Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ(5)

သို့

လှဝိုင်းရေ

ဘယ်လိုလဲ နင်စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါလေစ ။ ငါလည်း ခုတလောအလုပ်ရှုပ်နေတာနဲ့(အင်းအရှုပ်တွေလုပ်နေတာတူပါရဲ့) နင့်စီကိုစာမရေးဖြစ်ဘူး ။ စာမရေးဖြစ်ပေမဲ့ သတိရပါတယ် ။

အင်း ငါအရှုပ်လုပ်တာနဲ့ပတ်သက်လို့နင့်ကိုပြောပြစရာရှိတယ် ။ တလောက ငါ လေ ငါ့သူငယ်ချင်းတွေနဲ့   မန္တလေးမြို့    ရဲ့  အရှေ့  ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ရေတံခွန်တောင်ကို အလည်သဘောမျိုး စိတ်ပြေလက်ပျောက်သွားဖြစ်တယ် ။ ဆိုင်ကယ်နဲ့  သွားကြတာ။

လမ်းမှာသိပ်လှပပြီးစိမ်းလန်းဆိုပြေတဲ့ လယ်ကွင်းစိမ်းစိမ်းတွေကိုဖြတ်ြပီး နာရီဝက်အကြာမှ တောင်ခြေကိုဆိုက်တယ်။ တောင်ခြေမှာ ဆိုင်ကယ်အပ်ထားခဲ့ပြီး တောင်ပေါ်ကိုခြေလျင်ပဲဆက်တက်ခဲ့ကြတယ် ။ ငါတို့ကတောင်ထိပ်မှာရှိတဲ့ ရွှေဟင်္သာလိုဏ်ဂူကိုအရောက်တက်
ကြမှာ ။တောင်ရဲ့တစ်ဝက်လောက်ထိကို လှေခါးထစ်တွေပါတဲ့ စောင်းတန်းကနေတက်ကြတယ်။ သိပ်မက်ဆောက်လွန်းတော့…
ငါတို့သိပ်မောတယ်။ ခြေတွေလည်းညောင်းတယ် ။ နင်မန္တလေးတောင်ကို စောင်းတန်းကနေတက်ဖူးလား ။ အိမ်းအဲဒီထက်
နှစ်ဆမက်ဆောက်တယ်။မော့တက်ရတယ်။နှစ်ဆပင်ပန်းတယ်။လမ်းတစ်ဝက်ရောက်ဖို့အရေးကို ခရီး ၃ ထောက်လောက်နားရတယ် ။ လှေကားထစ်ပါတဲ့စောင်းတန်းက လမ်းတစ်ဝက်လောက်အထိပဲရှိလေတော့ နောက်ထပ်ခရီးကိုမြေလမ်းအတိုင်းပဲ ကွေ့ကွေ့ကောက်ကောက်နဲ့တက်ကြရတယ် ။

ရာသီက နွေရာသီကြီး ။ အချိန်က မနက်၁၀နာရီ စပ်ဖြင်းဖြင်း အိုက်တဲ့အချိန်ကြီး။ ပင်ပန်းလှပေမဲ့  ငါတို့ရောက်ချင်တဲ့နေရာဟာ သိပ်သာယာလှပပြီးစိမ်းလန်းစိုပြေနေမဲ့နေရာလေးဖြစ်လောက်မယ်ဆိုတဲ့အတွေးနဲ့ ငါတို့ဆက်လက်ချီတက်ကြတယ် ။ လူတစ်ကိုယ်လံုံးလည်း ချွေးတွေနစ်နေပြီ ။ဒူးတွေလည်းတုန် ။အာတွေလည်းခြောက်ကပ် ။ရင်ဘက်ကလည်းလှပ်လှပ်လှပ်လှပ်နဲ့တုန်တယ် ။ငါသိပ်မောတယ် ။ ငါ့ခန္ဒာကိုယ်ကြီးကသိပ်လေးလံမှန်း အဒီအချိန်မှာသိပ်သိသာတယ် ။ငါခြေထောက်တွေကိုတောင်မသယ်ချင်လောက်အောင်ပါပဲ ။ ဒါပေမဲ့ ငါစိတ်မလျော့ဘူး …။ငါဆက်တက်တယ် ။ဒီနေရာထိရောက်လာနေမှတော့ မထူးတော့ပါဘူးလေဆိုပြီး တော့ပေါ့လေ။

