမှပြောစရာ မရှိဘူး။ မကြိုက်ခဲ့ရင်တော့ အသက်ရှူကျပ်မဗျာ့နော်။ ချစ်လို့ လုပ်ရတာဆိုပေမဲ့ တစ်ဖက်သားကတော့ စိတ်ကျဉ်းကြပ်တယ်။ လူဆိုတာ အချုပ်အနှောင်ခံရရင် စိတ်ပေါက်ကွဲတတ်တယ်လို့ ငါ့ကို Comment ပေးတဲ့ ပုဆွဲမိဆိုတဲ့အကောင်က ပြောဘူးတယ်ဟ။ တစ်ခါတစ်လေ တအားမတင်းကြပ်ပဲ သူ့ပင်ကိုယ် ဘ၀လေးအတိုင်း လွပ်လွပ်လပ်လပ်ပေးနေလိုက်ပါလားနော်။ အိမ်ထောင်တွေကျလို့  ကိုယ့်အလုပ်နဲ့ကိုယ်ထဲမှာဆိုရင် ပြဿနာတက်လာပြီ။ အလုပ်ထဲမှာက ကိုယ်တစ်ယောက်ထဲ သီးခြားနေလို့ရတာမဟုတ်။ အပေါင်းအဖော် ၊ အကြီးအကဲ ၊ လက်အောက်ငယ်သားတွေနဲ့  အလုပ် လုပ် ရ မှာမလား။ ယောက်ျားလဲပါမယ်။ မိန်းမလဲပါမယ်။ သူတို့နဲ့ ပြောဆိုပေါင်းသင်း ဆက်ဆံရမယ်။ အသေအချာပဲ။ ဒါကိုလိုက်ပြီး မနာလို မရှုစိမ့် သဘောထားသေး နေရင်တော့ ပင်ပန်းဆင်းရဲဖို့သာပြင်။ အခန့်မသင့်ရင် တားဆီးပိတ်ပင်မှုတွေပါ လုပ်လာနိုင်တော့ သူလဲစိတ်ဆင်းရဲ ၊ ကိုယ်လဲ စိတ်ဆင်းရဲပြီး အိမ်ထောင်ရေးသာယာမှာ မဟုတ်ဘူးနော် လှဝိုင်း ။

အင်း ငါ စာရေးပျင်းတယ် ။ ဆက်မရေးချင်တော့ဘူး ။ကိုယ့်ဘာသာ ဆက်တွေးတော့နော် ။ တွေးဖို့ရာက တော့  ငါတို့ဟာ ငါ တို့ချစ်သူတွေကို  ကိုယ်ပိုင်  space လေး ပေးထားသင့်တယ် လို့….။

ခုတော့ဒီလောက်ပဲ ။ နောက်မှဆက်ရေးမယ် ။ ကျန်းမာရေး ဂ၇ုစိုက်ဖို့တော့ အမြဲမှာချင်တယ် ။ နောက်ရေးမဲ့စာတွေမှာ ပါမလာရင်လည်း မှာပြီးသားပဲလို့ သာ သဘောထားနော် ။ ပါမလာရင်စိတ်မကောက်နဲ့ ( ငါ့ ကို လွတ်လပ်ခွင့်ပေး….ဟေး) ။ ကောင်းကောင်းနေနော် ။

Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ(5)

သို့

လှဝိုင်းရေ

ဘယ်လိုလဲ နင်စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါလေစ ။ ငါလည်း ခုတလောအလုပ်ရှုပ်နေတာနဲ့(အင်းအရှုပ်တွေလုပ်နေတာတူပါရဲ့) နင့်စီကိုစာမရေးဖြစ်ဘူး ။ စာမရေးဖြစ်ပေမဲ့ သတိရပါတယ် ။

အင်း ငါအရှုပ်လုပ်တာနဲ့ပတ်သက်လို့နင့်ကိုပြောပြစရာရှိတယ် ။ တလောက ငါ လေ ငါ့သူငယ်ချင်းတွေနဲ့   မန္တလေးမြို့    ရဲ့  အရှေ့  ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ရေတံခွန်တောင်ကို အလည်သဘောမျိုး စိတ်ပြေလက်ပျောက်သွားဖြစ်တယ် ။ ဆိုင်ကယ်နဲ့  သွားကြတာ။

လမ်းမှာသိပ်လှပပြီးစိမ်းလန်းဆိုပြေတဲ့ လယ်ကွင်းစိမ်းစိမ်းတွေကိုဖြတ်ြပီး နာရီဝက်အကြာမှ တောင်ခြေကိုဆိုက်တယ်။ တောင်ခြေမှာ ဆိုင်ကယ်အပ်ထားခဲ့ပြီး တောင်ပေါ်ကိုခြေလျင်ပဲဆက်တက်ခဲ့ကြတယ် ။ ငါတို့ကတောင်ထိပ်မှာရှိတဲ့ ရွှေဟင်္သာလိုဏ်ဂူကိုအရောက်တက်
ကြမှာ ။တောင်ရဲ့တစ်ဝက်လောက်ထိကို လှေခါးထစ်တွေပါတဲ့ စောင်းတန်းကနေတက်ကြတယ်။ သိပ်မက်ဆောက်လွန်းတော့…
ငါတို့သိပ်မောတယ်။ ခြေတွေလည်းညောင်းတယ် ။ နင်မန္တလေးတောင်ကို စောင်းတန်းကနေတက်ဖူးလား ။ အိမ်းအဲဒီထက်
နှစ်ဆမက်ဆောက်တယ်။မော့တက်ရတယ်။နှစ်ဆပင်ပန်းတယ်။လမ်းတစ်ဝက်ရောက်ဖို့အရေးကို ခရီး ၃ ထောက်လောက်နားရတယ် ။ လှေကားထစ်ပါတဲ့စောင်းတန်းက လမ်းတစ်ဝက်လောက်အထိပဲရှိလေတော့ နောက်ထပ်ခရီးကိုမြေလမ်းအတိုင်းပဲ ကွေ့ကွေ့ကောက်ကောက်နဲ့တက်ကြရတယ် ။

