သူငယ်ချင်း …..
မင်းတို့ ငါတို့ဆိုတာ
ငယ်ရာက ကြီးကြမှာ ။ ။
မင်း ‘အ ကြီး’ ဖြစ်တဲ့ အခါ….
ငယ်ငယ်တုန်းက စံ နဲ့ ပေတံ ကို တော့
မေ့မပစ် လိုက် နဲ့ ကွာ ။ ။
သူတို့ တွေရဲ့ လက်တစ်ထွာ ဆိုတာ မင့် လောက်တော့
ဘယ် ရှိ နိုင် သေး မလဲ ကွာ…..။
ကလေးတွေဆိုတာ မင်းလောက်မှ မကြီးကြသေးတာ ။
ဖိစီးနေပြီးသားစိတ်ကလေးတွေပေါ်
တက် ..မ ဖိ.. လိုက်… ပါနဲ့ နော်ကွာ ။
ဒါကြောင့် …
သူငယ်ချင်း..
မင်း အကြီးဖြစ်တဲ့အခါ
ငယ်ငယ်တုန်းက စံနဲ့ ပေတံကိုတော့ လွင့်မပစ်ပါနဲ့ ကွာ….။
မင်းတို့ ငါ တို့ဆိုတာ ငယ်ရာက ကြီးကြအုံးမှာ…။
အင်းလေ။
ဘယ်မေ့သင့်မလဲ။ တခုတော့ရှိတယ် ငါ့မောင်။ တချိန်ချိန်မှာ ငါ့မောင်လည်း အကြီးဖြစ်လာဦးမှာပဲ။ အဲဒါကိုလည်း မမေ့နဲ့။
By: နှင်း on December 6, 2010
at 4:49 am
မေ့တတ်တဲ့အထဲမှာကိုယ်မပါဖို့တော့လိုတာပေါ့။ဒါပေမယ့်လဲကိုယ်လဲသူတို့နေရာရောက်သွားရင်ကိုယ်တောင်
သတိမထားမိဘဲသူတို့လိုလုပ်မိသွားနိုင်တာပဲလေ သူတို့လိုမျိုးအားမလိုအားမရခံစားချက်မျိုးခံစားမိနိုင်တာပဲ
By: yeye on January 4, 2011
at 10:42 am