နေကလည်းပိုပူလာတယ်။ ကံကလည်းဆိုးချင်တော့ တိမ်တမျှင်မှမရှိဘူး ။ဒီလိုပဲနားလိုက်တက်လိုက်နဲ့နောက်ဆုံးတော့ ငါတို့သိပ်ရောက်ချင်တဲ့ ၊ငါတို့တစ်ခါမှမရောက်ဘူးသေးတဲ့ ၊းငါတို့ရောက်၇င်ပျော်ရမယ်ထင်တဲ့ ၊သိပ်သာယာလှပမယ်ထင်တဲ့ ရွှေဟင်္သာလိုဏ်ဂူကို ငါတို့ရောက်သွားကြတယ် ။အဲဒိကိုရောက်ခါနားနီးတော့ထုံးစံအတိုင်းငါတို့တွေသိပ်ပျော်တာပေါ့ဟာ။ ဘယ်လိုနေရာမျိုးများဖြစ်လေမလဲပေါ့ ။ဒါပေမဲ့… တကယ်တမ်းကြတော့ငါတို့စိတ်ကူးယဉ်ကြည့်ခဲ့ကြသလောက် ငါစိတ်ကို မအေးချမ်းစေခဲ့ ၊မပျော်ရွှင်စေခဲ့ပါဘူး ။

လူဆိုတာကလည်း ကိုယ်ပင်ပန်းခဲ့ရသလောက် ညီမျှတဲ့ အကျိုးရလဒ်ကိုမျှော်လင့်တတ်တဲ့သဘောရှိတယ်လေ ။

၁နာရီလောက်နားနားနေနေနေပြီး မွန်းလွဲ၂နာရီလောက်ပြန်ဆင်းလာခဲ့ကြတယ်။ အပြန်လမ်းမှာ ငါတို့အတက်တုန်းက သတိမထားမိဖြစ်ခဲ့တဲ့ ရှုမျှော်ချင်းတွေကို အသေအချာကြည့်မိတယ်။ အို…သိပ်လှပတာပဲ ။သိပ်သာယာတာပဲ။အောက်ဘက်မှာ ငါတို့ဖြတ်ပြီးလာခဲ့တဲ့လယ်ကွင်းစိမ်းစိမ်းတွေ…။လိုဏ်ဂူတုန်းကထက်တောင်လှသေးတယ်။ ဘာဖြစ်လို့များ အသွားတုန်းက ဂရုမစိုက်မိခဲ့ပါလိမ့်နော် …။အော် ငါတို့က ရှေ့ခရီးကိုပဲအာရုံထားနေကြတာကိုး ..။တို့ဘေးပတ်ဝန်းကျင်က အလှတရားတွေကိုတောလျစ်လျူရှုထားကြတယ် ။

ငါစဉ်းစားကြည့်မိတယ် ။

ငါတို့ဟာ မရောက်ဖူးသေးတဲ့ တောင်ထိပ်ကိုမျှော်လင့်ချက်အကြီးကြီးနဲ့ အရောက်တက်နေကြတဲ့သူတွေလိုပဲနော်လှဝိုင်း။ ငါတို့အနီးနားက အလှပတွေထက်သာလိမ့်မယ်အထင်နဲ့ပေါ့ကွာ။

လှဝိုင်းရေ ပြောရအုံး ငါငယ်ငယ်တုန်းက သိပ် aggressive ဖြစ်တာ ။ငါလိုချင်ဖြစ်ချင်တာသိပ်များခဲ့တယ် ။ရအောင်လည်းလုပ်တယ် ။ရလည်းရခဲ့တယ် ။မအောင်မြင်ခြင်းတွေကိုလည်းငါအများကြီးရခဲ့တယ် ။ ပိုပင်ပန်းခဲ့တယ် (စိတ်ရော ကိုယ်ပါ) ။တဖြည်းဖြည်း အရွယ်ရောက်လာချိန်မှာ ငါ ငါ့ကိုယ်ငါပြန်သုံးသပ်တဲ့အကျင့် တစ်ခုရလာခဲ့တယ် ။ငါလုပ်နေတဲ့အရာတစ်ခုဟာ အကျိုးမှရှိရဲ့လား ။ ငါဘာရည်ရွယ်ချက်ကရောဘာလဲ ။ လူဘ၀ကိုယ်ရောက်လာတာ ဘာလုပ်ဖို့လဲ ။ငါဘာဖြစ်ရင်ကျေနပ်မှာလဲ စသဖြင့် စသဖြင့် ငါ့ကိုယ်ငါမေးခွန်းထုတ်တယ် ။ ဖြေရသိပ်ခက်တဲ့ မေးခွန်းတွေပါ ။

ငါဘယ်လောက်ပစ္စည်းဥစ္စာပေါများပေါများ ငါစားနိုင်လှ ထမင်း ၃ -၄ နပ်ထပ်မပိုပါဘူး ငါ့မှာအစာအိမ်တစ်ခုပိုမပါပါဘူး။
ငါဘယ်လောက်ကောင်းတဲ့ဟင်းတွေစားရစားရ ကြေနပ်လှ သူများတွေထက်မသာပါဘူး ။ (စားပြီးတော့လည်း ဟိုဟာတွေဖြစ်ကုန်တာပါဘဲလေ။)

အ၀တ်အစားကရော ငါဝတ်နိုင်လှ တစ်ကြိမ်မှာ တစ်ထည်နှစ်တည်ထပ်မပိုပါဘူးလေ ။
ငါဘယ်လောက်ကောင်းမွန်တဲ့တိုက်တာအဆောက်အဦးကြီးနဲ့နေရနေရ ငါကျောခင်းနိုင်လှ လူတစ်ကိုယ်စာပါပဲ ။ သူများတွေလိုပါဘဲ ။ ငါဇိမ်ပိုခံစားချင်လို့ သဘာဝက ကျောနှစ်ခုပိုမပေးပါဘူး ။ ငါ့အပျော်ရွှင်ဆုံးဆိုတဲ့ ပျော်ရွှင်ခြင်းတရားတွေဟာလည်း သူများတွေအပျော်ဆုံးအခိုက်အတန့်ဆိုတာထက်မပိုပါဘူး ။ ငါ့မှာ ခံစားတတ်တဲ့ ဦးနှောက် သို့ နှလုံးသား နှစ်ခု မပါပါဘူး ။ငါတို့ပိုင်တာ ငါတို့လက်တစ်ကမ်းအတွင်းကအရာတွေကိုသာ ဆိုတဲ့အဆိုတစ်ခုကိုငါကြားဖူးတယ် ။ဟုတ်တယ်လေ နင့်မှာ တိုက်ကြီးနှစ်တိုက်ရှိတယ်လို့နင်ကပြောတယ်။ ပြောနေတဲ့အခိုက်မှာ နင် အဲဒီတိုက်ကြီးကိုတကယ်ပိုင်နေလို့လား ။ပိုင်လို့လည်းမရပါဘူး ။

ထပ်ပြီးဖြည့်ရရင် ငါတို့ပိုင်တယ် ဆိုင်တယ် ဆိုတဲ့အရာအားလုံးဟာ ငါတို့စိတ်ထဲမှာပဲခံစားနေရတာတွေပါ ။လက်တွေမှာ ငါတို့ဘာတစ်ခုမှမပိုင်ကြပါဘူးကွာ ။အာရုံတွေနဲ့သာငါတို့ခံစားနိုင်ကြတာ ။အဲဒီအာရုံထက်ပိုပြီးငါတို့ဘာတစ်ခုမှ မပိုင်ပါဘူးဆိုရင် ငါမလွန်လောက်ပါဘူးနော် ။

နင်ကနင်ချစ်တဲ့ချစ်သူကို ငါနင့်ကိုပိုင်ဆိုင်ချင်တယ် ပိုင်တယ်ဆိုပြီး မလွတ်တမ်းတင်းတင်းကြပ်ကြပ်ပွေ့ဖက်ပေမဲ့လို့ နင်တကယ်ပိုင်တာက …ထိတွေ့မှုဆိုတဲ့အာရုံလေးတစ်ခုပါဘဲလေ ။

