Posted by: zawmyohtet123 | September 10, 2010

ကဗျာထဲမှ တချို့ မြန်မာများ



ကျောင်းတက်စဉ်ခါ…..
ကျုပ်မှာလေ ခြူးတစ်ပြားပိုမရှိ
အများသိပါ၏။ ။

ငတ်တစ်ခါ ပြတ်တစ်လှည့် မို့
နပ်မှန်အောင်သာ ဆက်နေရတယ်
ပတ်တစ်ခါ ၀က်ပါဖို့ အရေး
စိတ်နဲ့ တောင် တွေးရဲ ပါဘူး
သြော် ထူး လိုက်တဲ့ဖြစ်အင်…..
ဟစ်တိုင်တွင်တက်၍ သာ ဟစ်ချင်တော့တယ် ။ ။

သည်အတွင်း…
ဦးထုပ်ဗလာကျင်းနဲ့ မြို့ တွင်းကိုဝင်မိတယ်
ဝတ်ရုံဖြူ မောင်သူဖုန်းတို့
လက်ပြကာတား
နှီဦးထုပ်မဆောင်းမိလို့ (တဲ့)
ပေးလေဟဲ့ တစ်သောင်း
မရမချင်း လည်ပင်းညှစ်တောင်းတော့တာပဲ ။ ။

ဒီအကျိုးဆက် နောင် ကျုပ်ကြောက်သမို့
ကောင်းကောင်းစားချင်စိတ် ကျုပ်ဖျောက်လို့
နှစ်ထောင်တန် ဦးထုပ်ဖိုးကို
ကုန်းရုန်းကာ စု ။ ။

တစ်နေ့ …………………….
ကြုံတိုင်းရွာ အလည်သွားချင်လာတာ နဲ့
NET ဆိုင်ကို ၀င်ထိုင်မိပါတယ်
တအောင့်ကြာပြန် အထွက်…….
ဆိုင်ကယ်မှာ ညှပ်ခဲ့တဲ့ ကျုပ်ဦးထုပ်
ဘယ် မအေရိုး ခွေးသူခိုး အမျိုးယုတ်တို့
ဆွဲသုတ်လို့ ချီပြေးလေသည်မသိ
ကျုပ်ကြည့်တော့ မရှိပြီ ။။

ခံရသူ ကျုပ်အဖြစ်မှာလ
ဂျိုးနာကို မိုးမိလိုက်သလိုမို့
စုတ်ကိုသာတွင်တွင်သပ်ရတယ်
ဆိုးချက်ကကဲ။ ။

ရုံးချက်ကယ်နာ
အပြုံးမပျက်ပါ အားတင်းသော်လည်း
(ဟင်း ) အဆုံးသတ်မတော့
ခွက်စောင်းခုတ် သူတောင်းစားအမျိုးယုတ်တွေကိုပဲ
(စိတ်ထဲက) လှိမ့် ၍ လှိမ့် ၍ သာဆဲ။ ။

မှတ်ချက် ။ ။(လွယ်ရင်လေ သူကြွယ်တောင် စိတ်မချ ရဘူး။
ကံဆိုးခြင်းသည် တစ်ဦးတည်းမလာ…သူငယ်ချင်းတွေပါ ခေါ င်္ခေါ င်္လာတတ်သည်။
ဦးထုပ်ကို ချီသူမှာ ပလက်စတစ်ကောက် အတန်းအစားထဲမှ ဟုတ်ဟန်မတူ
ဆိုင်ကယ်စီးနိုင်သည့် အဆင့်အတန်းရှိသူဖြစ်ရချိမ့်မည် ။
မြန်မာပြည်တွင် သူတို့ တွေတောင်သည်လို ဖြစ်နေကြလျှင်………။
ပြီး ဦးထုပ်မှာ 2000 သာတန်သည် ။သစ်
၍သာသုတ်ရချင်းဖြစ်မည် ။
ဒါကို ကြည့်လျှင်….တန်ဖိုးရှိရှိမရှိရှိ …သစ်လျှင်သုတ်တတ်သော သူတို့အကျင့်
တနည်း ..ပိုးရှိသည် မရှိသည် မသိ….အပြင်ပန်းအားဖြင့် သစ်သည်ထင် ချစ်ချင်ကြကုန် သော လူ့ စိတ်သဘောသည်လည်း…သည်နည်းနှင်နှင်ပင် ဖြစ်ရချိမ့်မည် တမုံ့ ။ ။)


Responses

  1. ဘယ်နှယ့်…ဆိုင်ကယ်စီးတဲ့သူက ဦးထုပ်အခိုးခံရတယ်လို့
    လူကို မ မသွားတာပဲ ကံကောင်းတယ်မှတ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Categories

%d bloggers like this: