Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ (6)

သို့

လှဝိုင်းရေ

ဒီတစ်ပတ်တော့ သမီးရည်းစား ချစ်သူတွေကြား ဖြစ်တတ်တာလေးတွေကို ပြောပြမယ်။

တစ်နေ့ငါ့သူငယ်ချင်းတစ်ယောက်သူ့မကြေနပ်ချက်တစ်ခုကို ငါ့ဆီရင်ဖွင့်တယ်။
“ ကို ဇော်မျိုး ပဲစဉ်းစားကြည့်ဗျာ။ သူကပဲ ကျုပ်မာနကို ထိတဲ့စကားကို အရင်ပြောသေးတယ်။ ကျုပ်က အဲ့လိုမပြောနဲ့ မကြိုက်ဘူး လို့အော်မိတော့ သူ့ကို အဲ့လိုကြီး အော်ပြောရမလားဆိုပြီး စိတ်ကောက်တယ်ဗျာ။ အဲလိုအော်ပြောတာကို ညီမ မကြိုက်ဘူး။ သိပ်မုန်းတယ် ဆိုပြီး ကောက်ခါငင်ခါ စိတ်ဆိုးသွား
တယ်ဗျာ။   တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ဆိုတော့..ကျုပ်ပြန်မချော့ချင် တော့ဘူးဗျာ။ အဲ့လိုလေသံလေးပြောင်းသွားတာနဲ့  သူစိတ်ကောက်သွားလို့
ပြန်ချော့ခဲ့ရပေါင်းများပြီ။ ကျွန်တော် တော်တော်သတိထားပြီး ထိန်းပြောပါတယ်။ တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်သွားတဲ့အခါ့ အော်မိတာတော့ရှိတာပေါ့။ သူကလဲ အအော်ခံရအောင်လုပ်သေးတယ်။ ကြာတော့လဲ စိတ်ညစ်တယ်ဗျာ။ ဒီလောက်လေးတော့ နားလည်ခွင့်လွတ်သင့်တာပေါ့ဗျာ။ ကြာတော့ သူနဲ့ စကားပြောရတာတောင် မလွပ်မလပ်နဲ့ စကားပြောရမှာတောင် ကြောက်လာတယ်။  သူဆိုတာ အင်မတန်လေအေးအေးလေးနဲ့  ပြောတတ်တဲ့သူပါ။
သူဒေါသထွက်တာ အော်တာ ကျုပ်တို့ မကြားရသလောက်ပဲ။

နောက်တစ်ယောက်ရဲ့ အဖြစ်ကတော့ – သံသယများလွန်းခြင်းပါပဲ။ သူ့ကောင်မလေးက သူ့ကိုတခြားမိန်းကလေးတွေနဲ့ စကားပြောတာကို မကြိုက် တာ။ သူ့ သူငယ်ချင်းအရင်းခေါက်ခေါက် ပြောမနာ ဆိုမနာ မိန်းကလေးတွေကိုတောင် အကြာကြီးစကားပြောရင် သိပ်မကြိုက်ချင်တော့ဘူး ဆိုပဲ။ ထူးပါ့။ သူနဲ့ရည်းစားမဖြစ်ခင်တုံးကထဲက ဒီလိုပဲ ဖက်လှဲတကင်း ပြောခဲ့ဆိုခဲ့ကြတာကို သူလဲ အမြင်ပဲဟာကြီးကို။ အဲ ဒါ ချစ်လွန်းတာမဟုတ်ဘူး ဟ။ မရင့်ကျက်သေး တာ ။(အင်း ….. ချစ်နေကြတုံးမှာတော့ ဒါ ငါ့ကို သိပ်ချစ်လို့ သ၀န်တိုတာနေမှာပါဆိုပြီး ကျေနပ်ချင်စရာကြီးနော် လှဝိုင်း။) အိမ်ထောက်ကျမှ သိလိမ့်မယ် ။
ကိုယ့်ချစ်သူကို ကိုယ့်မျက်စိရှေ့ကပျောက်သွားမှာ အခြားကောင်လေး / ကောင်မလေးတွေနဲ့ စကားပြောတာကို မကြိုက်တာ ၊ ဖက်လှဲတကင်းနေတာ မကြိုက်တာ ၊ အကူအညီပေးတာချင်း တူတူတောင် ကိုယ့်ရည်းစားရဲ့ သူငယ်ချင်းက မိန်းကလေးဖြစ်နေရင် သိပ်မကြည်တော့တာမျိုး ၊ သူငယ်ချင်းတွေနဲ့ ဘယ်ကိုအလည်သွားကြမဟဲ့ ဆိုရင်တောင် သိပ်ခွင့်မပြုချင်တော့တာမျိုးပေါို့။ အချိန်တော်တော်များကို သူ့အတွက်ပဲပေးစေချင်တော့တာ ။…. အို စုံပလုံကိုစိလို့ ..။

အဆိပ်ပိုတက်လာရင်တော့ မျက်စိအောက်ကပျောက်သွားမှာ ကြောက်တာ ၊ အခြားကောင်မလေးတွေနဲ့ မျက်နှာချင်းဆိုင်တာကိုပဲ အမြင်မကြည်တော့တာတွေ ဖြစ်လာတော့မယ်။ ချစ်သူရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ကိုပါ စိုးမိုးချင်လာမယ်။ စကားအပြောအဆို အသုံးအနှုန်းကအစ နုလာမယ်။ နင်နဲ့ငါနဲ့ အဆင့်မှသည် ကို ၊ မောင် ၊ ညလေး ခရေးရေး ဆိုပြီး စုံလို့ စုံလို့။
အင်း တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်သွားလို့ နင် ၊ ငါ သုံးရင်ကိုပဲ စိတ်ကောက်ရတာနဲ့ ….ရန်ဖြစ်ကြရတာနဲ့ ။

နင်စဉ်းစားကြည့်စမ်း လှဝိုင်း။ (တကယ်က ငါစဉ်းစားပြမှာပါ )။ ငါတို့လေ ချစ်သူဆိုတဲ့ဟာတွေနဲ  မတွေ့ခင်က ငါတို့ရဲ့ Space (ကိုယ်ပိုင်လွပ်လပ်နယ်) ဟာ အင်မတန် ကျယ်တယ်နော်  ……………..။
ငါတို့သွားချင်တဲ့အချိန်သွား ၊ ငါတို့ကစားချင်တဲ့ အချိန် ကစား (ခြင်းလုံး ၊ ဘောလုံးတို့ပြောတာ) သူငယ်ချင်းတွေနဲ့ ဘယ်လည်လည် ၊ ဘယ်အချိန်မှ ပြန်လာလာ ၊ ငါတို့ကူညီချင်တဲ့လူကို ကူညီပေးလို့ရတယ် (ယောင်္ကျားမိန်းမမရွေး)၊ ညီအကို မောင်နှမအချစ်နဲ့ (ဖြူစင်ချစ်နဲ့) ချစ်မိခင်မိသွားရင်တောင် ချစ်တယ်တိုတာကို လွပ်လွပ်လပ်လပ် ပြောခွင့်ရှိတာ ၊ စကားကိုလဲ ငါတို့ကြိုက်သလို ပြောဆိုလို့ရတာ ဆိုတော့ သိပ်လွပ်လပ်တယ်။
သူတို့နဲ့တွေ့ပြီးချိန်မှာတော့ ငါတို့ Space တွေဟာ တဖြည်ဖြည်းနဲ့ ကျဉ်းမှန်းမသိ ကျဉ်းလာတယ်နော်။

အချိန်တော်တော်များများကို သူ့ကိုပေးမှ ကြေနပ်တော့တာ ။(ကိုယ်က သူငယ်ချင်းတွေသွားကြတဲ့  နေရာတစ်ခုကို သွားချင်တာတောင် …လိုက်မသွားနိုင်တော့ )။ စကားကို လည်း နု နေမှ အဆင်ပြေနိုင်ကြတော့တာမျိုးဖြစ်လာတယ် ။ အပြောအဆို အနေ အထိုင် ကျုံ့လာရတာကို ဆိုလိုတာ။