ရာထူးဂုဏ်သိမ်ဆိုတာကလည်း…ငါတို့ကိုယ်ငါတို့ပြန်သတိထားမိတဲ့အခါ စိတ်ကြီးဝင်တဲ့အခိုက်အတန့်လေးမှာသာ ငါတို့ဟာ ရာထူးကြိးကြိးပုဂိုလ်တွေဖြစ်ရတာပါ ။ နိုင်ငံတော်သမ္မတ ဟာ ငါနိုင်ငံတော်သမ္မတပါလားလို့ သတိထားမိတဲ့အခိုက်လေးမှာသာ နိုင်ငံတော်သမ္မတဖြစ်ရတာပါ ။ကျန်တဲ့အချိန်တွေမှာတော့ သူဟာ တခြားတွေနဲ့ဘာမှမကွာလှပါဘူး ။ သာမန်လူပါပဲလေ ။

ဆရာဝန်တစ်ယောက်ဟာ ငါဆရာဝန်ပါလားဆိုတဲ့အတွေးဖြစ်ပေါ်တဲ့အချိန်မှာသာ သူ ဆရာဝန်ဖြစ်ရတာပါလေ ။

ငါ လူတွေကိုတတ်နိုင်သလောက် ကူညီချင်တယ် ။သူတို့ကို ပျော်စေချင်တယ် ။ ခု ငါ့အခြေအနေနဲ့  ကတော့ ဝေးပါ့လှဝိုင်းရာ ။ ဒါကြောင့် ငါနေရာတစ်ခုထိအရင်ရောက်အောင်ကျိုးစားရမယ် ။အဲဒီရောက်ရင် ငါတတ်နိုင်လောက်ပြီလို့ငါထင်တယ် ။ ငါကူညီချင်တာကူညီလို့ရပြီပေါ့ ။ ငါအဲဒီနေရာကိုရောက်မှသာငါတတ်နိုင်လိမ့်မယ်လို့ထင်ခဲ့တယ်လေ ။

သူများအတ္တကိုဖြည့်ပေးဖို့ ကိုယ့်အတ္တတွေကို အရင်ဖြည့်ရမယ် ဆိုတဲ့ သိပ်လှတဲ့ စကားကို အထင်ကြီးယုံမှတ်မိတယ် ။
ဒီ အစွဲကြိးနဲ့အတူ…ငါ ငါ့ပတ်ဝန်းကျင်ကို လစ်လျူရှုထားခဲ့တယ် ။ သိပ်လှပမယ်ငါထင်တဲ့ တောာင်ထိပ်ကိုရောက်ဖို့ ငါ့ဘေးက အလှတွေကို လစ်လျူရှုထားခဲ့မိတယ် ။

ငါလေ ငါ့အလုပ်ကို အားလုံးထက်ပိုချစ်ခဲ့တယ် ။ ငါဘယ်လောက်ထိတောင် အဖြစ် သည်းခဲ့လဲဆိုရင် လေ…ငါ့မိဘ သို့ ဆွေမျိုး သို့ သူငယ်ချင်းဟောင်းတွေ ငါ့ဆီ ကို အလည်လာမှာကိုတောင်ငါစိတ်က ဆိုးရွံ့မိတယ် လှဝိုင်းရေ။
ငါ့အလုပ် ပျက်မှာကြောက်လို့တဲ့လေ ။
ဘာမှမသေချာတဲ့ ငါ့ရည်မှန်ချက်ပန်းတိုင်ကိုသွားတာ နှောင့်နှေးမှာဆိုးလို့တဲ့လေ ။
စာမေးပွဲ နီးရင် ငါ့ကိုအလုပ်တစ်ခုခုလာခိုင်းတာမျိုး ၊ ဘယ်နေရာကို သွားလိုက်ပါအုံး ဆိုရင် ငါသိပ် သိပ် စိတ်ပျက်မိတယ် ။ ငါ့စာမေးပွဲမှာ အမှတ်တွေမကောင်းမှာကြောက်လို့တဲ့လေ ။
ငါ့အတ္တကိုသာငါဦးစားပေးခဲ့တယ် ။

ခုတော့ ငါ အရင်ကငါမဟုတ်တော့ပါဘူး ။
တောင်ထိပ်ကိုရောက်မှ သိပ်လှတဲ့ရှုခင်းမျိုးကိုမြင်တွေ့ရမှာမဟုတ်ပါဘူး ။ ငါပျော်ရွှင်ကြည်နူးရမှာမဟုတ်ပါဘူး ။
ငါတစ်ကောင်ကောင်ဖြစ်မှ ငါသူတို့ကိုကူညီနိုင်တာမဟုတ်ပါဘူး ..။ငွေကြေးနဲ့မဟုတ်တောင် တန်ဖိုးဖြတ်လို့မရတဲ့ ပျော်ရွှင်မှုတွေ ၊ အားပေး နှစ်သိမ့်မှုတွေ ငါတတ်နိုင်တယ်ဆိုတာငါသိလိုက်တယ် ။

ဟိုအရင်က သူငယ်ချင်းတွေက ဘယ်သွားကြရအောင်ဆိုရင် ခေါင်းကိုတွင်တွင်ပါအောင်ရမ်းခဲ့တဲ့ငါ ခုဆိုရင် သူတို့နဲ့အတူငါရှိပေးတယ် ။ ငါသူတို့ကြည်နူးစေမဲ့ ဘ၀င်ကြစေမဲ့ ဟာသတွေပြောပြဖြစ်တယ် ။ ငါ့နယ်က သူငယ်ချင်းဟောင်းတွေ ငါ့ဆီလာခဲ့ရင် ငါ သူတို့မရောက်ဖူးတဲ့နေ၇ာတွေကိုငါလိုက်ပို့ပေးတယ် ။ ဒီကိုဆေးခန်းလာပြတယ်ဆိုရင်လည်း ငါ့ဆီမှာနေဖို့ ပြောတယ်။ ငါ ကိုယ်တိုင် ဆေးခန်းကြီးတွေကိုလိုက်ပို့ပေးတယ် ။ သူတို့မှာတဲ့ အရာတွေကို ငါမရရအောင် ဆိုင်ကိုသွား ပြီးဝယ်ပေးတယ် ။ ငါပျော်တယ် ။

ငါဟာ ဘယ်အချိန်လူလောကကြီးထဲက ထွက်ခွာသွားရမယ်ဆိုတာ ငါမသိဘူး ။ဘယ်သူမှမသိဘူး ။ ငါလုပ်ပေးချင်တာတွေဖြစ်လာမဲ့နေ့ကိုစောင့်စားရင်ငါ သေမသွားချင်ဘူးလေ ။
ငါဘာမှမရေရာတဲ့ အနာဂတ်ကြိးကို ငါသိပ်မမက်မောတတ်တော့ဘူး ။လက်ရှိအချိန်ဟာသေချာတယ် ။

ဆိုကြပါဆို့ရဲ့ လူတစ်ယောက်…သူသိပ်အောင်မြင်ချင်တယ် ။ သူ့ရည်မှန်းချက်ကိုမရောက်ေ၇ာက်အောင်လှမ်းလျောက်နေတယ်။ သူ့စာ သူ့အလုပ်ကိုပဲအာရုံစိုက်တယ် ။ သူ့အလုပ်ကိုပဲဦးစားပေးနေရတဲ့အတွက် သူမိဘ သူ့ဆွေမျိုးတွေကိုလည်းဘာတစ်ခုမှလုပ်မပေးနိုင်ဘူး။ဒီလိုနဲ့ဘွဲတွေတစ်ခုပြီးတစ်ခုရ။ နိုင်ငံခြားပညာတော်သင်တွေသွားရ နဲ့ သူ ရည်မှန်းထားတဲ့ဘွဲကြိးရလာပြီးမြန်မာပြည်ကိုပြန်အရောက် ကောက်ကာငင်ငါ ဘ၀တစ်ပါးပြောင်းသွားရတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ။သူ့မိဘ သူ့အသိုင်းအ၀ိုင်းအတွက် သူဘာမှ သူများအတွက်လုပ်မပေးခဲံရဘူး ။ အဲလိုလူမျိုးတကယ်ရှိတယ်နော် ။ငါအဲလိုလူမျိုးမဖြစ်ချင်ဘူးကွာ။

နင်ရောဖြစ်ချင်သလားအဲလိုဘ၀မျိုး ဖြစ်ချင်ပါ့မလား။ နင်လူ့ဘ၀ကိုရောက်လာတာဘာလုပ်ဖို့လဲ လှဝိုင်းး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Categories

%d bloggers like this: