Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ (4)

သို့်

လှဝိုင်းရေ

ဒီတစ်ခေါက်တော့ ငါတို့ကျာင်းရဲ့အကြောင်းကိုပြောပြမယ် ။နားထောင်ချင်လား။ နားမထောင်ချင်ရင်လည်း ၊ ကိုယ်ဘာကို ဖတ်တော့ကွာ …နော် ။

အချိန်သိပ်မလေးစားတာကတော့ အရင်တစ်ပတ်ရေးတဲ့စာထဲမှာပါသွားပြီးဖြစ်တဲ့အတွက် ထပ်မပြောပြတော့ပါဘူး ။ ခုပြောပြမှာက ငါ ခံတွင်းမတွေ့   တဲ့ ငါတို့ (နင်တို့ရဲ့  )ပညာရေး ပုံစံအကြောင်း ။

ခုငါတို့စာသင်ခန်းပုံစံကို စပြောပြမယ် ။  ဒီစာသင်ခန်းကတော့ ငါ နောက်ဆုံးနှစ်အပိုင်း(က) သင်တန်းတက်တုန်းက ငါနဖူးတွေ့   ဒူးတွေ့   ကြုံတွေ့   ခဲ့ ရတဲ့ အခန်းပုံစံပေါ့ကွာ ။အခန်းက ကျောင်းသား (၃၀၀) နီးပါး ဆံ့တယ်။ထိုင်ခုံတွေကို ဘေးဝဲယာနဲ့အလယ်တန်းဆိုပြီး အတန်းကြီး ၃ တန်းခွဲထားပြီး အမြင့်ပိုင်းကနေ ရှေ့ဘက်အနိမ့်ပိုင်းကိုလျောဆင်းသွားတဲ့ပုံစံမျိုးထားရှိတယ်။
စာသင်ခန်းရဲ့ရှေ့ထိပ်နားခုံပေါ်မှာက projector တစ်လုံး ၊ နံရံမှာကပ်ထားတာကတော့ ပိတ်ဖြူကားကြီးတစ်ခု ၊ projector နဲ့      စာသင်ရတယ်ဆိုတော့ ….တော်တော်အဆင့်မြင့်မဲ့ပုံပဲလို့တော့တစ်ခါတည်းကောက်ချက်မချ
လိုက်နဲ့အုံး နော်…..။
အဲဒီ projector ကြီးက ငါ့ထက်တောင်အသက်ကြီးပုံရတယ် ။ ခြူခြာလိုက်တာလည်းမပြောပါနဲ့တော့ ။ခဏခဏပျက်တယ် ။ခဏခဏ ဆေးကုပေးရတယ် ..အဲလေ ပြင်ရတယ် ။ အင်းငယ်ချစ်မို့ထင်ပါရဲ့ သူ့ကို အခြားစက်အသစ်တွေနဲ့အစားထိုးဖို့ဆိုတာတွေးတောင်မတွေးကြဘူးထင့်ပါ့ ။ အခန်းအပြင်ဘက်ကနေ အတွင်းဘက်ကို လှမ်းချောင်းကြည့်မယ်ဆိုရင်တော့ အော်တော်တော်သားသားနားနားပါလားလို့
တွေးထင်ချင်စရာကြီးလှဝိုင်းရ ။ ၀င်ထိုင်ပြီးစာသင်ကြည့်မှနင်သိလိမ့်မယ် ။ထိုင်ခုံတွေက .ယိုင်နဲ့နဲ့   ရယ် ။ ရိုက်သံတွေကလည်းထိုးထိုးထောင်ထောင်ထွက်နေကြပြီ။ တလောက ငါ lecture အပြီး ကိုယ်ကို ဘေးတိုက်ရွှေ့   ပြီးပြန်အထွက် ရှိစုမဲ့စု ပုဆိုးကွင်းတစ်ထည် ဗြိဗြိပါအောင်ပြဲ ခဲ့ပါပေါ့လား လှဝိုင်းရေ။ အင်းဒါလောက်ကောင်းနေတာကိုပဲကျေှးဇူးတင်ရမယ် ။