တစ်ချို့များဆိုရင် နှစ်ယောက်တည်း ကမ္ဘာတည်ဆောက်ချင်ကြတယ်။ သီချင်းတောင်ရှိသေး (နှစ်ယောက်ထဲကမ္ဘာ … ကြည်ကြည်နူးနူးဘ၀မှာ) ငါတော်တော်ေ..ာက်မြင်ကပ်တာ။ မ … မချစ်လို့တော့ သေနိုင်တယ် … အပိုတွေမဆိုဘူး ယုံတော့ကွယ် … မ… မှမချစ်ရင် ဘ၀ပျက်သွားနိုင်တယ်…. ဆိုတဲ့ သီချင်းမျိုးဆို ငါသိပ်ေ…ာက်မြင်ကပ်တာ။ အပိုတွေ။ ချစ်သူကပြန်မချစ်လို့ သေတဲ့မသာ နင်မြင်ဖူးလားပြော။ ပြောရင်လဲ အောင်မင်းလွန်ရာကျအုံးမယ်။ (အော် ….. စာဖွဲ့တာပါ စာအရပေါ့ကွာလို့ လာမပြောနဲ့)
အိမ်း … အရှိန်ပါပြီး ငါ့စကားတွေ ဘယ်ရောက်သွားပါလိမ့်။ နှစ်ယောက်တည်းကမ္ဘာကိုပဲ ဘ၀င်ကြနေတဲ့ လူတွေအများကြီးနော်။ ကောင်လေးကလဲ သူ့အချိန် သူ့အတွေး  သူ့ကောင်မလေးအတွက်ပဲ။ ကောင်မလေးလဲ ထို့အတူပဲ။ အင်း သိပ်ပျော်နေကြတော့။
ငါကတော့ သိပ်မမှန်ဘူးလို့ မြင်တယ်။ နီးကပ်လွန်းရင် မွန်းကျပ်သဟ လှဝိုင်းရ။ သူတို့နှစ်ယောက်ထဲနဲ့ သီးခြားရပ်တည်လို့မှ မရတာ။
အရင်ကလိုပဲ သိပ်ကောင်းလွန်းတဲ့ မိတ်ဆွေတွေနဲ့ ခင်ရအုံးမယ်။ ကူညီပေးရအုံးမယ်။ ပတ်ဝန်းကျင်က လူတွေအတွက် စဉ်းစားပေးရအုံးမယ်။ ငါတို့စိတ်ကို ငါတို့ပျော်တဲ့နေရာမှာ ခဏလွှတ်ထားသင့် လွှတ်ထားရမယ်။

We should allow space for them .

နှစ်ယောက်လုံးကကျေနပ်ရင်တော့ ဘာမှပြောစရာ မရှိဘူး။ မကြိုက်ခဲ့ရင်တော့ အသက်ရှူကျပ်မဗျာ့နော်။ ချစ်လို့ လုပ်ရတာဆိုပေမဲ့ တစ်ဖက်သားကတော့ စိတ်ကျဉ်းကြပ်တယ်။ လူဆိုတာ အချုပ်အနှောင်ခံရရင် စိတ်ပေါက်ကွဲတတ်တယ်လို့ ငါ့ကို Comment ပေးတဲ့ ပုဆွဲမိဆိုတဲ့အကောင်က ပြောဘူးတယ်ဟ။ တစ်ခါတစ်လေ တအားမတင်းကြပ်ပဲ သူ့ပင်ကိုယ် ဘ၀လေးအတိုင်း လွပ်လွပ်လပ်လပ်ပေးနေလိုက်ပါလားနော်။ အိမ်ထောင်တွေကျလို့  ကိုယ့်အလုပ်နဲ့ကိုယ်ထဲမှာဆိုရင် ပြဿနာတက်လာပြီ။ အလုပ်ထဲမှာက ကိုယ်တစ်ယောက်ထဲ သီးခြားနေလို့ရတာမဟုတ်။ အပေါင်းအဖော် ၊ အကြီးအကဲ ၊ လက်အောက်ငယ်သားတွေနဲ့  အလုပ် လုပ် ရ မှာမလား။ ယောက်ျားလဲပါမယ်။ မိန်းမလဲပါမယ်။ သူတို့နဲ့ ပြောဆိုပေါင်းသင်း ဆက်ဆံရမယ်။ အသေအချာပဲ။ ဒါကိုလိုက်ပြီး မနာလို မရှုစိမ့် သဘောထားသေး နေရင်တော့ ပင်ပန်းဆင်းရဲဖို့သာပြင်။ အခန့်မသင့်ရင် တားဆီးပိတ်ပင်မှုတွေပါ လုပ်လာနိုင်တော့ သူလဲစိတ်ဆင်းရဲ ၊ ကိုယ်လဲ စိတ်ဆင်းရဲပြီး အိမ်ထောင်ရေးသာယာမှာ မဟုတ်ဘူးနော် လှဝိုင်း ။

အင်း ငါ စာရေးပျင်းတယ် ။ ဆက်မရေးချင်တော့ဘူး ။ကိုယ့်ဘာသာ ဆက်တွေးတော့နော် ။ တွေးဖို့ရာက တော့  ငါတို့ဟာ ငါ တို့ချစ်သူတွေကို  ကိုယ်ပိုင်  space လေး ပေးထားသင့်တယ် လို့….။

ခုတော့ဒီလောက်ပဲ ။ နောက်မှဆက်ရေးမယ် ။ ကျန်းမာရေး ဂ၇ုစိုက်ဖို့တော့ အမြဲမှာချင်တယ် ။ နောက်ရေးမဲ့စာတွေမှာ ပါမလာရင်လည်း မှာပြီးသားပဲလို့ သာ သဘောထားနော် ။ ပါမလာရင်စိတ်မကောက်နဲ့ ( ငါ့ ကို လွတ်လပ်ခွင့်ပေး….ဟေး) ။ ကောင်းကောင်းနေနော် ။


Responses

  1. အဓိက ကတော့ နားလည်မှုပေါ့ မောင်လေးရယ်။
    အမကို လူတစ်ယောက်ပြောဖူးတယ်။
    ချစ်တယ်ဆိုတာ အလကားချစ်သွားတယ်ဆိုတာ မရှိဘူးတဲ့။
    မြတ်နိုးတဲ့ အကြောင်းအရင်းတစ်ချက်တော့ ရှိကို ၇ှိရမယ်၊ အကြောင်းပြချက်မရှိဘဲ ချစ်တယ်ဆိုတာ မရှိဘူး။ ဆိုးချင်တိုင်းဆိုးနေရင် အဲဒီမြတ်နိုးတဲ့အချက်လေးက ကုန်ခမ်းသွားရောတဲ့။
    အဲ့အချစ်တွေ ခိုင်မြဲဖို့က နားလည်မှုက အဓိကတဲ့။ သူပြောတာ အမတော့ လက်ခံတယ်။ စိတ်ပျက်သွားရင် ဒွတ်ခပဲ။

း)

  2. အင်း ဟုတ်လောက်တယ်….ငါ မင်းကို အကြောင်းပြချက်ဘာတစ်ခုမှ မရှိဘဲနဲ့ကိုချစ်သွားတာ ဆိုတာ တစ်ကယ်တော့ အဲဒီကောင် ငပျင်း …မစဉ်းစားချင်လို့ ပြောလိုက်တာပဲ ..။သေချာစဉ်းစားကြည့်ရင် အကြောင်းပြချက်တစ်ခုတော့ရှိပါတယ် …။

    လွယ်တယ်အမရေ နားလည်မှုတဲ့..။ တိုလည်းတိုတယ် ။

    ခက်တာက မောင်လေးလေ….နားလည်မှုဆိုတဲ့စကားကို နားမလည်ဆုံးပဲ ..။ခုချိန်ထိ ကို နားမလည်နိုင်ဖြစ်နေသေးတယ် ။

    နားလည်တာ နဲ့ ခွင့်လွတ်တာ ကို ခုထိရောနေတုန်းပဲ ။ နင်ဘာလုပ်လုပ် ငါ နားလည်ပေးနိုင်ပါတယ် ဆိုတာရယ် ၊ နင်ဘာလုပ်လုပ် ငါခွင့်လွတ်နိုင်ပါတယ် ဆိုတာရယ်…။

    အရှင်းဆုံးတစ်ခုကတော့…. မိမိကိုပြုမှုစေချင်သည့်အတိုင်း သူတစ်ပါးကိုပြုမှုဖို့ပဲ ဗျို့…။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Categories

%d bloggers like this: