လှဝိုင်းရေ
တစ်လောကငါတို့Ward တစ်ခုအပြီးမှာ ဆရာကန်တော့ပွဲတစ်ခုကျင်းပဖြစ်တယ်။ ပါမောက္ခချုပ်ကိုယ်တိုင်တက်ရောက်
ချီးမြှင့်ပေးတယ်။ သူမြွတ်ကြွားတဲ့ သြ၀ါဒစကားထဲမှာ မှတ်သားသင့်တယ်ထင်တဲ့စကားလေးတစ်ခွန်းပါတယ်။ ဒါကြောင့် နင်လည်း
သိပါစေတော့ဆိုပြီး ငါ ဖောက်သည်ချလိုက်တယ်နော် ။
သူကပြောတယ်။ ငါတို့ သားသမီးလေးတွေ စာများများဖတ်ဖို့တော့လိုတယ်နော်။ စာဖတ်အားနည်းတဲ့အတွက် မဖြစ်သင့်တာ၊
မကြုံသင့်တာလေးတွေ ဖြစ်ရကြုံရတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ စာဖတ်အင်မတန်အားနည်းကြတယ် ။ စာကများတော့ (အင်းလောဘကြီးတာလည်းပါတာပေါ့)(မှတ်ချက်။ ဒါကငါ့အတွေး ဟီး) ကိုယ့်စာထဲမှာပဲ ခေါင်းနှစ်နေကြတော့ ပြင်ပဗဟုသုတရစေမဲ့
စာမျိုးမဖတ်ကြဘူး ။ ဒီ subject သာ ကိုယ့်ကမ္ဘာတစ်ခုလို့ထင်နေကြတယ် ။လုံးဝမှားတယ် ။
တလောကဖြစ်သွားတဲ့ ကိစ္စတစ်ခုဆိုရင် သိပ်ရှက်စရာကောင်းတယ်။သိက္ခာလည်းကျစရာကောင်းတယ်။ဒုတိယနှစ်ကျောင်းသူလေး
တစ်ယောက် ပဲ။ ခုချိန်ကinternet ခေတ်ဆိုတော့ သူများ net ရင် ကိုယ်လည်းလိုက် net ကျတယ်။ကလေးမလေးက chatting မှာ
တွေ့ရင်း online ပေါ်က လူတစ်ယောက်နဲ့ ခင်သွားတယ်။ခင်ရာကနေ ကြိုက်သွားတယ်ဆိုပါတော့။ သကောင့်သားက ရန်ကုန်က ။ ဘယ်မှာနေတယ်၊ဘာအလုပ်အကိုင်တွေလုပ်နေတဲ့သူ၊ ဘယ်company သူဌေး စသဖြင့်ပြောထားဖောထားဟန်တူပါရဲ့ …။
ကောင်မလေးကလည်းယုံလွယ်လိုက်တာ..။ တစ်နေ့ ကြတော့ရန်ကုန်ကိုလာခဲ့ဖို့ ခေါ်ပါရောတဲ့ ။အဲဒီညီမလေးကလည်း ဟို ငနဲအကြောင်း
ဘာမှ ဂဃနဏမသိပါဘဲနဲ့(အယုံလွယ်ပုံပြောပါတယ်) ရန်ကုန်ကို ကောက်ကောက်ပါအောင်လိုက်သွားတယ်တဲ့လှဝိုင်းရေ..။
( အပြန်ဖြောင့်ဖြောင့်မှ ပါလာပါ့မလားဆိုတာငါ့စာကိုဆက်ဖတ်ကြည့် ဟီး)။ အင်း သိတဲ့အတိုင်းပဲလေ ရန်ကုန်သူရန်ကုန်သား ဆိုတာက
အင်မတန်စကားပြောကောင်းဆိုပဲ ။(သူများပြောတာပြောကြည့်တာပါ)။ ဒိငနဲကတော့ အပြောတင်ကောင်းတာမဟုတ်ဘူး၊
အရွှီးလဲ ကောင်း၊ အဖြီးလည်းကောင်း၊ အလိမ်လည်းကောင်း အကုန်ကောင်း၊အကုန်ကောင်း (အကျင့်တစ်ခုသာမကောင်းတာ) ။ အင်းတစ်ခုပြောဖို့မေ့သွားတယ်နင်တို့ မိန်းကလေးတွေအကြိုက်ဖြစ်တဲ့..ရူပကာလည်းကောင်းဆိုပဲ ။
ကိုင်းလိုက်သွားပါပြီတဲ့ဗျာ ကျုပ်တို့ရဲ့ ညီမလေး ။
ဟိုေ၇ာက်တော့ သကောင့်သားက ကောင်းမလေးပါလာတဲ့ လက်ဝတ်ရတနာတွေကို ယူပြိးဖြောင်ထားလိုက်သတဲ့ ။
တော်တော်ပါသွားတယ်ပြောတာပဲ ။ဘယ်လိုဖြောင်လဲဆိုတာ ငါလည်းမသိတော့..လှဝိုင်းရေ …သီးခံဟ နော် ။
အင်းသူ့ အကောင်ဆိုတာက သူထင်ထားသလို (သူ့ကိုပြောပြထားသလို)ဘာလုပ်ငန်းမှ မယ်မယ်ရရရှိတဲ့ကောင်မဟုတ် ။ လူပေါ်ကြော့။ သူ့ အပြောမုန့်ဟင်းခါးသည်သားဆိုလား.။သူ့အဖေမုန့်ဟင်းခါးရောင်းတာတောင်လိုက်ကူမလုပ်ချင်တဲ့ ငါပျင်းတဲ့ ။
(မုန့်ဟင်းခါးသည် သားမို့လို့ ပြောတာမဟုတ်ဘူးနော်။ သူပြောတာနဲ့တကယ်လက်တွေ့က တခြားစီဆိုတာ ငါပြောချင်တာပါ)။
ဒိမန္တလေး ရောက်တော့ ကောင်မလေးမိဘတွေက အမှုဖွင့်တယ် ။အဲဒိမှာငါတို့ကျောင်းပါ လာပြဿနာတက်တယ် ။ ပါချုပ်လိုက်ရှင်းရတယ်။
ဘာလို့  အဲဒီလို လုပ်ချင်ရတာလဲလို့မေးတော့ အဲဒီကောင်ပြောတဲ့စကားအင်မတန် မှတ်သားစရာကောင်းတယ်။
ဝမ်းလည်း နည်းစရာကောင်းတယ် ။ ‘မိန်းကလေးတွေထဲမှာ ဆေးကျောင်းသူတွေကို လိမ်ရတာ အလွယ်ဆုံးပဲ’ တဲ့ ။
ကောင်းကြသေးရဲ့လား အရပ်ကတို့ ။
အင်းပြောလဲ ပြောချင်စရာပဲ လေ ။ ဆေးကျောင်းသူ ကလည်းဆေးကျောင်းသူကိုးဗျ ။ ဆေးကျောင်းတက်ရတာကိုပဲမာန်တွေတက် ၊ လမ်းလျှောက်ရင်တောင် မော့မော့မော့မော့ ။စကားပြောရင်လည်း (တစ်ချို့ ပြောပါတယ်) အပေါ်စီးလေသံနဲ့ ။ သူတို့ကိုသူတို့ အထင်တွေလွတ်ကြိးနေတာ ။ ကိုယ့်အန္တရာယ်ကိုယ်တောင်မမြင်ကြတော့တဲ့ထိပါပဲ လှဝိုင်းရာ ။
ပါချုပ်ကြီးကတော့ …အဲလိုဖြစ်ရတာဟာ စာဖတ်အားနည်းလို့ ၊ ပြင်ပဗဟုသုတနည်းလို့ ၊ စဉ်းစားဆင်ခြင်ဥာဏ်နည်းလို့ဖြစ်ရတာ ။
ဒါကြောင့်စာကိုမျာများဖတ်ကြပါ ။ ကိုယ့် subjects တင်မကပဲ ပြင်ပစာတွေကိုပါလက်လှမ်းမီသလောက်ဖတ်ကြဖို့ ပြောပြသွားတယ် ။
မူခင်းဂျာနယ်တွေဖတ်ထားဖူးရင်တောင် ခုလိုမျိုးဖြစ်မယ်မထင်ဘူးလို့လဲသူ့သားသမီးတွေကို မချိတင်ကဲပြောရှာတယ် ။
အင်းပါချုပ်ကြီးမသိတာငါပြောလိုက်အုံးမယ် …။ တစ်နေ့ ငါ American center (library)ကိုေ၇ာက်တယ် ။အဲဒီမှာ ထိုင်စာဖတ်နေတုန်း အစ်မနှစ်ယောက် နဲ့ စာကြည့်တိုက်မှာအလုပ်လုပ်တဲ့ သူတစ်ယောက်နဲ့ စကားပြောနေတာ ငါ အာရုံရောက်မိတယ် ။ ဟိုလူက စားပွဲပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံကို လက်ညှိုးထိုးပြပြီး အဲလူကိုသိလားလို့မေးတော့ ….မသိဘူးတဲ့ ။ အဲဒါဘယ်သူလဲတဲ့ ၊ တစ်ခါမှ မမြင်ဘူးပါဘူးတဲ့ ။ ဟင် သူကို တကယ်မသိဘူးလား။ အဲဒါက ငါတို့မြန်မာထဲက ကုလသမဂ္ဂအတွင်းရေးမှူး အင်မတန်ဂုဏ်ယူထိုက်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဦးသန့် ရဲ့ပုံလေ ၊ ခု လက်ရှိအတွင်းရေးမှူးချုပ်က ဘန်ကီမွန်းလေ ဆိုတော့ … ။ မျက်လုံးအ၀ိုင်းသားနဲ့ …ကုလသမဂ္ဂဆိုတာဘာကြီးလဲ ဟင်တဲ့ ဗျား ။ ငါ လေ ရှက်လွန်လွန်းလို့ ငါ့ဦးခေါင်းကို ဖက်လက်စ စာအုပ်ထဲ နှစ်ထားလိုက်မိတယ် ။ ဆေးကျောင်းသူဆိုတာ အဲလို ရာဇ၀င်နဲ့ဗျ ။ စာဘယ်လောက်ဖတ်လဲဆိုတာ အဲဒီမှာတင် လယ်ပြင်မှာ ကျွဲသွားသလို ကွဲပြားသွားတာပဲ ။ ( လယ်ပြင်မှာဆင်သွားသလို ထင်ရှားတယ်ဆိုတာ ရိုးနေလို့ပါ)။ လှ ၀ိုင်းဒီအကြောင်းတွေကို နင်ဘယ်သူ့ကို မှ ပြန်မပြောပြနဲ့နော် ငါ့ကို ကတိပေး ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရသလိုပဲ ။
ဒီလို န တဲ့သူတွေရှိတော့….ဒီလိုလူလိမ်တွေပေါလာရတာပေါ့ ဟာ ။
လူတွေကလည်း တော်တော်ခက်တယ်နော် လှဝိုင်း ။ လိမ်ရပတ်ရတာ အင်မတန် ၀ါသနာကြိးပုံရပါတယ် ။သူတစ်ပါးဒုက္ခရောက်မှ အူတက်အောင် ရယ်ချင်၊ပီတိဖြစ်ချင်ပုံရပါတယ် ။ သူများမလိမ်ရရင်တောင် ကိုယ့်ပေါင်ကို ပြန်လိမ်ရမှ စားဝင်ကြတယ်။ အခု လို ဆုတ်ယုတ်နေတဲ့ (စိတ်ပိုင်းဆိုင်ရာ)ခေတ် ကြီးမှာ လူလိမ်တွေ ပိုများလာသလားလို့ ။
ရန်ကုန်လိုမြို့ ကြီးက ပိုပြိးလူရှုပ်တယ်။ ရှုပ်တဲ့သူလည်း ပိုပေါတယ် ။ရန်ကုန်မှ မဟုတ်ပါဘူးလေ…မြို့ ကြီးရင်ကို အဲလိုပါဘဲဟီး။
(ဟိး ရန်ကုန်ကဟာတွေက မကြေနပ်လို့ စကားနဲ့ ပေါက်မှဖြင့် )။လူတွေတော်တော်များများကလည်း ဟိတ်ဟန်သိပ်ကြိးတာ ။ တောင်းမှာအကွပ်လူမှာအ၀တ်ဆိုတာ အဲဒီလိုနေရာမျိုးမှာ သွေးထွက်အောင်မှန်တယ်။အင်းလူတွေကများလွန်းတော့ အပေါ်ယံအမြင်ကိုကြည့်ပြီးခပ်သုတ်သုတ်ဆုံးဖြတ်ကြရတာလေ ။ ဟို …ကြုံတိုင်းမှာ စာေ၇းတဲ့ပုဆွဲမိဆိုတဲ့ ကောင်လေးတစ်ယောက် (ကောင်မလေးနဲ့တော့ တူတာပဲ) ရေးထားတဲ့အတိုင်းပဲ လူဆိုတာ ပထမအမြင်နဲ့ များသောအားဖြင့်သတ်မှတ်လိုက်ကြတာများတယ်လေ ။
