Posted by: zawmyohtet123 | September 12, 2010

လှဝိုင်းသို့ပေးစာများ (3)

သိှု့
လှဝိုင်းရေ
ဒီတစ်ပတ်တော့ ငါ့ပတ်ဝန်းကျင်မှာ မြင်တွေ့ရတာလေးကို နင့်ကိုပြောပြမယ် ။ငါ့အမြင်လေးပါပဲ ။
ငါ့အမြင်ဖြစ်တဲ့အတွက် ငါ့ အမြင်ပဲဖြစ်တယ်။ ငါဆိုတာကလည်း ပုထုဇဉ်ဖြစ်တဲ့အတွက် ငါ့အမြင်ဟာ တစ်ဖက်သက်ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ပုထုဇဉ်လူသားတစ်ယောက်ရဲ့အမြင်ဟာ အမြဲတမ်းမမှန်နိုင်ဘူး။ အမြဲတမ်း လက်ခံလို့ တန်ဖိုးထား လို့မရဘူး ဆိုတာတော့ နင့်ကို ကြိုပြောထားပါရစေ ။

တစ်မနက်……. ငါကျောင်းေ၇ာက်တော့ lecture စဖို့ ၊ 8 နာရီထိုးဖို့2 မိနစ်ပဲလိုတော့တာမို့ အမြန်ပြေးမှဆိုတဲ့အတွေးနဲ့ ကျောင်းလှေကားကို နှစ်ထစ်လျင်တစ်လှမ်းကျနင်းကျော်ရင်း တစ်ထပ်ပြီးတစ်ထပ် တစ်ကွေ့ပြီးတစ်ကွေ့ အပြေးကလေး တက်လာမိခဲ့တယ်။ စာသင်ခန်းကိုေ၇ာက်တော့ ငါ့မှာဟောဟဲကိုစိုက်လို့ ။ ဟလိုလေးအခန်းထဲမှာကလက်တစ်ဆုပ် စာပဲေ၇ာက်ကျသေးတာကလား။ ဆရာလည်းမရောက်သေး ။ကျောင်းသားကလည်းမစုံသေး။ ခဏနေမှ ကျောင်းသားတွေ တစ်သုတ်ပြီးတစ်သုတ် တစ်ဖွဲဖွဲဝင်လာကြတယ်။ ကျောင်းသားတစ်ဝက်လောက်ရှိမှ ဆရာရောက်လာတယ်။ နာရီကိုကြည့်မိလိုက်တော့ ၈နာရီထိုးပြီးလို့ ၁၅ မိနစ်တင်းတင်းရှိပါပေါ့လား ။အင်းအဲလိုမှန်းသိရင် ငါ ဖြည်းဖြည်းမှ လာပါတယ်လို့တောင်တွေးမိလိုက်သေးတယ်။

ဆရာကစာ စသင်နေလေပြီ။ ကျောင်းသားတွေကတော့ ၀င်လာမဆဲတစသဲသဲရှိသေးတယ်။ အပေါက်ကနေ ကုတ်ချောင်းချောင်းနဲ့ ၀င်လာကြတဲ့ သူတို့တစ်တွေကြောင့် စာကို လိုက်နားထောင်နေတဲ့ကျောင်းသားရော သင်နေတဲ့ဆရာပါ စိတ်အနှောင့်အယှက်ဖြစ်ကြ ရတယ် ။ ဒါကတော့ ငါတို့ တက္ကသိုလ် ပထမနှစ်ကနေ စတုတ္ထနှစ် လောက်ထိ (အင်းနောက်ဆုံးနှစ်တောင် ပါချင်ချင်ရယ်) နေ့စဉ်နီးပါး ကြုံတွေ့ရတဲ့ အချိန်မတိကျခြင်းရဲ့ ပြယုဂ်ကလေးပါပဲ လှဝိုင်းရေ။ နေ့တိုင်းတော့မဟုတ်ပါဘူး ။ အချိန်တိကျတဲ့ဆ၇ာစာသင်မဲ့ နေ့ဆိုရင်တော့ ဖြစ်ခဲလှပါတယ်။ ဒါတောင် အဲလိုအဖြစ်မျိုး မဖြစ်ဖြစ်အောင်ဖြစ်လိုက်ကျ သေးတယ်။
အချိန်တိကျတာကို တန်ဖိုးထားတဲ့ဆရာတွေငါတို့ကျောင်းမှာရှိပါတယ်။ ဒါပေမဲ့နည်းတယ်။ အချိန်တိကျတဲ့ကျောင်းသားကတော့ ရှာမှရှားပဲ ၊မတစ်ထောင်တစ်ကောင်ဖွားတွေပေါ့ဟာ ။အဲဒီဆရာမျိုးတွေကတော့ အချိန်ကျတာနဲ့ စာသင်ခန်း တံခါးကိုပိတ်၊ လူနည်းနည်းများများစာသင်တော့တာပဲ ။ငါသိပ်သဘောကြတယ်။