သူ့ထက်ပိုဆိုးတာက အခန်းက လေ၀င်လေထွက်မကောင်းဘူး ။လေပန်ကာရှိပေမဲ့ လျှပ်စစ်မီးကလည်း တစ်ခါလာရင် မီးခဲပေါ်ယင်နားသလောက်ကြာတာမို့ လေပန်ကာကမရ။လေပူတွေကအခန်းတွင်းအောင်း အတွင်းကလေအပြင်ကိုမထွက်၊ အပြင်ကလေတိုက်နေရင်တောင် ၀င်စရာအပေါက်မရှိလောက်အောင် အဆောက်အဦးကခံနေ။၇ာသီကနွေရာသီကြီး။ချွေးတွေပြိုက်ပြိုက်ကျအောင်ပူတယ်။လျှပ်စစ်မိးမလာလို့       မိုက်ကရိုဖုန်းကလည်းအသံမထွက် ။ ဆရာအသံကိုလည်း ကျောင်းသားတွေရဲ့တွတ်ထိုးသံကလွမ်း။ ချွေးတစိုစို အနံ့အသက်ကလည်း မကောင်း…အားကြီးစိတ်ညစ်စရာကောင်းတာပဲ လှဝိုင်းရာ ။ဘာမဆိုညာမဆိုင် မီးနေသည်အမျိုးသမီးတွေကိုတောင် စိတ်ထဲကကျိတ်ချီးကျူးမိရဲ့ ။

စာသင်ကြားတဲ့နေ၇ာမှာ ဒီအဆောင်အယောင်တွေဟာ သိပ်အရေးမပါသယောင်ရှိပေမဲ့ တကယ်တမ်းကြတော့ တော်တော်လေးအရေးပါတာတွေ့ရတယ်။   နင်သိတဲ့အတိုင်းပဲလေ
ငါတို့ဦးနှောက်ဆိုတာက အောက်စီဂျင်ကောင်းကောင်းရမှ ခေါင်းကကြည်ကြည်လင်လင်ရှိတာ ၊ခေါင်းကြည်မှ စာကိုအာရုံစိုက်နိုင်တာမို့လား။ ဒါမှ အတန်းတက်ရတာ လက်ချာလိုက်ရတာ အကျိုးရှိမယ်လေ။ ခုတော့ အခန်းက လေ၀င်လေထွက်ကမကောင်း၊ ပူကပူလောင်လောင်ကလောင်နဲ့ ဆိုတော့ ခေါင်းကမကြည်လင်တော့ဘူး။ စာကိုလည်းသိပ်ပြီးအာရုံမစိုင်နိုင်တော့ဘူး။ တခါတလေများဆို ငိုက်တောင်ငိုက်ချင်လာတယ် ။အဲဒါ ဦးနှောက်ကို အောက်စီဂျင်အေ၇ာက်နည်းတာလည်းပါတယ်။(ကျောင်းသားစိတ်ဝင်စားအောင်မသင်တတ်တာလည်းပါတယ်)

အခန်းတွင်းအပူချိန်ကလည်းအရေးကြိးတယ်။ ခေါင်းကပူလာရင်ဘာကိုမှမှတ်လို့မရတော့ဘူး။
တစ်ခါတစ်လေစာသင်ခန်းထဲဝင်ထိုင်ရမှာတောင်ကြောက်လာတယ် ။ပူလွန်းအိုက်လွန်း အသက်ရှုမ၀လွန်းလို့ပါ ။ဒီအခန်းထဲခန္တာကိုယ်ပင်ပန်းဆင်းရဲခံပြီးဝင်ထိုင်နေမဲ့အစား aircon တပ်ထားတဲ့ game ဆိုင်မှာသို့ ခပ်အေးအေးတစ်နေရာမှာ သွားထိုင်နေတာမှ ပိုကောင်းလိမ့်အုံးမယ်လို့တွေးမိသူတွေကလည်းနည်းမည်မဟုတ်ပါ ။
စာသင်ခန်းတစ်ခုဟာ ကျောင်းသားလာချင်အောင်ဆွဲဆောင်ထားတဲ့နေရာဖြစ်နေအောင် စီမံထားရင်ပိုမကောင်းဘူးလားနော် ။

