Posted by: zawmyohtet123 | November 23, 2010

ပညာရှင်ကို ကြိုဆိုကြ

နေ့  ခင်း 1 နာရီ ။

ထုံးစံအတိုင်း သည် အချိန်ဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေက ကျောင်း ကန်တင်းမှာ ၀ိုင်းဖွဲ့နေကြ။ထမင်း အတူစားကြတယ် ။ အလာပ သလာပ အပါအ၀င် ပညာရေး နိုင်ငံရေး လူမှုရေး သိသမျှ ဝေမျှကြသည် ။ ဖောက်သည်ချကြသည် ။

အဲဒီနေ့   ကတော့  နေ့ခင်းကျောင်းချိန် 2 ချိန်ဖြတ်ပြီး တောင်သမန်အင်းစောင်းမှာ ရှိတဲ့ ဒေါက်တာသန်းထွန်းအုတ်ဂှုကို သွားကြည့်ရင်း ဆရာတော်ဦးပညာ ( မောင်ပညာ (အမရပူရ) ) ကို လည်း ဖူးမျှော်ရင်းသွားကြမည်ဟု တိုင်ပင်ကြသည် ။ အစည်းအဝေးကို နှစ်ကြိမ် မထိုင်လိုက်ရ အားလုံးက ညီသည် ။

သို့   နှင့် သူငယ်ချင်းတစ်စု ဆိုင်ကယ်ကိုယ်စီနဲ့   တောင်သမန်ဆိကို ချီတက်ခဲ့ကြပါပြီ ။

ဟိုရောက်တော့ တောင်လေးလုံးကျောင်းဆရာတော် ဥိးပညာ ကို အဆင်သင့်တွေ့တယ် ။ ဆရာတော် က သက်တော် 70 ကျော်လောက်ရှိနေပြီ ။ မျက်မှန်ထူကြီးကြားက သဲကြိးမဲကြီး ချောင်းကြည့်နေသလို မျိုး စာအုပ်တစ်အုပ်ကို ဖတ်နေတယ် ။ ဆရာတော်ကို မည်သူမည်ဝါဖြစ်ကြောင်းလျောက်ထားပြီး ၀တ်ချကြတယ် ။ ပြီး ဆရာတော်နဲ့   ရောက်တက်ရာရာပြောကြ ဆိုကြ ၊ မေးကြမြန်းကြ ။ ဆရာတော်က အသံက ခပ်ယဲ့ယဲ့ ၊ တိုးတိုးတိမ်တိမ် ကြားမှ အားပြုပြောရှာသည် ။ဆရာတော်က အာဝဇွန်းရွှင်သည် ။ ဗဟုသုတလည်း များသည် ။ ဆရာတော့်စကားဆုံးသည်နှင့် ကျွန်တော်တို့တွေ ပွဲ ကျ ရသည် ။ စာရေးဆရာအတော်များများနှင့်လည်း သိသည် ။ ခင်သည်။  ရင်းနှီးသည် ။ လူထုဒေါ်အမာ၏ မွေးနေ့   ပွဲကို နှစ်စဉ်နှစ်တိုင်း သည်မှာ ကျင်းပမြဲဖြစ်သည် ။နိုင်ငံကျော်စာရေးဆရာများ၊ နိုင်ငံရေးသမားများ အတော်များများတက်ရောက်ကြသည် ။ တစ်ချို့က သူ့ကျောင်းမှာ တည်းသည် ။ သို့ကြောင့် ဆရာတော်က စာရေးဆရာတော်တော်များများနှင့် ရင်းနီးသည် ။

စကားစပ်၍ ဆရာတော်က သမိုင်းဆရာကြီး ပါမောက္ခဒေါက်တာသန်းထွန်းအကြောင်း ပြောပြသည် ။ မောင်သန်းထွန်းက သူကို အရမ်းခင်ပုံ ၊ သူ့ကျောင်းမှာ တည်းပုံ ၊ ဆရာတော်ကို ဆိုရင် (သူက အသက်ကြိးပေမင့်) ကလေးတစ်ယောက်လို ဆိုးပုံ ။ အခန်းတွင်းဝင်တာတောင် တံခါးမကမ၀င်ဘဲ ၊ ပြူတင်းပေါက်က ကျော်ခွဝင်ပုံ ၊ အထဲရောက်ရင်လည်း ရေအိုးဖုံးကို တီးကာ  ”ကိုယ်တော် အပြင်မှာ တိုင်းပြည်အခြေအနေဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာ သိရဲ့လား ၊ တစ်ပါးတည်း အပူအပင်မရှိ အေးအေးနေရ ကောင်းလား ”   ဆိုးပြီ စနောက်ပုံ ၊ သူမသေခင်လေးမှာပဲ တပည့်တော်ကတော့ဒီမှာပဲနေချင်တယ်လို့ပြောသွားပုံ ( အေး မင်းနေချင်တဲ့အတိုင်းနေရပါပြီ ပြောပြီး ရယ်သည်) ။ တခြားစာရေးဆရာများ နိုင်ငံရေးသမားဆိုသူများအကြောင်းကိုလည်း စကားစပ်မိသလိုပြောပြသည် ။ ဆရာတော်ပင်ပန်းနေမည်ကို ဆိုး၍သာ အားနာပါးနာ စကားဖြတ်ပြီး ဒေါက်တာသန်းထွန်းအုတ်ဂူ ဆီိသို့ထွက်ခဲ့ကြသည် ။