အချိန်တိတိကျကျလုပ်တတ်ခြင်းနဲ့ပတ်သက်လို့ကတော့ ငါတို့မြန်မာတွေ တော်တော်ပြုပြင်ယူရမဲ့ ကိစ္စကြီ်း ဖြစ်တယ်   လို့ငါတော့မြင်တာပဲ။ ။အချိန်မတိကျခြင်းဟာ ငါတို့မြန်မာတွေရဲ့ ၀ိသေသတစ်ခု၊ ဂုဏ်ပုဒ်တစ်ခုဖြစ်မှန်းမသိဖြစ်နေတယ်လို့ငါတော့မြင်တယ်။ စာသင်ချိန်ကို ဘယ်အချိန်ကနေဘယ်အချိန်ဆိုပြီး တိတိကျကျ သတ်မှတ်ပေးထားပေမဲ့… .နားလည်မှုနဲ့ပဲ အကောင်အထည်ဖော်ကြတယ်။ ကျောင်းသားကလည်း ဆရာက ၈နာရီထိုးပြီး ၅ မိနစ်လောက်နေမှ ရောက်မှာဆိုတော့ဖြည်းဖြည်းလုပ်ကြတယ်။ ဆရာကလည်း အင်း ….. ငါ့ကျောင်းသားတွေက ၁၀မိနစ်လောက်ရှိမှ လူစုံတာဆိုတော့ခဏစောင့်လိုက်ပါအုံးမလေ (သို့) ငါ အိမ်အလုပ်လုပ်စရာရှိတာ ခဏလောက်မှိန်းလုပ်နေလိုက်ပါအုံးမလေဆိုပြီးအချိန်စွဲကြတယ်။ ဒီလိုနဲ့ အချိန်မတိကျခြင်းသံသရာက တ၀ဲတည်းဝဲနေတော့တာပါပဲ ။

အချိန်မတိကျခြင်းကို ငါတို့ကလေးဘ၀ခပ်ငယ်ငယ်ကတည်းက ငါတို့ရဲ့လူကြီးသူမတွေထံကအမွေရခဲ့ကြ တယ်လို့ငါတော့ထင်တယ်။
ငါတို့ငယ်ငယ်တုန်းကပေါ့ကွာ ။ငယ်ငယ်တုန်းကဆို…ငါ ၆တန်း ၇တန်းလောက်ကပေါ့ ။ငါတို့မြို့ ကို နိုင်ငံတော်အကြီးအကဲတစ်ယောက်လာတယ်။ ကျောင်းသားကျောင်းသူတွေ အကုန်ထွက်ကြိုဆိုရမယ်ဆိုပြီး မနက် ၇ နာရီတိတိမှာ စုရပ်ကိုအရောက်လာခဲ့ကြဖို့ ဆရာတွေကထပ်ဖန်တလဲမှာတာကိုငါမှတ်မိသေးတယ်။ ဘာမှမသိတတ်သေး… ဆရာမိဘစကားကို မြေ၀ယ်မကျ နားထောင်ကြတဲ့ ငါတို့လိုအရွယ်တူကျောင်းသား လေးတွေ၊ ငါတို့ထက်အတန်းကြီးတဲ့ အစ်ကိုကြီးတွေ ၊ ငါတို့ရဲ့ညီငယ်လေးတွေ အားလုံးအားလုံး တစ်ယောက်မကျန် လူကြီးဆိုတဲ့ သူ လာမဲ့လမ်းဘေးဝဲယာကနေ စောင့်ကြိုကြဖို့ နံနက် ၇နာရီကတည်းေ၇ာက်နေကြတယ်။

ငါဆိုတဲ့ ကောင်လေးဆိုရင်လေ …ဆရာမှာလိုက်တဲ့ အချိန်မရောက်မှာဆိုးလို့ ထမင်းတောင်ဇိမ်နဲ့ မစားခဲ့ရဘူး။ ၇ နာရီကထိုးခါနားနီးနေပြီဆိုတော့ ထမင်းစားတာကို တိခနဲရပ် ၊ လက်အမြန်ဆေး၊ အမြန်လက်ကိုသုတ်တဲ့ပြီး သွားပြီဗျို့ဆိုပြီး စုရပ်နေရာကို အရောက် မနားတမ်းပြေးခဲ့ဘူးတယ် ။
ကြောက်တတ်တဲ့အရွယ်လေ ။
ဟိုကိုေ၇ာက်တော့ဆရာတစ်ချို့ပဲရောက်ကြသေးတယ်။ ငါတို့ထက်အစောခေါ်ထားခံရတဲ့ လူကြီးကြို ဘ၀ါးက အဖွဲ့ကတော့ အားလုံးစုံနေကြပြီ ။ လမ်းဘေးဝဲယာမှာ ကျောင်းစိမ်းပုဆိုး အင်္ကျီအဖြူတူညီဝတ်ထားကြတဲ့ကျောင်းသူ ကျောင်းသားလေးတွေ…….။တန်းလို့စီလို့ ။၈နာရီထိုးတော့လည်း လူကြီးဆိုတဲ့လူကြီးက ပေါ်မလာ …။ ခဏကြာတော့ လူကြီးကဘယ်ရောက်နေပြီတဲ့ ။ နောက်၁၅ မိနစ်လောက် နေရင် ဒီကိုရောက်လာကြတော့မှာ ဆိုတဲ့ ကောလဟာလသံကြားရရဲ့။ ငါတို့ပျော်သွားကြတယ် ။ ငါတို့ပြန်ရတော့မယ် ၊ ငါတို့ လူကြီးကိုတွေ့ရတော့မယ် ။ အင်းငါတို့နိုင်ငံရဲ့အကြီးကဲ တစ်ယောက်ကို မျက်မြင်ဒိဌ တွေ့ရတော့မှာမို့ အင်း ငါတို့ကံထူးပေလို့သာ လို့ …ကလေးအတွေးနဲ့ တွေးပြီး ကြည်နူးခဲ့တယ် ။

၉ နာရီလည်း ပေါ်မလာသေးပါ။ ဘ၀ါးက အဖွဲ့ကတော့ တီးလုံးနဲ့အပြိုင် မြိုင်မြိုင်ကနေကြလေရဲ့။ ချွေးလေးတွေကိုသီးလို့ ။ ကျောင်းသားကျောင်းသူတစ်ချို့ကတော့ သဘောပေါက်သွားကြဟန်တူပါရဲ့ ….ကို့နေ၇ာမှာကို မနေကြတော့ဘူး မုန့်ဆိုင်ကိုပြေးသူကပြေး ။ရေခဲချောင်းသည်နားငေးသူကငေး ဖြစ်ကုန် ကြတယ်။ သူတို့လေးတွေ ဗိုက်စာကြပြီလေ။ ပျင်းကုန်ကြပြီလေ ။

သူတို့တွေ ၉နာရီထိုးပြိး ခဏနေရင်ရောက်တော့မယ်ဆိုတဲ့ကောလဟာလတွေကိုလည်း အယုံအကြည်မရှိကြ တော့ဘူးလေ။ ငါလည်းတော်တော်ကိုဗိုက်စာနေပြီ။ ငါမှဗိုက်စာရင် တခြားသူတွေလည်း ထို့အတူပဲ နေမှာပါပဲ ။ တစ်ချို့တွေဆိုရင် အိမ်ပြန်ပြီးတောင်ထမင်းလွေးကြသေးတယ် ။နေကလည်းပူသလားမမေးနဲ့ ။
ကျစ်ကျစ်တောက်ကိုပူတာ။ ချွေးတွေနဲ့ စပ်နေတာပဲ လှဝိုင်းရာ။ လူကြီးဆိုတဲ့သူက ၁၁ နာရီ ထိုးပြီးလို့ ၂၃ မိနစ် နဲ့ စက္ကန့် ၄၀ကျော်ကျော်မှာ မိုးလုံလေလုံ နေလုံ အတွင်းကို ဘာမှမမြင်ရတဲ့ ကားမည်းကြီးစီးပြီး တတီတီ တ၀ူးဝူး ရောက်လာကြတယ် ။ (အဲဒီတုန်းက)ငါမြင်ချင်တဲ့ နိုင်ငံတော်အကြီးအကဲတစ်ပါးရဲ့ မျက်နှာကိုလည်း ငါ မတွေ့လိုက်ရပါ ။သူတို့တွေစိးလာကြတဲ့ကားမည်းကြိးကိုသာ ၁၅ စက္ကန့်လောက် မြင်တွေ့လိုက်ရတယ် …..။ ငါထင်ထားတာက လေ…သူတို့တွေက ကားပေါ်ကဆင်းပြီး ငါတို့လေးတွေကို လက်ယမ်းနှုတ်ဆက်လိမ့်မယ်လို့ထင်ခဲ့တာဟ ။ငါတို့ မနက်၇ နာရီကတည်းက သူတို့ကို စောင့်နေကြတာလေ ။

အဲဒီကတည်းက ငါ…ငါ့အသည်းထဲမှာစွဲနေအောင်မှတ်ထားလိုက်တာက….ငါတို့လူမျိုးတွေ ဘယ်တော့မှ အချိန်မတိကျပါဘူး ။အကြီးတွေကအစ ပေါ့ ။နောက်ဆို ၇ နာရီခေါ်ရင် ၈နာရီမှသွားလည်းရတမယ်ဆိုတဲ့ အတွေး ကိန်းဝင်ခဲ့လေရဲ့ ။ငါ့နည်းတူ….ငါတို့လို ကျောင်းသားကျောင်းသူလေးတွေရော…. အဲဒီအတိုင်းပဲပေါ့လှဝိုင်းရာ ငါအခုပြောနေတာ အထက်လူကြီးတွေဆိုတဲ့သူတွေကို အပြစ်ပြောတာမဟုတ်ပါဘူး ၊ ဒါသူတို့အပြစ်မဟုတ်ဘူးဆိတာငါသိပါတယ် ။ သူတို့လက်အောက်က ငါတို့အထက်က လူတွေပေါ့ ။ဟို အထက်ဆုံးကသူက အဲဒိကို ၁၀နာရီရောက်မယ်လို့ပြောလိုက်ရင် သူ့အောက်ကသူက အင်း ၁၀နာရီရောက်မှာဆိုတော့ ပြင်ရဆင်ရပြုရနဲ့ဆိုရင် ၉ နာရီ လို့ပြောလိုက်မှဆိုပြိး ၉နာရီရောက်မယ်ပြောရော…ဒီလိုနဲ့သူ့အောက် သူ့အောက်ကလူကတဆင့် ငါတို့ဆရာတွေစီရောက်တော့…၇နာရီဖြစ်ကုန်ရော လှဝိုင်းရ ။ ဒါကြောင့်လည်း မြန်မာစောနေထွက်ဆိုတဲ့ ဆိုရိုးစကားပေါ်ပေါက်လာရတာပေါ့နော်။ အချိန်မတိကျတာဟာ ကိုယ့်အတွက်သာမဟုတ်ဘူး တခြားသူတွေပါထိခိုက်တတ် ပါလားနော် ……။


ဆိုကြပါစို့ နင်က နင့်ရည်းစားနဲ့ ဘယ်နှစ်နာရီဘယ်နှစ်နာရီမှာ ဘယ်ကိုအရောက်လာခဲ့ပါလို့ချိန်းတယ် ။ နင်ကအဲဒီကနေစောင့်နေတယ်။ နင့်ကောင်လေးက ရောက်မလာခဲ့ဘူး။ နင် လည်ပင်းတစ်ရှည်ရှည်နဲ့
စောင့်ရတော့မှာပေါ့ ။နင်ပင်ပန်းတော့မှာပေါ့နော် ။လူစင်စစ်ကနေ ကုလားအုတ်ဖြစ်မသွားတာကံကောင်း ။ နင်စိတ်ညစ်ရမှာပေါ့နော် ။
အင်းသမီးရည်းစားကိစ္စမှာတောင် အချိန်ကို အလေးထားဖို့တော်တော်လိုတယ်နော်။ တခြားကိစ္စတွေလည်းဒိလိုပါပဲ ။ ဒိထက်အဆပေါင်းများစွား အရေးကြီးတဲ့ကိစ္စတွေဆို ပိုလို့တောင် အချိန်တိကျ ရမှာမလွဲ ပဲလေ။ အစည်းအဝေးကိစ္စတို့ဆိုရင် လူအများနဲ့လုပ်ရတဲ့ကိစ္စမလား….အချိန်တိကျဖို့လိုတာပေါ့နော် ။
အင်း ယတြာချေဖို့ကိုကျတော့ ဘယ်နှစ်နာရီဘယ်နှစ်မိနစ် ဘုရားရဲ့ ဘယ်ထောင့်မှာ ဆိုရင် တစ်မိနစ်နောက်အကျမခံကြတဲ့ ငါတို့မြန်မာတွေ…..။
ါတို့မှာလေ ငါတို့မိဘတွေက အချိန်နဲ့ပတ်သက်လို့ ငါတို့ရဲ့စံပြတွေမဖြစ်ခဲ့ကြဘူး။ ငါတို့ကျောင်းရောက်တော့ရောဘာမှမထူးခြားခဲ့ပါဘူး ။အချိန်တိကျမူနဲ့ပတ်သက်လို့ စံပြပုဂိုလ် ခပ်ရှားရှားရယ်ပါ
ငါတို့တက္ကသိုလ်ရောက်တော့ ရော သိပ်မထူးပြန်ဘူး ။ အချိန်တိကျမှုနဲ့ ပတ်သက်လို့ ငါတို့အတုယူကြရမဲ့ဆရာသမား နည်းလှတယ် ။ ရှေ့ဆောင်တဲ့သူတွေသာ လမ်းမှန်ကမ်းမှန်သွားခဲ့ရင် ငါတို့လည်း လမ်းမှန်ကမ်းမှန်လိုက်ကြမှာပါ ။ ကိုင်း ငါတိုငယ်ငယ်တုန်းက အဲလိုစံပြတွေမရှိခဲ့ပေမဲ့ …ခုငါတို့တွေလူကြီးဖြစ်ကြရင် ငါတို့ဟာ ငါတို့ညီငယ်ညီမငယ် သားငယ်သမီးငယ်လေးတွေအတွက် စံပြနမူနာထားထိုက်တဲ့ သူတွေဖြစ်အောင်နေကြရမယ်လှဝိုင်းရေ….နော်.။ တစ်ဦးချင်းစီက ပြုပြင်သွားကြရင် တစ်ချိန်ချိန်မှာတော့………….။ တော်လိုက်အုံးမယ်လှဝိုင်းရေ နော်။ နောက်မှဆက်ရေးမယ် ။ကောင်းကောင်းနေနော် ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Categories

%d bloggers like this: