ဟိုတစ်လောက ကျွန်တော် ကိစ္စတစ်ခုနဲ့ ကွန်ပျူတာအရောင်းဆိုင်ကိုရောက်ြ
ဟိုအရင်က ချစ်ခဲ့ပေမဲ့ အခု အခြေအနေအရ အချစ်သစ်က တစ်ယောက်ဖြစ်လို့နေပြီ လေ ။ ကျွန်တော် အချိန်အတော်ကြာ လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်နေသည့်ခံစားမူမျိုးခံစားရပြီးသည့်နောက်အလိုလိုနေရင်းက မျက်ရည် လည်သလို ။။ဟုတ်တယ် ကျွန်တော် လွမ်းနေတာ..။ သူ့ကို လွမ်းနေတာ ။
ဟိုး လွန်ခဲ့သော 6 နှစ် ခန့် ….
ကျွန်တော်က 10 တန်းအောင်ပြီးလို့ အစ်မ၀မ်းကွဲတစ်ယောက်ရဲ့ မိတ္တူဆိုင်မှာ ၀င်အလုပ်ကူလုပ်ခဲ့တယ် ။ တဖက်ကလည်း ဆိုင်အတွင်းမှာရှိတဲ့ ကွန်ပျူတာစာစီဖို့ရန် ထားထားတဲ့ ကွန်ပျူတာ တစ်လုံး ကို ဟိုစမ်းသည်စမ်း ကိုင်တွယ်စမ်းသပ်ရင်း ကျွန်တော်ကွန်ပျူတာကို အစွဲကြီးစွဲလမ်းခဲ့ဖူးတယ် ။ စားလည်းသည်စိတ်၊ သွားလည်းသည်စိတ် ၊ အိပ်မက်ထဲမှာတောင် သူ့ ကို ထည့် မက်နေခဲ့ရလောက်အောင် …။ ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို စာအုပ်ဆိုင် ကနေ ၀ယ်ဖတ်တယ် ။ ရှိတဲ့ အိမ်က ငှားဖတ်တယ် ။ အဲဒီထဲကအတိုင်း လိုက် လုပ် စမ်းသပ်ကြည့် ။ လုပ်နည်းအသစ်တစ်ခု ခုများတွေ့ခဲ့ရင် ပျော်မဆုံး မော်မဆုံး ။ ထမင်းစားလို့လည်းကောင်း ။ ကွန်ပျူတာကို တစ်စတစ်စ ပို ခင်တွယ်လာခဲ့တယ် ။
စိတ်ကူးတွေ ယဉ်ခဲ့တယ် ။ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ချင်သည့်စိတ်တွေရင်ထဲမှာ မဆန့်မပြဲ ။ ထိုစဉ် တီထွင်ပညာရှင်ကြီး အက်ဒီဆင်အကြောင်း ကို ဖတ်ရတော့ အက်ဒီဆင်လို ဖြစ်ချင်ပြန်ခဲ့ …။ အိုင်းစတိုင်းအကြောင်းကို ဖတ်ရတော့ အိုင်းစတိုင်းလို ကြီး ဖြစ်ချင်ပြန်သည် ။ ကျွန်တော့်စိတ်ထဲမှာ တီထွင်မှု ၊ စမ်းသပ်မှု ၊ ဇွဲ ၊ ထပ်ဖန်တလဲ ကြိုးစားမှု၊ အောင်ပွဲခံမှု တွေ ပြည့်နေတဲ့ သိပံသမားဘ၀ကို လိုချင်မိခဲ့ ။
သို့ပေမဲ့ …..
ယခုဖြစ်နေတာက ဆရာဝန် တစ်ယောက် ။သက်မဲ့ကွန်ပျူတာတွေ နဲ့ အလုပ်လုပ်ရသည့်သူမဟုတ်တော့ ၊ လူတွေ …သက်ရှိလူတွေ ၊ တွေးခေါ်တတ် ၊ခံစားချက်တွေအပြည့်ရှိသည့် လူတွေ နဲ့ အလုပ်လုပ်ရသည့် သူဖြစ်လို့နေသည် ။
စမ်းသပ်ကြည့်မှုတွေ ၊ အောင်မြင်သွားပါက ဟေးခနဲအော်ကာ လက်မထောင် မှုတွေ မလုပ်သင့်သည့် ဘ၀ ။ကိုယ်ဖြစ်စေချင်သလို ဖန်တီး လို့မရ ။ စက် အတက်နှေးလို့ ဒုန်းဒုန်း ဒိုင်းဒိုင်း ထု ခွဲ ကာ ပေါက်ကွဲ ပြလို့မရ ။
ကွန်ပျူတာတွေနဲ့အလုပ်လုပ်ရတုန်းက တိတ်ဆိတ်ခြင်း ၊ ငြိမ်းအေးခြင်း တို့ကို ရသလောက် ၊ လူတွေနဲ့အလုပ်လုပ်ရတော့ စကား မပြောလို့မရ ၊ တိတ်ဆိတ်နေ၍လည်းမဖြစ် တော့ ။လူနာတွေ၏ နာကျင်စွာ အော်ညည်းသံ ၊ ဆင်းရဲမွဲတေမှု ရောဂါက နှိပ်စက်တော့ ကျောကော့အောင်ခံရမှုတွေကို မြင်တွ့ရ ။
ထိုသို့ထိုသို့ အတွေးတွေကို နှိုင်းယှဉ်တွေးရင်း……
ကဲ ဒကာတော်သွားကြရအောင် ၊ စက်က ပြုပြင်လို့ပြီးသွားပြိ ဆိုတော့ မှ ……ငယ်ချစ်ကို ခဏတွေ့ခဲ့ရပြီးမှ ချက်ချင်းခွဲခွာ နှုတ်ဆတ်ခဲ့ရသလို ခံစားမှုမျိုးဖြင့် ကျွန်တော် သူ့ကို နှုတ်ဆတ်ခဲ့လေတယ် ။
Leave a Reply