စာသင်ကြားပုံနဲ့ပတ်သက်ပြီးတော့လည်းကြည့်လိုက်ပါအုံး ။
စာသင်ကောင်းတဲ့ဆရာကလည်းရှားတယ် ။ ငါ့အနေနဲ့ကတော့ ဆရာတစ်ယောက်အသင်အပြကောင်းမကောင်းကို တော်မတော်ကို အဓိပ္ပါယ်ဆိုလိုရင်းနားလည်ရုံသာ သင်ပြတတ်ရုံနဲ့ငါမတိုင်းတာဘူး ။ တွေးခေါ်ပုံတွေးခေါ်နည်း ကို လမ်းညွှန်ပြသပေးတဲ့သူကို သာ စာသင်ကောင်းတဲ့ဆရာလို့ငါကသတ်မှတ်တော့….အင်းစာသင်ကောင်းတဲ့ဆရာကလည်း လက်ချိုးရေလို့ရတယ် ။အင်း အဲဒီလိုဆရာရဲ့သင်နည်းကို နှစ်ခြိုက်သဘောကျတဲ့ကျောင်းသားကလည်း အတော်နည်းပါတယ်လေ ။

တစ်ချို့ဆရာတွေက သူ တို့ဖတ်ထားတဲ့စာတွေကို သဲကြီးမဲကြီးအန်ထုတ်ပြနေသလိုပဲ။ဘာမှစိတ်ဝင်စားစ၇ာမကောင်းဘူး။ စာကြိုးစားကြသူတွေကတော့ တစ်လုံးရရနှစ်လုံးရရ လိုက်မှတ်ကြတယ် ။  တစ်ချို့ကြတော့လည်း အားနာလို့မို့ မျက်လုံးကြီးကို ဇီးကွက်လိုပြူးထားပြီး လိုက်နားထောင်တယ် (ဘယ်ဘက်နားက၀င် ညာဘက်နားကထွက်) ။တချို့   ကြတော့လည်းဆရာရှိမှန်းပင်မထင်တော့ သူတို့လုပ်ချင်၇ာလုပ်နေကြတယ် ။ဒီလိုပုံစံသင်ကြားနည်းမျိုးကို one way teaching လို့ခေါ်တယ်။

One-way teaching ဟာထိရောက်မူနည်းတယ်လို့ငါတော့မြင်တယ် ။ ဘာလို့လည်းဆိုတော့ ဆရာသူသိထားတွေကိုရှေ့နေ အန်ထုတ်ပြသွားတယ်။ နောက်ကကျောင်းသားက ဆရာ့နှုတ်ကထွက်ကျလာတဲ့ စကားလုံးတွေကို လိုက်လိုက်ကောက်ပြီ ဦးနှောက်ထဲသိုထားကြတယ် ။ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုမရှိဘူး ။အလွန်ကိုpassiveဆန်တယ် ။ဘာ excitement , motivation မှမရှိဘူး ။ကျောင်းသားကရေသာခိုနေလို့ရတယ် ။ သင်ပြပေးဖို့က ဆရာ့တာဝန် ၊ နားထောင်နေဖို့က ငါတို့တာဝန်လို့ပဲ တွေးကြတော့တယ်။ ဆရာနဲ့တပည့် အပြန်အလှန် ဆွေးနွေးမှုမရှိတော့ဘူး ။ lecture ပြီးလို့ ဘာများမေးစရာရှိသလဲလို့ ဆရာမေးရင် မရှိပါဆရာ ဆိုတာ ငါတို့တွေရဲ့ လက်သုံးစကားဖြစ်နေလေရဲ့ ။ တကယ်က အားလုံးနားလည်သွားလို့မဟုတ်ဘူး ။မေးခွန်းကိုမေးထုတ်တတ်ကြတော့တာလေ ..။ ငါတို့ကိုစဉ်းစားနည်းမှမပေးကြတာ …။စဉ်းမှမစဉ်းစားခိုင်းတာ ။ငါတို့ လည်းဘယ်စဉ်းစားတော့မှလည်း ။ ဘယ်လိုလုပ်မေးခွန်းတွေ ခေါင်းကထွက်တော့မှာလည်းလေ ..။

