လွတ်လပ်စွာပျံသန်းနေရှာတဲ့ စိတ်လိပ်ပြာလေး
လှောင်အိမ်သေးသေးထဲမှာ အကျဉ်းချခံလိုက်ရသလို
ချုပ်နှောင်ခံရ သူတို့ဘ၀၊ ငါ့ဘဝ
သနားကြင်နာစိတ်၊
ချစ်စိတ်
ပျော်ချင်တဲ့စိတ်၊ ပျော်စေချင်တဲ့စိတ် တွေက
လောင်နေတဲ့မီးအတွက် လောင်စာတွေဖြစ်ကုန်ကြ
နွံထဲမှာနစ် ရုန်းထွက်ဖို့လည်းမဖြစ်
ဆက်၍ ဆက်၍ ဆက်၍ သာနစ်
သူတို့တွေရဲ့အဖြစ် ငါတို့တွေရဲ့အဖြစ်
အို….ကျွတ်ကျွတ်ကျွတ် ။
ကြိုးအားလုံးထက်မာတဲ့ တဏှာကြိုးနဲ့ ဆွဲထားခံရ…
ဆွဲထားခံကြ
တစ်ချို့က လွတ်မြောက်နိုင်ကြ
တစ်ချို့က လွတ်အောင်လုပ်နေကြ
တစ်ချို့ကဆွဲထားခံရမှန်းတောင် မသိရှာကြ
တစ်ချို့ တစ်ချို့တွေက…… ကိုယ်ကို ဖမ်းချုပ်မဲ့ကြိုးကိုတောင်
ဝမ်းသာအားရ လိုက်ရှာနေကြ
ဂုဏ်ယူနေကြ ။ ။
Leave a Reply