ရာသီက နွေရာသီကြီး ။ အချိန်က မနက်၁၀နာရီ စပ်ဖြင်းဖြင်း အိုက်တဲ့အချိန်ကြီး။ ပင်ပန်းလှပေမဲ့  ငါတို့ရောက်ချင်တဲ့နေရာဟာ သိပ်သာယာလှပပြီးစိမ်းလန်းစိုပြေနေမဲ့နေရာလေးဖြစ်လောက်မယ်ဆိုတဲ့အတွေးနဲ့ ငါတို့ဆက်လက်ချီတက်ကြတယ် ။ လူတစ်ကိုယ်လံုံးလည်း ချွေးတွေနစ်နေပြီ ။ဒူးတွေလည်းတုန် ။အာတွေလည်းခြောက်ကပ် ။ရင်ဘက်ကလည်းလှပ်လှပ်လှပ်လှပ်နဲ့တုန်တယ် ။ငါသိပ်မောတယ် ။ ငါ့ခန္ဒာကိုယ်ကြီးကသိပ်လေးလံမှန်း အဒီအချိန်မှာသိပ်သိသာတယ် ။ငါခြေထောက်တွေကိုတောင်မသယ်ချင်လောက်အောင်ပါပဲ ။ ဒါပေမဲ့ ငါစိတ်မလျော့ဘူး …။ငါဆက်တက်တယ် ။ဒီနေရာထိရောက်လာနေမှတော့ မထူးတော့ပါဘူးလေဆိုပြီး တော့ပေါ့လေ။

နေကလည်းပိုပူလာတယ်။ ကံကလည်းဆိုးချင်တော့ တိမ်တမျှင်မှမရှိဘူး ။ဒီလိုပဲနားလိုက်တက်လိုက်နဲ့နောက်ဆုံးတော့ ငါတို့သိပ်ရောက်ချင်တဲ့ ၊ငါတို့တစ်ခါမှမရောက်ဘူးသေးတဲ့ ၊းငါတို့ရောက်၇င်ပျော်ရမယ်ထင်တဲ့ ၊သိပ်သာယာလှပမယ်ထင်တဲ့ ရွှေဟင်္သာလိုဏ်ဂူကို ငါတို့ရောက်သွားကြတယ် ။အဲဒိကိုရောက်ခါနားနီးတော့ထုံးစံအတိုင်းငါတို့တွေသိပ်ပျော်တာပေါ့ဟာ။ ဘယ်လိုနေရာမျိုးများဖြစ်လေမလဲပေါ့ ။ဒါပေမဲ့… တကယ်တမ်းကြတော့ငါတို့စိတ်ကူးယဉ်ကြည့်ခဲ့ကြသလောက် ငါစိတ်ကို မအေးချမ်းစေခဲ့ ၊မပျော်ရွှင်စေခဲ့ပါဘူး ။

လူဆိုတာကလည်း ကိုယ်ပင်ပန်းခဲ့ရသလောက် ညီမျှတဲ့ အကျိုးရလဒ်ကိုမျှော်လင့်တတ်တဲ့သဘောရှိတယ်လေ ။

၁နာရီလောက်နားနားနေနေနေပြီး မွန်းလွဲ၂နာရီလောက်ပြန်ဆင်းလာခဲ့ကြတယ်။ အပြန်လမ်းမှာ ငါတို့အတက်တုန်းက သတိမထားမိဖြစ်ခဲ့တဲ့ ရှုမျှော်ချင်းတွေကို အသေအချာကြည့်မိတယ်။ အို…သိပ်လှပတာပဲ ။သိပ်သာယာတာပဲ။အောက်ဘက်မှာ ငါတို့ဖြတ်ပြီးလာခဲ့တဲ့လယ်ကွင်းစိမ်းစိမ်းတွေ…။လိုဏ်ဂူတုန်းကထက်တောင်လှသေးတယ်။ ဘာဖြစ်လို့များ အသွားတုန်းက ဂရုမစိုက်မိခဲ့ပါလိမ့်နော် …။အော် ငါတို့က ရှေ့ခရီးကိုပဲအာရုံထားနေကြတာကိုး ..။တို့ဘေးပတ်ဝန်းကျင်က အလှတရားတွေကိုတောလျစ်လျူရှုထားကြတယ် ။

ငါစဉ်းစားကြည့်မိတယ် ။

ငါတို့ဟာ မရောက်ဖူးသေးတဲ့ တောင်ထိပ်ကိုမျှော်လင့်ချက်အကြီးကြီးနဲ့ အရောက်တက်နေကြတဲ့သူတွေလိုပဲနော်လှဝိုင်း။ ငါတို့အနီးနားက အလှပတွေထက်သာလိမ့်မယ်အထင်နဲ့ပေါ့ကွာ။

လှဝိုင်းရေ ပြောရအုံး ငါငယ်ငယ်တုန်းက သိပ် aggressive ဖြစ်တာ ။ငါလိုချင်ဖြစ်ချင်တာသိပ်များခဲ့တယ် ။ရအောင်လည်းလုပ်တယ် ။ရလည်းရခဲ့တယ် ။မအောင်မြင်ခြင်းတွေကိုလည်းငါအများကြီးရခဲ့တယ် ။ ပိုပင်ပန်းခဲ့တယ် (စိတ်ရော ကိုယ်ပါ) ။တဖြည်းဖြည်း အရွယ်ရောက်လာချိန်မှာ ငါ ငါ့ကိုယ်ငါပြန်သုံးသပ်တဲ့အကျင့် တစ်ခုရလာခဲ့တယ် ။ငါလုပ်နေတဲ့အရာတစ်ခုဟာ အကျိုးမှရှိရဲ့လား ။ ငါဘာရည်ရွယ်ချက်ကရောဘာလဲ ။ လူဘ၀ကိုယ်ရောက်လာတာ ဘာလုပ်ဖို့လဲ ။ငါဘာဖြစ်ရင်ကျေနပ်မှာလဲ စသဖြင့် စသဖြင့် ငါ့ကိုယ်ငါမေးခွန်းထုတ်တယ် ။ ဖြေရသိပ်ခက်တဲ့ မေးခွန်းတွေပါ ။

ငါဘယ်လောက်ပစ္စည်းဥစ္စာပေါများပေါများ ငါစားနိုင်လှ ထမင်း ၃ -၄ နပ်ထပ်မပိုပါဘူး ငါ့မှာအစာအိမ်တစ်ခုပိုမပါပါဘူး။
ငါဘယ်လောက်ကောင်းတဲ့ဟင်းတွေစားရစားရ ကြေနပ်လှ သူများတွေထက်မသာပါဘူး ။ (စားပြီးတော့လည်း ဟိုဟာတွေဖြစ်ကုန်တာပါဘဲလေ။)