ကျောင်းတိုက် 2တိုက်အလွန်တွင် လူနေအိမ်  3 အိမ် 4 အိမ်လောက်ရှိသည် ။ ( ကျောင်းကို မှီ၍နေ ကြသူများ ဖြစ်ဟန်တူသည် ) ။ ဒေါက်တာသန်းထွန်းအုတ်ဂူကို အတော်နှင့်မတွေ့သဖြင့် အနီးနားက အဒေါ်ကြိးတစ်ယောက်ကို အကူအညီတောင်းရသည် ။ ထိုအမျိုးသမီးကြိးလမ်းညွှန်ရာသို့   လျှောက်သွား သည် ။

ဟော   တွေ့ပါပြီ ။ မြန်မာ့ကျက်သရေဆောင် ကျောက်ကောင်းတစ်ပွင့် ၊ သမိုင်းပညာရှင်ကြိး ပါမောက္ခဒေါက်တာသန်းထွန်း ၏ အုတ်ဂူ ။ ကမ္မည်းတွင် ဒေါက်တာသန်းထွန်း ၊ ဂုဏ်ထူးများနှင့် တကွ ၊ ကွယ်လွန်အနိစ္စရောက်သည့် အချိန်ကို ဖော်ပြထားသည် ။

အုတ်ဂူနှင့်အပြိုင် ဘေးချင်းကပ်တည်ဆောက်ထားတာကတော့ ၀က်ခြံတစ်ခြံ။ ၀က်မည်းကြိးနှစ်ကောင် တဂီဂီအော်ကား ဗွက်လူးနေကြသည် ။ တောင်ဘက်ခပ်လှမ်းလှမ်းတစ်နေရာမှာ လည်း ၀က်တစ်ကောင်နေသည့် ၀က်ခြံတစ်ခြံ ။ ၀က်ချေးခြောက်တစ်ချို့တောင် အုတ်ဂှု ပန္နက်ပေါ် တင်နေသည် ။  ၀က်ချေးနံ့ က   အော်ဂလီဆန်ချင်စရာ ကောင်းလောက်အောင် နံသည် ။ ဆရာကြိး၏ အုတ်ဂူကမ္မည်းကို နှားခေါင်းတစ်ရှုံ့  ရှုံ့ နှင့် ဖတ်ခဲ့ကြရလေသည် ။ ရင်ထဲတွင်မကောင်း ။

အော် တန်ဖိုးမသိသူ များကြားတွင် ပညာရှင်တစ်ယောက်ရဲ့တန်ဖိုးဟာ ၀က်ချေးလောက်မှတန်ဖိုးမရှိပါလား ။ ( ၀က်ချေး ကိုမှ ကျုံးယူချင် ကျုံးယူလိမ့်မည် ။ ၀က်ကို ရေချိုးသန့်စင်ပေးချင်ပေးလိမ့်မည်) ။

တစ်ဆက်တည်းတွေးမိသည်ကား ။ မြန်မာပြည်လွတ်လပ်ရေးကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်ကိုရင်းပြီးရယူပေးခဲ့ကြသည့် အာဇာနည်များမှာလည်း အမှိုက်ပုံပေါ်ရောက်နေကြပြိ။

ကျွန်တော် နယ်တစ်ခုမှာတွေ့ရသည့် အာဇာနည်ကုန်းမှာ အမှိုက်ကုန်းဖြစ်နေလေပြီ ။ နောက်တစ်ခုကတော့ သည် မန္တလေးမှာ ။ လူမရောက်တာကြာ၍ထင့် အာဇာနည်ဗိဗ္မာန်ကိုမမြင်ရ ။  ထူထပ်စွာပေါက်နေသည့် ခြုံတောနဲ့ သစ်ပင်များကိုသာတွေ့ရသည် ။ ယိုင်နဲ့  နဲ့    ခြံစည်းရိုး  ခတ်ပြီး  သံချေးတက်နေတဲ့  ခပ် ညံ့  ညံ့  သံတံခါးတစ်ခု နဲ့   သော့ခတ်ပိတ်ထားသည် ။ တစ်နေ့  အဲသည်နားက ဖြတ်အသွား သူငယ်ချင်တစ်ယောက်က အဲဒီတောထနေတဲ့ ခြံကြီးက ဘာကြီးတုန်း ၊ဘယ်သူနေတာတုန်း မေးလို့        …..အဲဒါ အာဇာနည်ပုဂ္ဂုလ်ကြိးတွေနေတာ လေ  …..ကျေးဇူးတင်လွန်းလို့    နောင်လာနောက်သားတွေက  ကျေးဇူးဆပ် ထားတာ လို့ ဖြေခဲ့မိ ။

ပညာရှင်ကို လေးစားတန်ဖိုးထားရကောင်းမှန်းမသိသ၍ ပညာရှင်နဲ့ (တနည်း) ပညာနဲ့ဝေးနေရအုံးမည်သာ ။

 

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေနဲ့   ဖွံ့ဖြိုးပြီးနိုင်ငံများကို ကြည့်ပါ ။ ပညာ ရှင်ကို တန်ဖိုးထားကြတယ် ။ ပညာရှင်တွေကို ထိုက်တန်တဲ့နေရာပေးတယ် ။ ပညာရှင်ကို လိုက်ရှာကြတယ်  ။  ပညာရှင်တွေလာအောင် နည်းအမျိုးမျိုးနဲ့ မြူ နေကြတယ် အချိန်မှာ ….သည်မှာတော့ ..။

ပညာရှင်တွေကို မသေခင်မှာလည်း အားပေးအားမြှောက်ပြုရမှာ တန်ဖိုးထားလေးစားရမှဖြစ်သလို ၊ သေသွားပြီးရင်လည်း စံပြပုဂ္ဂုလ်တွေအနေနဲ့   (နောင်လာနောက်သားတွေအတုယူအားကျနိုင်အောင် ) တန်ဖိုးထား လေးစား ဂုဏ်ပြုနေရမှာဖြစ်တယ် ။ သို့ မှသာ ပညာရေးဖြင့် ခေတ်မီဖွံ့  ဖြိုးတိုးတက်သော………..။


Responses

  1. စာသင်တဲ့အချိန်မှာ သိရတဲ့ အသိ၊ လက်တွေ့ကြုံနေရတဲ့ အတွေ့အကြုံရယ်ကို ပေါင်းစပ်ပြီး ရသဘက်ကို လာခဲ့ဦးမောင်လေး။ လူတွေရဲ့ ရင်ဘက်ထဲကို ၀င်မယ်ဆိုရင် ရသပိုင်းကို ပိုင်အောင် ကြိုးစားရမယ်ဆိုတာ အမ သိသွားပြီ။ တချို့အပိုင်းတွေကို လျစ်လျူရှု့ပေးလိုက်။

    အမတို့က စည်းမျဉ်းတွေနဲ့ လွတ်ကင်းရာ လူတွေရဲ့ ခံစားမှုအပိုင်းကို စောင်းပေးပြီး လျှောက်ကြည့်ရအောင်။
    ဘယ်လိုလဲ။ လုပ်မလား။
    (မင်းတကယ် လုပ်ရင် အမကို အသာလေးနဲ့ ကျော်သွားမှာ။ မင်းက ရေးလက်ရှိတယ်။ အကောင်းပြောတာ)

  2. အင်း ….ဟုတ်တယ်အစ်မ ။ရင်ဘက်ထဲဝင်ချင်ရင် ရသ ဆိုတာ။

    မောင်လေးကသိပ် မတတ်ဘူး အဲဒီအပိုင်းကို ။ (အင်း ဒီအပိုင်းလည်း မတတ်ပါဘူးလေ) ။

    တဖြည်းဖြည်းတော့ လျှောက်ကြည့်မှာပေါ့ …။ ဘေးကနေ ဖေးကူပေးပါအုံး ။(မောင်လေး မလဲအောင် ) ။

    ( မောင်လေး တကယ်လုပ်လည်း အစ်မကို မကျော်ပါဘူး ။ ကျော်လည်း မကျော်ချင်ဘူး ။ ယှဉ်တော့လျောက်ချင်ပေးမဲ့ ယှဉ်လည်းမယှဉ်ရဲဘူး ။နောက်ကနေ မှိန်းလိုက်တာပဲကောင်းပါတယ.်။ အစ်မ လက်ကို မောင်လေးသိပါတယ် ။ လာ မမြှောက်နေနဲ့ ။ တကယ်ပြောနေတာ)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Categories

%d bloggers like this: