ငါဘယ်သူလဲ….?
ငါ…လမ်းမလျောက် နိုင်တဲ့ သက်ရှိ
သစ်ပင်ငယ်ငယ်
ရိုးရိုးသစ်ပင် ..မဟုတ်
”အချစ်သစ်ပင်”
ထိလွယ် ခိုက်လွယ် ညိုးနွမ်းလွယ်တယ်
နူးညံ့မှုကို ငါ တွယ် တာတယ်
ပြုစုယုယမှု ကို ငါ မြတ်နိုးတယ်
ငါ အသက်ဆက်ဖို့……..
ရေလိုတယ် ..မြေသြဇာလိုတယ်
ရေပြတ်…နေ ပြတ် …မြေ လပ်တဲ့တစ် နေ့
ငါ သစ်ပင်ငယ်…သေရမယ်။ ။
( လူတွေတော်တော်များဟာ …..အချစ်သစ်ပင်ကို စိုက်ပျိုးတတ်ကျပေမဲ့ ရှင်သန်အောင် ကြီးထွားအောင်မြင် အောင် ပျိုးထောင်ဖို့ကြတော့ မေ့လျော့ ပေါ့ဆ နေတတ်ကြတယ် နော်…..။ ။ သူဟာသစ်ပင်လေ…ရေလောင်းပေးဖို့ အစာကျွှေးဖို့တော့ လိုတာပေါ့ )
အထိအခိုက်မခံဘူး။
အပွန်းအပဲ့လည်း မခံဘူး။
သက်တမ်းစေ့ရှင်သန်ဖို့ကလည်း အတော်ခက်တဲံသစ်ပင်လေ။
By: thetsonehnin on September 10, 2010
at 9:41 am