အင်းခုဒိစာကိုရေးနေရင်းကနေ တစ်ခါကငါကြည့်ခဲ့ဖူးတဲ့ lovestory from Harvard ဆိုတဲ့ဇာတ်ကားကိုပြေသသတိရမိတယ် ။ အဲဒီဇာတ်လမ်းထဲမှာ professor  ကြိးက သူ့တပည့် ကျောင်းသာတွေကို လက်တွေ့ဘ၀မှာတကယ်တွေ့    ကြုံရတဲ့ အမှုတစ်ခုကို ထုတ်ပြပြီး ကျောင်းသားတွေကိုလက်တွေ့ဖြေရှင်းခိုင်းတာ ။ကျောင်းသားတွေကိုတရားလိုဘက်ကနေရှေ့နေ လိုက်ခိုင်းတယ် ။ တရားလိုဘက်ကအရေးနိမ့်သွားတယ်ဆိုရင်ပဲ ခု…တရားလိုဘက်ကရှုံးနိမ့်နေပါတယ် ။တရားလိုကို ကယ်နိုင်တဲ့သူရှိပါသလား…ဆိုပြီး သင်ပေးသွားတာ သိပ်လှတာပဲ။

ငါတို့တွေဟာစာအုပ်ကိုကျော်ပြီးမကြည့်တတ်ကြတာ မထူးဆန်းတော့ပါဘူးလေ ။ နိုင်ငံခြားရောက်ဆရာသမားတစ်ဦးပြောပြချက်အရ……ငါတို့မြန်မာနိုင်ငံမှာစာသင်ရတာ အင်မတန်သက်သာတယ် တဲ့ ။ဟိုနိုင်ငံမှစာသင်ရတာအရမ်းပင်ပန်းတယ်.။ ဆောင်းတွင်းကြီးမှာတောင်    ချွေးပြန်ရတယ် ။(လေပံကာမရှိလို့ တော့မဟုတ်ပါ) ။အဲဒီကကျောင်းသားတွေက ဆ၇ာတွေချွေးပြန်လောက်တဲ့ မေးခွန်းတွေမေးပြီး challenge လုပ်နိုင်တဲ့အရည်အချင်းရှိကြတယ်။ သူတို့ကိုယ်တိုင်ကလည်း ဖတ်ထားလေ့လာထားတာ။ ဒီတော့ဆရာကလည်း (ချွေးမပြန်ချင်လို့၊ သိချင်လို့) စာတွေကို နောက်ဆုံး uptodate တွေအထိ နှံ့စပ်နိုင်သမျှနှံ့စပ်အောင် ဖတ်မှတ်လေ့လာထားရတယ်။ ဆ၇ာကပိုတတ် သွားပြန်တယ်။ဆရာကတိုးတက်တော့ ကျောင်းသားတွေပါ အသိတိုးပြန်တယ် ….။သူတို့လမ်းက တိုးတက်ဖို့ချည်းပဲ ။ ဒီလိုပုံစံမျိုးဖြစ်နေအောင်ပျိုးထောင်ဖို့အတွက် ဆရာရော ကျောင်းသား မှာပါတာဝန်ရှိတယ် လို့   မြင်တယ် ။ ဆရာကပိုအခ၇ာကျတယ် ။
စာသင်ခန်းဟာအမြဲပြည့်မနေပေမဲ့ ကျောင်းနားက game ဆိုင်တွေကတော့အချိန်တိုင်းနီးပါးပြည့်နေတတ်တာ သက်သေပဲလေ။

ငါအစတုန်းက medical subjectsတွေကိုလေ့လာဖို့ဆိုရင် မှတ်ဥာဏ်ဟာ အရေးပါဆုံးလို့တောင်ထင်ခဲ့ဖူးတယ်လှဝိုင်းရေ ။ တဖြည်းဖြည်းနဲ့သိလာရတာကတော့ မှတ်ဥာဏ်ဟာ အားလုံးရဲ့ဆရာကြီးမဟုတ်ဘူးဆိုတာပဲ ။ မှတ်ဥာဏ်ဟာ အရေးပါသလောက်ပါပေမဲ့ သူရဲ့ role မှာ limitရှိတယ်လှဝိုင်းရ ။ way of thinking ကသာအခရာပဲ…။သူ့မှာ ဘာအကန့်အသတ် မှမရှိဘူး…။အဆုံးအဆမရှိဘူး သူ့ရဲ့အရေးပါမှုက။
‘It is possible to store the mind with a million facts and still be entirely uneducated’ ဆိုသလိုမျိုးပေါ့ ကွာ ။အချက်အလက်ပေါင်း သန်းပေါင်းများစွာမှတ်ထားနေပေမဲ့လို့ ဘာမှမတတ်တဲ့သူဖြစ်နိုင်တယ်တဲ့ ။ငါတို့ medical subjects တွေဟာ lists တွေသိရုံ နဲ့ဆေးကုလို့မရဘူး။နားလည်ဖို့လည်းလိုတယ် ။တော်တော့ကိုလိုပါတယ် ။အကြောင်းအရာကိုမှတ်မိနေရုံ သိနေရုံနဲ့တော့ မလုံလောက်ဘူး။ ဆက်စပ်ပြိးတွေးခေါ်စဉ်းစားတတ်ရမယ်။ အသုံးချတတ်ရမယ်။ ငါတို့ကျောင်းသားတွေဟာ မှတ်ဥာဏ်ကိုအများကြိးအားကိုးကြတယ် ။ကျောင်းသူ ကျောင်းသားတွေဟာတော်ကြပါတယ်။ တော်တော်လည်းမှတ်သားနိုင်စွမ်းရှိကြပါတယ် ။စာလည်းအင်မတန်ကျက်ကြတယ် ။စာမေးပွဲမှာဆိုလည်း ….စာကျက်စွမ်းရည်တော်တော်ရှိသူများကြတော့ တော်တော်အမှတ်ကောင်းကြတယ် ။ ဒါပေမဲ့ တကယ်နားလည်လားဆိုတော့ ကျေကျေလည်လည်သိမှ ကျုပ်ရေးတယ် ပြောတယ်ဆိုတဲ့ကျောင်းသားက တော်တော့ကို ရှားတယ် ။တော်တော်လေးကိုရှားပါတယ်။ သူတို့မှတ်မိတာ သူတို့ဖြေလိုက်တာပဲ ရှိတာ။
ဆိုကြပါစို့…..ငါ တတိယနှစ်တုန်းကဆိုရင် clinical teachings အနေနဲ့ system Cardiovascular system respiratory system စသဖြင့်သူတို့နဲ့ပတ်သက်တဲ့ history physical examination တွေကိုဖတ်ရမှတ်ရလေ့လာရတယ်။ ရလည်းရတယ် ။ဆရာမေးရင်တော့ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့  ဖြေထဲ့လိုက်တာပဲ ။ဒီ မှာ ဘာကြောင့်မေးရတယ် ။ဘာကြောင့် စမ်းသပ်ရတယ်ဆိုတာကိုတော့…မသိရိုး အမှန်ပါ ။သူများယောင်လို့ယောင်အမောင်တောင်မှန်းမြောက်မှန်းမသိ ခဲ့ (ခုတော့သိတာပေါ့ )။ ဒါနဲ့ပတ်သက်လို့ ငါတို့ဆရာပါမောက္ခဌာနမှူးတစ်ဦး ပြောတာကတော့….’ I almost always had to suppress my irritation and anger at the mere mentioning of very unusual and never-ever-encountered esoteric sings of infective endocarditis ie Osler’s nodes, Janeway’s lesions, Roth’s spot and blah, blah, blah…..then ,why on earth did these young pig-heades regurgitate the ingested facts like parrots without knowing the meaning and significance of these physical signs to our very faces ? The answer is simple and plain- because we teach these to the students ; as you sow, so shall you reap ‘ ဆိုပြီး ငြီးပြခဲ့ဖူးပါတယ်။ ဒါတွေဟာဖြစ်ရတာကျောင်းသားတွေမှာသာအပြစ်ရှိတာမဟုတ် သင်ကြားပေးတဲ့ဆရာနဲ့ system မှာပါ တာဝန်ရှိတယ်လို့ပြောချင်တာ ။

သူများနိုင်ငံကကျောင်းသားတွေ ဟာနောက်ဆုံးပေါ်တွေ့ရှိချက်တွေ ဆေးကုထုံးတွေကို ဆွေးနွေးနေကြစဉ်မှာ….ငါတို့က အရင်ကသူတွေတွေ့ရှိသွားကြတဲ့ရှိချက်တွေကိုတောင်အရမကျက်ရသေးဘူးဆိုသလိုဖြစ်နေတာ။ ဘယ်တော့များမှသူတို့ကိုမီနိုင်ပါ့လှဝိုင်းရေ ….။

သူတို့ကငါတို့ကို informationလောက်ပဲပေးတာ ။ ဒီဟာက ဘယ်ကနေဘယ်လိုကြောင့်ဖြစ်သွားရတာဆိုတာ ကျေကျေလည်လည်ပြောပြ တွေးခေါ်သုံးသပ်ပြပေးတဲ့သူ ကအရှားသား ။ ငါးကိုပဲပေးနေကြတာ …ငါးမြှားနည်းကိုမပေးကြဘူး ။ငါးကိုပေးကြလေတော့ …..တစ်ခါစားအတွက်ပဲရမှာ ။ အမြဲတမ်း အလုပ်မဖြစ်ဘူး ။ဆိုလိုတာက ဆရာက ဒီစာပုဒ်ကို နားလည်အောင် မှတ်မိအောင်ရိုက်သွင်းပေးလိုက်ကြတာ …။အင်း ကျောင်းသားကလည်း တသဝေမတိမ်း လိုက်ကျက်ကြတာ ။ မှတ်မိရင် ဖြေတယ် ။မမှတ်မိရင်မဖြေတတ်တော့ဘူး ..။လက်တွေ့မှာလည်းသိပ်အသုံးမချတတ်ကြဘူး ။ မှတ်ဥာဏ်ကို အပြည့်အ၀သုံးအောင် တွန်းပို့ပေးကြတာ….။စဉ်းစားဖို့ဆိုတာ ငါတို့အလုပ်မဟုတ်သလိုဖြစ်နေတယ်။ဘာလို့ဖြစ်ရတာ ၊ဘာကြောင့် ၊ဘယ်လို ဆိုတာတွေမမေးတတ်တော့ဘူး ။
မှတ်ဥာဏ်ကိုအားကိုးလို့ကတော့ တစ်နေ့ဒုက္ခလှလှတွေ့မှာပဲ ။ ဦးနှောက်ရဲ့အလုပ်ကိုက မေ့ဖို့ပဲလေ ။မေ့မှာပဲ။ ဆရာကြီးတစ်ပါးကတော့ ခု အသက်ကြီးလာတော့ စာတွေကိုသိပ်မမှတ်မိတော့ဘူး ။ ငယ်ငယ်တုန်းကလိုဦးနှောက်ကလည်းမထက်တော့ဘူး ဆိုတော့ စဉ်းစားတွေးခေါ်နည်းကို ပဲအားကိုးရတော့တယ် လို့ပြောဖူးတယ် ။ တစ်ခါတစ်လေ တစ်ချို့ဆရာကြီးတွေေ၇ာဂါတစ်ခုနဲ့ပတ်သက်လို့ စဉ်းစားတွေးခေါ်ဆက်စပ်ပြတာ အင်မတန် အံ့သြဖို့ကောင်းတယ် ။သိပ်လှတယ်။သူတို့ကလည်းစဉ်းစားနည်းတွေးနည်းကိုအလေးပေးတာ၊ အချက်အလက်ဆိုတာ မှတ်လိုက်မေ့လိုက်ပဲလေ။မှတ်ပုံမှတ်နည်း တွေးပုံတွေးနည်းက အခရာလို့ပြောတယ် ။ ခက်တာက အဲလို လမ်းညွန်ပြသပေးတဲ့ဆ၇ာကြီးတွေဆိုတာကလည်း သူ့အလုပ်နဲ့သူရှုပ်နေတာဆိုတော့… ငါတို့နဲ့အမြဲထိတွေ့နေနိုင်တာမဟုတ်ဘူး ခဏတဖြုတ်လောက်သာတွေ့ကြရတာလေ ။ ငါတို့နဲအမြဲတမ်းတွေ့ရတာက သူတို့လောက် မဟုတ်တဲ့ ဆရာတွေလေ …။