ရန်ကုန်မှာ နှစ်အတော်ကြာ သတင်းသုံးဖူးတဲ့  ဦးဇင်းတစ်ပါးကတော့ငါ့ကိုပြောပြဖူးတယ်။ ရန်ကုန်သူရန်ကုန်သားတွေများ ဟိတ်ဟန်အင်မတန်ကောင်းတယ် ။ အ၀တ်အစား အပြင်အဆင်မှာ တော့ စံတွေပဲ။ဒီမန္တလေးကဟာတွေ ဘယ်မီလိမ့်မတုန်း ၊ ခြေဖျားတောင်မမှီဘူး မင့်နယ် ။ကူလီထမ်းတဲ့ကောင် ၊ ကျပန်းသမား၊ ဆိုက်ကားသမား က အိမ်မှာဆိုရင်တော့ စုတ်စုတ်ပြတ်ပြတ် ရယ် ။ အပြင်များထွက်ပြီဟေ့ဆိုရင် မှတ်တောင်မမှတ်မိဘူး ။မင်းသားအရှုံးပေးရတယ်မောင် ။ မသိရင်တော့ သူဌေးလိုလို ၊ ဘာလိုလိုရယ် ။အားကိုးချင်စဖွယ်ကြီး ။ကောင်မလေးတွေဆို ဟောတစ်ယောက်ဟောတစ်ယောက်တွဲတာ ။ မိန်းကလေးတော်တော်များများကလည်း ကြိုက်ကြသဗျာ။ သူ့အရပ်နဲ့သူ့ဇာတ်ကတော့ ကိုက်လို့ဗျ ။
ရန်ကုန်သူကလည်း ဘယ်လောက်များ အကြွားသန်သလဲဆို…ငါတစ်ခါက လိုင်းကားစီးပြီးဆွမ်းခံကြွတယ်။ လိုင်းကားပေါ်မှာ ဒကာမတစ်ယောက် …ခပ်ရွယ်ရွယ်ထဲကပဲ။ handphone နဲ့ စကားပြောနေတာ။ ဘာတဲ့ ”ကို ညီမခု taxi ပေါ်ကဆက်နေတာ၊ ခဏနေရင် ရောက်မယ် ကို ” တဲ့ ။ ငါ ရယ်ချင်တဲ့စိတ်ကို မနည်းထိမ်းထားရတယ် ။အင်းသူကတော့ ဘာမှ မဖြစ်သလိုပဲဗျ။ခပ်တည်တည်ပဲ ။ယိုသူမရှက်မြင်သူရှက် ဆိုတာဒါမျိုးပေါ့ ။ ထားပါတော့လေ ။အဲဒါတွေကတော့ ပြောမဆုံးပေါင်တောသုံးထောင် ပဲမို့ ။
ကိုင်းနားလိုက်အုံးမယ် လှဝိုင်းရေ…နောက်မှ ဆက်ရေးတော့မယ်နော် ။ ကောင်းကောင်းနေ နော် ။
စာဘာလို့ မဖတ်တာလည်းလို့ မေးရင် တော်တော်များများက နားမလည်လို့ မဖတ်တာတဲ့။ ကောင်းရောပဲ။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ အမဖတ်ဖူးတာလေး ပြောလိုက်ဦးမယ်ငါ့မောင်ရေ။
“စာအုပ်တစ်အုပ်ကို ဖတ်လို့ ချက်ခြင်းနားမလည်သေးရင် နားလည်အောင် မကြိုးစားသေးနဲ့တဲ့။ ခဏထားလိုက်ဦး။ နည်းနည်းကြာမှ ပြန်ဖတ်ကြည့်။ အဲဒါလည်း နားမလည်သေးရင် ခဏထားလိုက်ဦးတဲ့။ ကိုယ့်စိတ်ထဲက လိုအပ်မှုနဲ့ကိုက်လာရင် အဲဒီစာကို အလိုလိုနားလည်လာလိမ်မယ်”တဲ့။
ကဲ…စာဖတ်ပျင်းတဲ့သူတွေကတော့ ဒီစာကို ဘယ်ဖတ်ဖြစ်မလဲငါ့မောင်ရယ်။ အမတို့ပဲ ဖတ်၊ အမတို့ပဲ ဂရုဏာဒေါသထွက်ရတယ်။ သိပ်တော့ မကောင်းဘူး။
း)
အဲ…ရန်ကုန်သူတွေကြွားတယ်ဆိုတော့ ဟိုဆိုးရိုးလေးလည်း သတိရမိသား။
ဘာတဲ့
“ရန်ကုန်ဆို အကြွား၊ မန်းလေးဆို စကား၊ မော်လမြိုင်က အစား”တဲ့။
အမတို့များကျတော့ အဲဒီအခါ သုံးပါး လွတ်သဟေ့။
း)
By: thetsonehnin on September 30, 2010
at 4:35 am