အ၀တ်အစားကရော ငါဝတ်နိုင်လှ တစ်ကြိမ်မှာ တစ်ထည်နှစ်တည်ထပ်မပိုပါဘူးလေ ။
ငါဘယ်လောက်ကောင်းမွန်တဲ့တိုက်တာအဆောက်အဦးကြီးနဲ့နေရနေရ ငါကျောခင်းနိုင်လှ လူတစ်ကိုယ်စာပါပဲ ။ သူများတွေလိုပါဘဲ ။ ငါဇိမ်ပိုခံစားချင်လို့ သဘာဝက ကျောနှစ်ခုပိုမပေးပါဘူး ။ ငါ့အပျော်ရွှင်ဆုံးဆိုတဲ့ ပျော်ရွှင်ခြင်းတရားတွေဟာလည်း သူများတွေအပျော်ဆုံးအခိုက်အတန့်ဆိုတာထက်မပိုပါဘူး ။ ငါ့မှာ ခံစားတတ်တဲ့ ဦးနှောက် သို့ နှလုံးသား နှစ်ခု မပါပါဘူး ။ငါတို့ပိုင်တာ ငါတို့လက်တစ်ကမ်းအတွင်းကအရာတွေကိုသာ ဆိုတဲ့အဆိုတစ်ခုကိုငါကြားဖူးတယ် ။ဟုတ်တယ်လေ နင့်မှာ တိုက်ကြီးနှစ်တိုက်ရှိတယ်လို့နင်ကပြောတယ်။ ပြောနေတဲ့အခိုက်မှာ နင် အဲဒီတိုက်ကြီးကိုတကယ်ပိုင်နေလို့လား ။ပိုင်လို့လည်းမရပါဘူး ။

ထပ်ပြီးဖြည့်ရရင် ငါတို့ပိုင်တယ် ဆိုင်တယ် ဆိုတဲ့အရာအားလုံးဟာ ငါတို့စိတ်ထဲမှာပဲခံစားနေရတာတွေပါ ။လက်တွေမှာ ငါတို့ဘာတစ်ခုမှမပိုင်ကြပါဘူးကွာ ။အာရုံတွေနဲ့သာငါတို့ခံစားနိုင်ကြတာ ။အဲဒီအာရုံထက်ပိုပြီးငါတို့ဘာတစ်ခုမှ မပိုင်ပါဘူးဆိုရင် ငါမလွန်လောက်ပါဘူးနော် ။

နင်ကနင်ချစ်တဲ့ချစ်သူကို ငါနင့်ကိုပိုင်ဆိုင်ချင်တယ် ပိုင်တယ်ဆိုပြီး မလွတ်တမ်းတင်းတင်းကြပ်ကြပ်ပွေ့ဖက်ပေမဲ့လို့ နင်တကယ်ပိုင်တာက …ထိတွေ့မှုဆိုတဲ့အာရုံလေးတစ်ခုပါဘဲလေ ။

ရာထူးဂုဏ်သိမ်ဆိုတာကလည်း…ငါတို့ကိုယ်ငါတို့ပြန်သတိထားမိတဲ့အခါ စိတ်ကြီးဝင်တဲ့အခိုက်အတန့်လေးမှာသာ ငါတို့ဟာ ရာထူးကြိးကြိးပုဂိုလ်တွေဖြစ်ရတာပါ ။ နိုင်ငံတော်သမ္မတ ဟာ ငါနိုင်ငံတော်သမ္မတပါလားလို့ သတိထားမိတဲ့အခိုက်လေးမှာသာ နိုင်ငံတော်သမ္မတဖြစ်ရတာပါ ။ကျန်တဲ့အချိန်တွေမှာတော့ သူဟာ တခြားတွေနဲ့ဘာမှမကွာလှပါဘူး ။ သာမန်လူပါပဲလေ ။

ဆရာဝန်တစ်ယောက်ဟာ ငါဆရာဝန်ပါလားဆိုတဲ့အတွေးဖြစ်ပေါ်တဲ့အချိန်မှာသာ သူ ဆရာဝန်ဖြစ်ရတာပါလေ ။

ငါ လူတွေကိုတတ်နိုင်သလောက် ကူညီချင်တယ် ။သူတို့ကို ပျော်စေချင်တယ် ။ ခု ငါ့အခြေအနေနဲ့  ကတော့ ဝေးပါ့လှဝိုင်းရာ ။ ဒါကြောင့် ငါနေရာတစ်ခုထိအရင်ရောက်အောင်ကျိုးစားရမယ် ။အဲဒီရောက်ရင် ငါတတ်နိုင်လောက်ပြီလို့ငါထင်တယ် ။ ငါကူညီချင်တာကူညီလို့ရပြီပေါ့ ။ ငါအဲဒီနေရာကိုရောက်မှသာငါတတ်နိုင်လိမ့်မယ်လို့ထင်ခဲ့တယ်လေ ။

သူများအတ္တကိုဖြည့်ပေးဖို့ ကိုယ့်အတ္တတွေကို အရင်ဖြည့်ရမယ် ဆိုတဲ့ သိပ်လှတဲ့ စကားကို အထင်ကြီးယုံမှတ်မိတယ် ။
ဒီ အစွဲကြိးနဲ့အတူ…ငါ ငါ့ပတ်ဝန်းကျင်ကို လစ်လျူရှုထားခဲ့တယ် ။ သိပ်လှပမယ်ငါထင်တဲ့ တောာင်ထိပ်ကိုရောက်ဖို့ ငါ့ဘေးက အလှတွေကို လစ်လျူရှုထားခဲ့မိတယ် ။

ငါလေ ငါ့အလုပ်ကို အားလုံးထက်ပိုချစ်ခဲ့တယ် ။ ငါဘယ်လောက်ထိတောင် အဖြစ် သည်းခဲ့လဲဆိုရင် လေ…ငါ့မိဘ သို့ ဆွေမျိုး သို့ သူငယ်ချင်းဟောင်းတွေ ငါ့ဆီ ကို အလည်လာမှာကိုတောင်ငါစိတ်က ဆိုးရွံ့မိတယ် လှဝိုင်းရေ။
ငါ့အလုပ် ပျက်မှာကြောက်လို့တဲ့လေ ။
ဘာမှမသေချာတဲ့ ငါ့ရည်မှန်ချက်ပန်းတိုင်ကိုသွားတာ နှောင့်နှေးမှာဆိုးလို့တဲ့လေ ။
စာမေးပွဲ နီးရင် ငါ့ကိုအလုပ်တစ်ခုခုလာခိုင်းတာမျိုး ၊ ဘယ်နေရာကို သွားလိုက်ပါအုံး ဆိုရင် ငါသိပ် သိပ် စိတ်ပျက်မိတယ် ။ ငါ့စာမေးပွဲမှာ အမှတ်တွေမကောင်းမှာကြောက်လို့တဲ့လေ ။
ငါ့အတ္တကိုသာငါဦးစားပေးခဲ့တယ် ။

ခုတော့ ငါ အရင်ကငါမဟုတ်တော့ပါဘူး ။
တောင်ထိပ်ကိုရောက်မှ သိပ်လှတဲ့ရှုခင်းမျိုးကိုမြင်တွေ့ရမှာမဟုတ်ပါဘူး ။ ငါပျော်ရွှင်ကြည်နူးရမှာမဟုတ်ပါဘူး ။
ငါတစ်ကောင်ကောင်ဖြစ်မှ ငါသူတို့ကိုကူညီနိုင်တာမဟုတ်ပါဘူး ..။ငွေကြေးနဲ့မဟုတ်တောင် တန်ဖိုးဖြတ်လို့မရတဲ့ ပျော်ရွှင်မှုတွေ ၊ အားပေး နှစ်သိမ့်မှုတွေ ငါတတ်နိုင်တယ်ဆိုတာငါသိလိုက်တယ် ။

ဟိုအရင်က သူငယ်ချင်းတွေက ဘယ်သွားကြရအောင်ဆိုရင် ခေါင်းကိုတွင်တွင်ပါအောင်ရမ်းခဲ့တဲ့ငါ ခုဆိုရင် သူတို့နဲ့အတူငါရှိပေးတယ် ။ ငါသူတို့ကြည်နူးစေမဲ့ ဘ၀င်ကြစေမဲ့ ဟာသတွေပြောပြဖြစ်တယ် ။ ငါ့နယ်က သူငယ်ချင်းဟောင်းတွေ ငါ့ဆီလာခဲ့ရင် ငါ သူတို့မရောက်ဖူးတဲ့နေ၇ာတွေကိုငါလိုက်ပို့ပေးတယ် ။ ဒီကိုဆေးခန်းလာပြတယ်ဆိုရင်လည်း ငါ့ဆီမှာနေဖို့ ပြောတယ်။ ငါ ကိုယ်တိုင် ဆေးခန်းကြီးတွေကိုလိုက်ပို့ပေးတယ် ။ သူတို့မှာတဲ့ အရာတွေကို ငါမရရအောင် ဆိုင်ကိုသွား ပြီးဝယ်ပေးတယ် ။ ငါပျော်တယ် ။

ငါဟာ ဘယ်အချိန်လူလောကကြီးထဲက ထွက်ခွာသွားရမယ်ဆိုတာ ငါမသိဘူး ။ဘယ်သူမှမသိဘူး ။ ငါလုပ်ပေးချင်တာတွေဖြစ်လာမဲ့နေ့ကိုစောင့်စားရင်ငါ သေမသွားချင်ဘူးလေ ။
ငါဘာမှမရေရာတဲ့ အနာဂတ်ကြိးကို ငါသိပ်မမက်မောတတ်တော့ဘူး ။လက်ရှိအချိန်ဟာသေချာတယ် ။

ဆိုကြပါဆို့ရဲ့ လူတစ်ယောက်…သူသိပ်အောင်မြင်ချင်တယ် ။ သူ့ရည်မှန်းချက်ကိုမရောက်ေ၇ာက်အောင်လှမ်းလျောက်နေတယ်။ သူ့စာ သူ့အလုပ်ကိုပဲအာရုံစိုက်တယ် ။ သူ့အလုပ်ကိုပဲဦးစားပေးနေရတဲ့အတွက် သူမိဘ သူ့ဆွေမျိုးတွေကိုလည်းဘာတစ်ခုမှလုပ်မပေးနိုင်ဘူး။ဒီလိုနဲ့ဘွဲတွေတစ်ခုပြီးတစ်ခုရ။ နိုင်ငံခြားပညာတော်သင်တွေသွားရ နဲ့ သူ ရည်မှန်းထားတဲ့ဘွဲကြိးရလာပြီးမြန်မာပြည်ကိုပြန်အရောက် ကောက်ကာငင်ငါ ဘ၀တစ်ပါးပြောင်းသွားရတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ။သူ့မိဘ သူ့အသိုင်းအ၀ိုင်းအတွက် သူဘာမှ သူများအတွက်လုပ်မပေးခဲံရဘူး ။ အဲလိုလူမျိုးတကယ်ရှိတယ်နော် ။ငါအဲလိုလူမျိုးမဖြစ်ချင်ဘူးကွာ။

နင်ရောဖြစ်ချင်သလားအဲလိုဘ၀မျိုး ဖြစ်ချင်ပါ့မလား။ နင်လူ့ဘ၀ကိုရောက်လာတာဘာလုပ်ဖို့လဲ လှဝိုင်းး

Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ (4)

သို့်

လှဝိုင်းရေ

ဒီတစ်ခေါက်တော့ ငါတို့ကျာင်းရဲ့အကြောင်းကိုပြောပြမယ် ။နားထောင်ချင်လား။ နားမထောင်ချင်ရင်လည်း ၊ ကိုယ်ဘာကို ဖတ်တော့ကွာ …နော် ။

အချိန်သိပ်မလေးစားတာကတော့ အရင်တစ်ပတ်ရေးတဲ့စာထဲမှာပါသွားပြီးဖြစ်တဲ့အတွက် ထပ်မပြောပြတော့ပါဘူး ။ ခုပြောပြမှာက ငါ ခံတွင်းမတွေ့   တဲ့ ငါတို့ (နင်တို့ရဲ့  )ပညာရေး ပုံစံအကြောင်း ။

ခုငါတို့စာသင်ခန်းပုံစံကို စပြောပြမယ် ။  ဒီစာသင်ခန်းကတော့ ငါ နောက်ဆုံးနှစ်အပိုင်း(က) သင်တန်းတက်တုန်းက ငါနဖူးတွေ့   ဒူးတွေ့   ကြုံတွေ့   ခဲ့ ရတဲ့ အခန်းပုံစံပေါ့ကွာ ။အခန်းက ကျောင်းသား (၃၀၀) နီးပါး ဆံ့တယ်။ထိုင်ခုံတွေကို ဘေးဝဲယာနဲ့အလယ်တန်းဆိုပြီး အတန်းကြီး ၃ တန်းခွဲထားပြီး အမြင့်ပိုင်းကနေ ရှေ့ဘက်အနိမ့်ပိုင်းကိုလျောဆင်းသွားတဲ့ပုံစံမျိုးထားရှိတယ်။
စာသင်ခန်းရဲ့ရှေ့ထိပ်နားခုံပေါ်မှာက projector တစ်လုံး ၊ နံရံမှာကပ်ထားတာကတော့ ပိတ်ဖြူကားကြီးတစ်ခု ၊ projector နဲ့      စာသင်ရတယ်ဆိုတော့ ….တော်တော်အဆင့်မြင့်မဲ့ပုံပဲလို့တော့တစ်ခါတည်းကောက်ချက်မချ
လိုက်နဲ့အုံး နော်…..။
အဲဒီ projector ကြီးက ငါ့ထက်တောင်အသက်ကြီးပုံရတယ် ။ ခြူခြာလိုက်တာလည်းမပြောပါနဲ့တော့ ။ခဏခဏပျက်တယ် ။ခဏခဏ ဆေးကုပေးရတယ် ..အဲလေ ပြင်ရတယ် ။ အင်းငယ်ချစ်မို့ထင်ပါရဲ့ သူ့ကို အခြားစက်အသစ်တွေနဲ့အစားထိုးဖို့ဆိုတာတွေးတောင်မတွေးကြဘူးထင့်ပါ့ ။ အခန်းအပြင်ဘက်ကနေ အတွင်းဘက်ကို လှမ်းချောင်းကြည့်မယ်ဆိုရင်တော့ အော်တော်တော်သားသားနားနားပါလားလို့
တွေးထင်ချင်စရာကြီးလှဝိုင်းရ ။ ၀င်ထိုင်ပြီးစာသင်ကြည့်မှနင်သိလိမ့်မယ် ။ထိုင်ခုံတွေက .ယိုင်နဲ့နဲ့   ရယ် ။ ရိုက်သံတွေကလည်းထိုးထိုးထောင်ထောင်ထွက်နေကြပြီ။ တလောက ငါ lecture အပြီး ကိုယ်ကို ဘေးတိုက်ရွှေ့   ပြီးပြန်အထွက် ရှိစုမဲ့စု ပုဆိုးကွင်းတစ်ထည် ဗြိဗြိပါအောင်ပြဲ ခဲ့ပါပေါ့လား လှဝိုင်းရေ။ အင်းဒါလောက်ကောင်းနေတာကိုပဲကျေှးဇူးတင်ရမယ် ။

သူ့ထက်ပိုဆိုးတာက အခန်းက လေ၀င်လေထွက်မကောင်းဘူး ။လေပန်ကာရှိပေမဲ့ လျှပ်စစ်မီးကလည်း တစ်ခါလာရင် မီးခဲပေါ်ယင်နားသလောက်ကြာတာမို့ လေပန်ကာကမရ။လေပူတွေကအခန်းတွင်းအောင်း အတွင်းကလေအပြင်ကိုမထွက်၊ အပြင်ကလေတိုက်နေရင်တောင် ၀င်စရာအပေါက်မရှိလောက်အောင် အဆောက်အဦးကခံနေ။၇ာသီကနွေရာသီကြီး။ချွေးတွေပြိုက်ပြိုက်ကျအောင်ပူတယ်။လျှပ်စစ်မိးမလာလို့       မိုက်ကရိုဖုန်းကလည်းအသံမထွက် ။ ဆရာအသံကိုလည်း ကျောင်းသားတွေရဲ့တွတ်ထိုးသံကလွမ်း။ ချွေးတစိုစို အနံ့အသက်ကလည်း မကောင်း…အားကြီးစိတ်ညစ်စရာကောင်းတာပဲ လှဝိုင်းရာ ။ဘာမဆိုညာမဆိုင် မီးနေသည်အမျိုးသမီးတွေကိုတောင် စိတ်ထဲကကျိတ်ချီးကျူးမိရဲ့ ။

စာသင်ကြားတဲ့နေ၇ာမှာ ဒီအဆောင်အယောင်တွေဟာ သိပ်အရေးမပါသယောင်ရှိပေမဲ့ တကယ်တမ်းကြတော့ တော်တော်လေးအရေးပါတာတွေ့ရတယ်။   နင်သိတဲ့အတိုင်းပဲလေ
ငါတို့ဦးနှောက်ဆိုတာက အောက်စီဂျင်ကောင်းကောင်းရမှ ခေါင်းကကြည်ကြည်လင်လင်ရှိတာ ၊ခေါင်းကြည်မှ စာကိုအာရုံစိုက်နိုင်တာမို့လား။ ဒါမှ အတန်းတက်ရတာ လက်ချာလိုက်ရတာ အကျိုးရှိမယ်လေ။ ခုတော့ အခန်းက လေ၀င်လေထွက်ကမကောင်း၊ ပူကပူလောင်လောင်ကလောင်နဲ့ ဆိုတော့ ခေါင်းကမကြည်လင်တော့ဘူး။ စာကိုလည်းသိပ်ပြီးအာရုံမစိုင်နိုင်တော့ဘူး။ တခါတလေများဆို ငိုက်တောင်ငိုက်ချင်လာတယ် ။အဲဒါ ဦးနှောက်ကို အောက်စီဂျင်အေ၇ာက်နည်းတာလည်းပါတယ်။(ကျောင်းသားစိတ်ဝင်စားအောင်မသင်တတ်တာလည်းပါတယ်)

အခန်းတွင်းအပူချိန်ကလည်းအရေးကြိးတယ်။ ခေါင်းကပူလာရင်ဘာကိုမှမှတ်လို့မရတော့ဘူး။
တစ်ခါတစ်လေစာသင်ခန်းထဲဝင်ထိုင်ရမှာတောင်ကြောက်လာတယ် ။ပူလွန်းအိုက်လွန်း အသက်ရှုမ၀လွန်းလို့ပါ ။ဒီအခန်းထဲခန္တာကိုယ်ပင်ပန်းဆင်းရဲခံပြီးဝင်ထိုင်နေမဲ့အစား aircon တပ်ထားတဲ့ game ဆိုင်မှာသို့ ခပ်အေးအေးတစ်နေရာမှာ သွားထိုင်နေတာမှ ပိုကောင်းလိမ့်အုံးမယ်လို့တွေးမိသူတွေကလည်းနည်းမည်မဟုတ်ပါ ။
စာသင်ခန်းတစ်ခုဟာ ကျောင်းသားလာချင်အောင်ဆွဲဆောင်ထားတဲ့နေရာဖြစ်နေအောင် စီမံထားရင်ပိုမကောင်းဘူးလားနော် ။

စာသင်ကြားပုံနဲ့ပတ်သက်ပြီးတော့လည်းကြည့်လိုက်ပါအုံး ။
စာသင်ကောင်းတဲ့ဆရာကလည်းရှားတယ် ။ ငါ့အနေနဲ့ကတော့ ဆရာတစ်ယောက်အသင်အပြကောင်းမကောင်းကို တော်မတော်ကို အဓိပ္ပါယ်ဆိုလိုရင်းနားလည်ရုံသာ သင်ပြတတ်ရုံနဲ့ငါမတိုင်းတာဘူး ။ တွေးခေါ်ပုံတွေးခေါ်နည်း ကို လမ်းညွှန်ပြသပေးတဲ့သူကို သာ စာသင်ကောင်းတဲ့ဆရာလို့ငါကသတ်မှတ်တော့….အင်းစာသင်ကောင်းတဲ့ဆရာကလည်း လက်ချိုးရေလို့ရတယ် ။အင်း အဲဒီလိုဆရာရဲ့သင်နည်းကို နှစ်ခြိုက်သဘောကျတဲ့ကျောင်းသားကလည်း အတော်နည်းပါတယ်လေ ။

တစ်ချို့ဆရာတွေက သူ တို့ဖတ်ထားတဲ့စာတွေကို သဲကြီးမဲကြီးအန်ထုတ်ပြနေသလိုပဲ။ဘာမှစိတ်ဝင်စားစ၇ာမကောင်းဘူး။ စာကြိုးစားကြသူတွေကတော့ တစ်လုံးရရနှစ်လုံးရရ လိုက်မှတ်ကြတယ် ။  တစ်ချို့ကြတော့လည်း အားနာလို့မို့ မျက်လုံးကြီးကို ဇီးကွက်လိုပြူးထားပြီး လိုက်နားထောင်တယ် (ဘယ်ဘက်နားက၀င် ညာဘက်နားကထွက်) ။တချို့   ကြတော့လည်းဆရာရှိမှန်းပင်မထင်တော့ သူတို့လုပ်ချင်၇ာလုပ်နေကြတယ် ။ဒီလိုပုံစံသင်ကြားနည်းမျိုးကို one way teaching လို့ခေါ်တယ်။

One-way teaching ဟာထိရောက်မူနည်းတယ်လို့ငါတော့မြင်တယ် ။ ဘာလို့လည်းဆိုတော့ ဆရာသူသိထားတွေကိုရှေ့နေ အန်ထုတ်ပြသွားတယ်။ နောက်ကကျောင်းသားက ဆရာ့နှုတ်ကထွက်ကျလာတဲ့ စကားလုံးတွေကို လိုက်လိုက်ကောက်ပြီ ဦးနှောက်ထဲသိုထားကြတယ် ။ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုမရှိဘူး ။အလွန်ကိုpassiveဆန်တယ် ။ဘာ excitement , motivation မှမရှိဘူး ။ကျောင်းသားကရေသာခိုနေလို့ရတယ် ။ သင်ပြပေးဖို့က ဆရာ့တာဝန် ၊ နားထောင်နေဖို့က ငါတို့တာဝန်လို့ပဲ တွေးကြတော့တယ်။ ဆရာနဲ့တပည့် အပြန်အလှန် ဆွေးနွေးမှုမရှိတော့ဘူး ။ lecture ပြီးလို့ ဘာများမေးစရာရှိသလဲလို့ ဆရာမေးရင် မရှိပါဆရာ ဆိုတာ ငါတို့တွေရဲ့ လက်သုံးစကားဖြစ်နေလေရဲ့ ။ တကယ်က အားလုံးနားလည်သွားလို့မဟုတ်ဘူး ။မေးခွန်းကိုမေးထုတ်တတ်ကြတော့တာလေ ..။ ငါတို့ကိုစဉ်းစားနည်းမှမပေးကြတာ …။စဉ်းမှမစဉ်းစားခိုင်းတာ ။ငါတို့ လည်းဘယ်စဉ်းစားတော့မှလည်း ။ ဘယ်လိုလုပ်မေးခွန်းတွေ ခေါင်းကထွက်တော့မှာလည်းလေ ..။

အင်းခုဒိစာကိုရေးနေရင်းကနေ တစ်ခါကငါကြည့်ခဲ့ဖူးတဲ့ lovestory from Harvard ဆိုတဲ့ဇာတ်ကားကိုပြေသသတိရမိတယ် ။ အဲဒီဇာတ်လမ်းထဲမှာ professor  ကြိးက သူ့တပည့် ကျောင်းသာတွေကို လက်တွေ့ဘ၀မှာတကယ်တွေ့    ကြုံရတဲ့ အမှုတစ်ခုကို ထုတ်ပြပြီး ကျောင်းသားတွေကိုလက်တွေ့ဖြေရှင်းခိုင်းတာ ။ကျောင်းသားတွေကိုတရားလိုဘက်ကနေရှေ့နေ လိုက်ခိုင်းတယ် ။ တရားလိုဘက်ကအရေးနိမ့်သွားတယ်ဆိုရင်ပဲ ခု…တရားလိုဘက်ကရှုံးနိမ့်နေပါတယ် ။တရားလိုကို ကယ်နိုင်တဲ့သူရှိပါသလား…ဆိုပြီး သင်ပေးသွားတာ သိပ်လှတာပဲ။

ငါတို့တွေဟာစာအုပ်ကိုကျော်ပြီးမကြည့်တတ်ကြတာ မထူးဆန်းတော့ပါဘူးလေ ။ နိုင်ငံခြားရောက်ဆရာသမားတစ်ဦးပြောပြချက်အရ……ငါတို့မြန်မာနိုင်ငံမှာစာသင်ရတာ အင်မတန်သက်သာတယ် တဲ့ ။ဟိုနိုင်ငံမှစာသင်ရတာအရမ်းပင်ပန်းတယ်.။ ဆောင်းတွင်းကြီးမှာတောင်    ချွေးပြန်ရတယ် ။(လေပံကာမရှိလို့ တော့မဟုတ်ပါ) ။အဲဒီကကျောင်းသားတွေက ဆ၇ာတွေချွေးပြန်လောက်တဲ့ မေးခွန်းတွေမေးပြီး challenge လုပ်နိုင်တဲ့အရည်အချင်းရှိကြတယ်။ သူတို့ကိုယ်တိုင်ကလည်း ဖတ်ထားလေ့လာထားတာ။ ဒီတော့ဆရာကလည်း (ချွေးမပြန်ချင်လို့၊ သိချင်လို့) စာတွေကို နောက်ဆုံး uptodate တွေအထိ နှံ့စပ်နိုင်သမျှနှံ့စပ်အောင် ဖတ်မှတ်လေ့လာထားရတယ်။ ဆ၇ာကပိုတတ် သွားပြန်တယ်။ဆရာကတိုးတက်တော့ ကျောင်းသားတွေပါ အသိတိုးပြန်တယ် ….။သူတို့လမ်းက တိုးတက်ဖို့ချည်းပဲ ။ ဒီလိုပုံစံမျိုးဖြစ်နေအောင်ပျိုးထောင်ဖို့အတွက် ဆရာရော ကျောင်းသား မှာပါတာဝန်ရှိတယ် လို့   မြင်တယ် ။ ဆရာကပိုအခ၇ာကျတယ် ။
စာသင်ခန်းဟာအမြဲပြည့်မနေပေမဲ့ ကျောင်းနားက game ဆိုင်တွေကတော့အချိန်တိုင်းနီးပါးပြည့်နေတတ်တာ သက်သေပဲလေ။

ငါအစတုန်းက medical subjectsတွေကိုလေ့လာဖို့ဆိုရင် မှတ်ဥာဏ်ဟာ အရေးပါဆုံးလို့တောင်ထင်ခဲ့ဖူးတယ်လှဝိုင်းရေ ။ တဖြည်းဖြည်းနဲ့သိလာရတာကတော့ မှတ်ဥာဏ်ဟာ အားလုံးရဲ့ဆရာကြီးမဟုတ်ဘူးဆိုတာပဲ ။ မှတ်ဥာဏ်ဟာ အရေးပါသလောက်ပါပေမဲ့ သူရဲ့ role မှာ limitရှိတယ်လှဝိုင်းရ ။ way of thinking ကသာအခရာပဲ…။သူ့မှာ ဘာအကန့်အသတ် မှမရှိဘူး…။အဆုံးအဆမရှိဘူး သူ့ရဲ့အရေးပါမှုက။
‘It is possible to store the mind with a million facts and still be entirely uneducated’ ဆိုသလိုမျိုးပေါ့ ကွာ ။အချက်အလက်ပေါင်း သန်းပေါင်းများစွာမှတ်ထားနေပေမဲ့လို့ ဘာမှမတတ်တဲ့သူဖြစ်နိုင်တယ်တဲ့ ။ငါတို့ medical subjects တွေဟာ lists တွေသိရုံ နဲ့ဆေးကုလို့မရဘူး။နားလည်ဖို့လည်းလိုတယ် ။တော်တော့ကိုလိုပါတယ် ။အကြောင်းအရာကိုမှတ်မိနေရုံ သိနေရုံနဲ့တော့ မလုံလောက်ဘူး။ ဆက်စပ်ပြိးတွေးခေါ်စဉ်းစားတတ်ရမယ်။ အသုံးချတတ်ရမယ်။ ငါတို့ကျောင်းသားတွေဟာ မှတ်ဥာဏ်ကိုအများကြိးအားကိုးကြတယ် ။ကျောင်းသူ ကျောင်းသားတွေဟာတော်ကြပါတယ်။ တော်တော်လည်းမှတ်သားနိုင်စွမ်းရှိကြပါတယ် ။စာလည်းအင်မတန်ကျက်ကြတယ် ။စာမေးပွဲမှာဆိုလည်း ….စာကျက်စွမ်းရည်တော်တော်ရှိသူများကြတော့ တော်တော်အမှတ်ကောင်းကြတယ် ။ ဒါပေမဲ့ တကယ်နားလည်လားဆိုတော့ ကျေကျေလည်လည်သိမှ ကျုပ်ရေးတယ် ပြောတယ်ဆိုတဲ့ကျောင်းသားက တော်တော့ကို ရှားတယ် ။တော်တော်လေးကိုရှားပါတယ်။ သူတို့မှတ်မိတာ သူတို့ဖြေလိုက်တာပဲ ရှိတာ။
ဆိုကြပါစို့…..ငါ တတိယနှစ်တုန်းကဆိုရင် clinical teachings အနေနဲ့ system Cardiovascular system respiratory system စသဖြင့်သူတို့နဲ့ပတ်သက်တဲ့ history physical examination တွေကိုဖတ်ရမှတ်ရလေ့လာရတယ်။ ရလည်းရတယ် ။ဆရာမေးရင်တော့ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့  ဖြေထဲ့လိုက်တာပဲ ။ဒီ မှာ ဘာကြောင့်မေးရတယ် ။ဘာကြောင့် စမ်းသပ်ရတယ်ဆိုတာကိုတော့…မသိရိုး အမှန်ပါ ။သူများယောင်လို့ယောင်အမောင်တောင်မှန်းမြောက်မှန်းမသိ ခဲ့ (ခုတော့သိတာပေါ့ )။ ဒါနဲ့ပတ်သက်လို့ ငါတို့ဆရာပါမောက္ခဌာနမှူးတစ်ဦး ပြောတာကတော့….’ I almost always had to suppress my irritation and anger at the mere mentioning of very unusual and never-ever-encountered esoteric sings of infective endocarditis ie Osler’s nodes, Janeway’s lesions, Roth’s spot and blah, blah, blah…..then ,why on earth did these young pig-heades regurgitate the ingested facts like parrots without knowing the meaning and significance of these physical signs to our very faces ? The answer is simple and plain- because we teach these to the students ; as you sow, so shall you reap ‘ ဆိုပြီး ငြီးပြခဲ့ဖူးပါတယ်။ ဒါတွေဟာဖြစ်ရတာကျောင်းသားတွေမှာသာအပြစ်ရှိတာမဟုတ် သင်ကြားပေးတဲ့ဆရာနဲ့ system မှာပါ တာဝန်ရှိတယ်လို့ပြောချင်တာ ။

သူများနိုင်ငံကကျောင်းသားတွေ ဟာနောက်ဆုံးပေါ်တွေ့ရှိချက်တွေ ဆေးကုထုံးတွေကို ဆွေးနွေးနေကြစဉ်မှာ….ငါတို့က အရင်ကသူတွေတွေ့ရှိသွားကြတဲ့ရှိချက်တွေကိုတောင်အရမကျက်ရသေးဘူးဆိုသလိုဖြစ်နေတာ။ ဘယ်တော့များမှသူတို့ကိုမီနိုင်ပါ့လှဝိုင်းရေ ….။

သူတို့ကငါတို့ကို informationလောက်ပဲပေးတာ ။ ဒီဟာက ဘယ်ကနေဘယ်လိုကြောင့်ဖြစ်သွားရတာဆိုတာ ကျေကျေလည်လည်ပြောပြ တွေးခေါ်သုံးသပ်ပြပေးတဲ့သူ ကအရှားသား ။ ငါးကိုပဲပေးနေကြတာ …ငါးမြှားနည်းကိုမပေးကြဘူး ။ငါးကိုပေးကြလေတော့ …..တစ်ခါစားအတွက်ပဲရမှာ ။ အမြဲတမ်း အလုပ်မဖြစ်ဘူး ။ဆိုလိုတာက ဆရာက ဒီစာပုဒ်ကို နားလည်အောင် မှတ်မိအောင်ရိုက်သွင်းပေးလိုက်ကြတာ …။အင်း ကျောင်းသားကလည်း တသဝေမတိမ်း လိုက်ကျက်ကြတာ ။ မှတ်မိရင် ဖြေတယ် ။မမှတ်မိရင်မဖြေတတ်တော့ဘူး ..။လက်တွေ့မှာလည်းသိပ်အသုံးမချတတ်ကြဘူး ။ မှတ်ဥာဏ်ကို အပြည့်အ၀သုံးအောင် တွန်းပို့ပေးကြတာ….။စဉ်းစားဖို့ဆိုတာ ငါတို့အလုပ်မဟုတ်သလိုဖြစ်နေတယ်။ဘာလို့ဖြစ်ရတာ ၊ဘာကြောင့် ၊ဘယ်လို ဆိုတာတွေမမေးတတ်တော့ဘူး ။
မှတ်ဥာဏ်ကိုအားကိုးလို့ကတော့ တစ်နေ့ဒုက္ခလှလှတွေ့မှာပဲ ။ ဦးနှောက်ရဲ့အလုပ်ကိုက မေ့ဖို့ပဲလေ ။မေ့မှာပဲ။ ဆရာကြီးတစ်ပါးကတော့ ခု အသက်ကြီးလာတော့ စာတွေကိုသိပ်မမှတ်မိတော့ဘူး ။ ငယ်ငယ်တုန်းကလိုဦးနှောက်ကလည်းမထက်တော့ဘူး ဆိုတော့ စဉ်းစားတွေးခေါ်နည်းကို ပဲအားကိုးရတော့တယ် လို့ပြောဖူးတယ် ။ တစ်ခါတစ်လေ တစ်ချို့ဆရာကြီးတွေေ၇ာဂါတစ်ခုနဲ့ပတ်သက်လို့ စဉ်းစားတွေးခေါ်ဆက်စပ်ပြတာ အင်မတန် အံ့သြဖို့ကောင်းတယ် ။သိပ်လှတယ်။သူတို့ကလည်းစဉ်းစားနည်းတွေးနည်းကိုအလေးပေးတာ၊ အချက်အလက်ဆိုတာ မှတ်လိုက်မေ့လိုက်ပဲလေ။မှတ်ပုံမှတ်နည်း တွေးပုံတွေးနည်းက အခရာလို့ပြောတယ် ။ ခက်တာက အဲလို လမ်းညွန်ပြသပေးတဲ့ဆ၇ာကြီးတွေဆိုတာကလည်း သူ့အလုပ်နဲ့သူရှုပ်နေတာဆိုတော့… ငါတို့နဲ့အမြဲထိတွေ့နေနိုင်တာမဟုတ်ဘူး ခဏတဖြုတ်လောက်သာတွေ့ကြရတာလေ ။ ငါတို့နဲအမြဲတမ်းတွေ့ရတာက သူတို့လောက် မဟုတ်တဲ့ ဆရာတွေလေ …။

ဒီလို စဉ်းစားနည်းကို သိပ်အသုံးမပြုဘဲ မှတ်ဥာဏ်ကိုချည်း လွတ်သုံးနေတာဟာ education system ရဲ့ပယောဂမကင်းဘူး လို့ငါတော့မြင်တယ် ။system ကိုက exam-oriented systemဆိုတော့ စာမေးပွဲအေရေးသာအဓိက ၊စာမေးပွဲအောင်ေ၇းသည်သာမဓာန ၊ စာမေးပွဲအောင်ေ၇းသည်သာ ပထမ ဖြစ်ကုန်ကြရော ။စာမေးကပွဲအောင်ဖို့အတွက်ဆိုရင် five stars တွေကိုစောင်းပေးကျက်ကြတယ် ။ စာမေးပွဲအောင်ဖို့အတွက်ကတော့ ဒီလောက်ကျက်ရင်ကို ရနေပြီဆိုတော့ သိပ်အပင်ပန်းမခံကြတော့ဘူး ။ဒီတော့ ၁၀ ပုဒ်ရွေးကျက်လို့ ၆ပုဒ်နီးပါးတိုးပြီး အောင်သွားသူတွေလည်းမရှားလှ ။ကံကောင်းရင် ဂုဏ်ထူးမှတ်နားပင်ဝဲလို့…၀ဲလို့ ပဲ လှဝိုင်းရေ။
ပြိးတော့ အောင်ဖို့အတွက် ဘယ်text bookတွေကိုမှဖတ်နေစရာမလိုတော့ဘူး။ဖတ်လည်မဖတ်ကြပါဘူးအများစုက…။မဖတ်ကြတော့တဲ့အပြင် ရှိပြီးသားsimplified handouts တွေကိုတောင် ပိုပြီး လုပ်ပစ်ကြတယ်။ဆေးပညာမှာသူများနိုင်ငံတွေနဲ့မ ယှဉ်နိုင်တာဘာဆန်းလို့လဲ။ သူတို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ကြပြီး နောက်ဆုံးတွေ့ရှိချက်တွေကို ကျောင်းသားချင်ဆွေးနွေးနေကြချိန်မှာ ဒို့ဆီကကျောင်းသားတွေကတော့ စာမေးပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့အရေး တိုတောင်းပိုကောင်းဆိုတဲ့ မှတ်စုတွေကို ရသမျှလိုက်စုပြိး ပြဲနေအောင်ကျက်နေကြရတယ် ။(အာပြဲအောင် )

ဒီလိုလုပ်ပြီးအမှတ်ကောင်းတာကိုပဲ မသိတဲ့သူတွေက အထင်တွေလွတ်ကြီးကြ…။အမှတ်များဖို့  သည်သာသူတို့ရဲ့ အန္တိမပန်းတိုင်တွေဖြစ်ကုန်ကြ ။အားကျအတုယူမှုတွေလွဲမှားကုန်ကြ ။
အတန်းမှန်မှန်တက်ရေးမတက်ရေးကိစ္စ ၊ ကျူရှင်ကိစ္စ ၊ ဆရာပေါ်မူတည်ပြီး (စာစစ်သူပေါ်မူတည်ပြီး) အမှတ်တွေ ကွာကြတာတွေကတော့ သိပ်အရေးမပါလောက်ဘူးထင်လို့ထည့်မပြောပြတော့ပါဘူး ။
ဒါတွေကတော့ငါတို့တက္ကသိုလ်ကအားနည်းချက်တွေကို ရင်နာနာနဲ့ပြောပြတာပါ ။ အားသာချက်တွေလည်းအများကြီးရှိပါတယ် ။
နောက်မှပဲ ငါဆက်ပြောပြတော့မယ် .။။

ကျန်မာရေးဂရုစိုက်နော် လှဝိုင်း။ ကောင်းကောင်းနေနော် ။

« Newer Posts - Older Posts »

Categories