ဒီလို စဉ်းစားနည်းကို သိပ်အသုံးမပြုဘဲ မှတ်ဥာဏ်ကိုချည်း လွတ်သုံးနေတာဟာ education system ရဲ့ပယောဂမကင်းဘူး လို့ငါတော့မြင်တယ် ။system ကိုက exam-oriented systemဆိုတော့ စာမေးပွဲအေရေးသာအဓိက ၊စာမေးပွဲအောင်ေ၇းသည်သာမဓာန ၊ စာမေးပွဲအောင်ေ၇းသည်သာ ပထမ ဖြစ်ကုန်ကြရော ။စာမေးကပွဲအောင်ဖို့အတွက်ဆိုရင် five stars တွေကိုစောင်းပေးကျက်ကြတယ် ။ စာမေးပွဲအောင်ဖို့အတွက်ကတော့ ဒီလောက်ကျက်ရင်ကို ရနေပြီဆိုတော့ သိပ်အပင်ပန်းမခံကြတော့ဘူး ။ဒီတော့ ၁၀ ပုဒ်ရွေးကျက်လို့ ၆ပုဒ်နီးပါးတိုးပြီး အောင်သွားသူတွေလည်းမရှားလှ ။ကံကောင်းရင် ဂုဏ်ထူးမှတ်နားပင်ဝဲလို့…၀ဲလို့ ပဲ လှဝိုင်းရေ။
ပြိးတော့ အောင်ဖို့အတွက် ဘယ်text bookတွေကိုမှဖတ်နေစရာမလိုတော့ဘူး။ဖတ်လည်မဖတ်ကြပါဘူးအများစုက…။မဖတ်ကြတော့တဲ့အပြင် ရှိပြီးသားsimplified handouts တွေကိုတောင် ပိုပြီး လုပ်ပစ်ကြတယ်။ဆေးပညာမှာသူများနိုင်ငံတွေနဲ့မ ယှဉ်နိုင်တာဘာဆန်းလို့လဲ။ သူတို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ကြပြီး နောက်ဆုံးတွေ့ရှိချက်တွေကို ကျောင်းသားချင်ဆွေးနွေးနေကြချိန်မှာ ဒို့ဆီကကျောင်းသားတွေကတော့ စာမေးပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့အရေး တိုတောင်းပိုကောင်းဆိုတဲ့ မှတ်စုတွေကို ရသမျှလိုက်စုပြိး ပြဲနေအောင်ကျက်နေကြရတယ် ။(အာပြဲအောင် )

ဒီလိုလုပ်ပြီးအမှတ်ကောင်းတာကိုပဲ မသိတဲ့သူတွေက အထင်တွေလွတ်ကြီးကြ…။အမှတ်များဖို့  သည်သာသူတို့ရဲ့ အန္တိမပန်းတိုင်တွေဖြစ်ကုန်ကြ ။အားကျအတုယူမှုတွေလွဲမှားကုန်ကြ ။
အတန်းမှန်မှန်တက်ရေးမတက်ရေးကိစ္စ ၊ ကျူရှင်ကိစ္စ ၊ ဆရာပေါ်မူတည်ပြီး (စာစစ်သူပေါ်မူတည်ပြီး) အမှတ်တွေ ကွာကြတာတွေကတော့ သိပ်အရေးမပါလောက်ဘူးထင်လို့ထည့်မပြောပြတော့ပါဘူး ။
ဒါတွေကတော့ငါတို့တက္ကသိုလ်ကအားနည်းချက်တွေကို ရင်နာနာနဲ့ပြောပြတာပါ ။ အားသာချက်တွေလည်းအများကြီးရှိပါတယ် ။
နောက်မှပဲ ငါဆက်ပြောပြတော့မယ် .။။

ကျန်မာရေးဂရုစိုက်နော် လှဝိုင်း။ ကောင်းကောင်းနေနော် ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Categories

%d bloggers like this: