တောက် !
ပိန်ကပ်ကပ်ငါ့ဘဝ
ခုချိန်ထိ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျမကျနိုင်ဘူး
အပေါစားအပျော်အပါးတွေပေါတဲ့
တဏှာမဟာမြိုင်တောထဲမှာပဲ
တ၀ဲတည်းဝဲနေတော့မှာလား
ငါဘာတွေရယူကာ
ဘာတွေကိုပေးဆပ်ပြီးပီလဲ
အဖြေကားမရေရာ
ငါရောက်ချင်တာတစ်နေရာ
ငါလျှောက်နေတာ ဖီလာ
ဘာတွေလဲကွာ ငါ့ဘ၀ကိုငါ
လေထဲတောင် လွှင့်ပစ်ချင်လာပြီ ။
Leave a Reply